Monday, January 4, 2010

ကလေးအတွေး

Motorboat

ကလေးအတွေး


ရန်ကုန်မြို့ တော်ကြီးကလဲ မိုးတွင်းရောက်လို့  မိုးစရွာရုံပဲ ရှိသေးတယ်...

မိုးလေး နဲနဲသဲတာနဲ့  လမ်းပေါ်မှာရေတွေလျှံတက်တော့တာပဲ...


ရေတွေက လမ်းပေါ်မှာ ကားဘီးမြုပ်တဲ့အထိ တက်လာတဲ့အတွက် လမ်းပေါ်မှာ ကားတွေထိုးရပ်သွားပြီး ဆက်မသွားနိုင်တာတွေလဲ ရှိကြတယ်...


ဒီတော့ ကားတွေကလဲ ဆက်ဖြတ်လို့ မရဘူးထင်ရင် ပြန်ကွေ့ မောင်းပြီး ကိုယ်သွားလိုရာခရီးအတွက် ရေမလျှံဘူးထင်တဲ့ နေရာတွေကို ကွေ့ ပတ်မောင်းပြီး ရှာရတယ်...


လမ်းတိုင်းကလဲ ရေလျှံနေတော့ ပြန်ကွေ့ ၊ ပြန်မောင်းနဲ့  မိနစ်ပိုင်းနဲ့ ရောက်ရမဲ့ နေရာကို နာရီများစွာ ကြာပြီးမှ ရောက်ရတော့တာ...

လွမ်းရဲ့တူလေးက ဒီနှစ်မှ ကျောင်းစတက်တာလေ...


အကိုတို့ ကလဲ သားတော်မောင်ကို နံမည်ကြီးကျောင်းမှ ထားချင်တယ်...

ဒီတော့ နေတဲ့နေရာနဲ့ ကျောင်းက လှမ်းတယ်လေ...

တူလေးကလဲ ကျောင်းတက်စ ကျောင်းကိုအရမ်းသွားချင်တာ...

တစ်ရက်က ကျောင်းတက်ချိန် မနက်ပိုင်း မိုးတွေရွာနေတာ... သဲသဲမဲမဲ ဆက်တိုက်ရွာနေတာလေ...

ဒီတော့ လမ်းပေါ်မှာရေတွေကို လျှံတက်နေတာပေါ့...


ကျောင်းကို ရောက်ဖို့  ကားကိုကွေ့ ပတ်မောင်းပြီး နောက်ကျမှ ကျောင်းရောက်သွားတယ်လေ...


ကျောင်းကပြန်လာတော့ တူလေးက သူ့ အဖေကို ပူဆာတာ လွမ်းတို့  ကြားတော့ရီရတယ်...


ဖေဖေ သားသားကျောင်းသွားဖို့  မော်တော်ဘုတ်ဝယ်ပေးဗျာ...



လွမ်း

၁၄-၀၆-၀၉

နံနက် ၅း၂၅

No comments: