Monday, January 4, 2010

ဆူးမဲ့ ရင်ဖွင့်


ဆူးမဲ့ ရင်ဖွင့်



...တည်ငြိမ်နေတဲ့…


…အထီးကျန်ဘဝထဲကို…


…အလိမ်အညာစကားတွေနဲ့…


…လာဝင်တိုးရက်တယ်…



ဆူးမဲ့အဖြူရောင် ပန်းတစ်ပွင့်မို့


…ပြောသမျှတွေကို…


…ရစ်မူးနေမိခဲ့…


…ခုတော့…


…သိခဲ့…


နင့်ကိုချစ်မိတဲ့…မိန်းမတွေအားလုံး


နင့်ရှေ့မှာ…ကြေကွဲနေတာကို


…ဟားတိုက် ရယ်မောတတ်တဲ့…


…ဘီလူး…



ရူးအောင်…ချစ်မိခဲ့ပါစေ


…အတွေးထဲမှာ…


…ရင်ထဲမှာ…


…ဘယ်နေရာမှာမှ…


…မြူတစ်မှုန် မကျန်အောင်…


…နှလုံးသားကို…


…ဆေးကြောလို့…



…သိစေချင်တယ်…



နင်ဆိုတာ…ငါ့ချစ်သူ


…ဖြစ်ခဲ့ဖူးတယ်ဆိုတာ…



…ငါ…


…အမုန်းဆုံး…


…အိပ်မက်…


No comments: