Monday, January 4, 2010

အွန်လိုင်းဇာတ်လမ်းလေးတစ်ပုဒ်

 

အွန်လိုင်းဇာတ်လမ်းလေးတစ်ပုဒ်


ဒီတစ်ခါ ကျနော် အွန်လိုင်းဇာတ်လမ်းလေးတစ်ပုဒ် ပြောပြမယ်…


ကျနော်က Hi5 သုံးတာများတယ်… Open လုပ်ထားတဲ့ Member တွေရဲ့ Page ကို လျှောက်ကြည့် တဲ့အခါ ချစ်စရာကောင်းတဲ့ နာမည်လေးနဲ့ ချာတိတ်လေးကို သွားတွေ့တယ်… သားသားတဲ့…

ကျနော် သားသား Page မှာ Comment တွေ သွားပို့တယ်…

ကျနော်က ခဏ၊ ခဏ သွားပို့တော့ သူ့ Homepage မှာ ကျနော့် Comment တွေချည်းပဲ ဖြစ်လာတယ်…

ဒီတော့ သားသား ကျနော့်ကို သတိထားမိသွားတယ်…


သားသားက ကျနော့် gmail address ကိုတောင်းတယ်…


ကျနော်ကလည်း တောင်းတာနဲ့ ပေးလိုက်တာပေါ့နော်…

သူနဲ့ ကျနော် Chatting လုပ်တော့ သူက အရမ်းချွဲတာဗျ…


ကျနော့်ကို သူက မမ လို့ခေါ်တယ်…

သူ့ကိုတော့ သူ့ Page မှာ တင်ထားတဲ့ နာမည်အတိုင်း သားသားလို့ပဲ ကျနော်က ခေါ်တယ်…

အချိန်တွေကြာလာတော့ သားသားက “မမကို သားသားချစ်တယ်… သားသားကိုလည်း ချစ်တယ်မဟုတ်လား” လို့လာမေးတယ်…

ကျနော် အံ့ဩသွားတယ်… တိုတောင်းတဲ့ကာလလေးအတွင်းမှာ သားသား ဒီလိုပြောမယ်လို့ ထင်မထားတာ…

သားသားက ချောတာပဲ… သားသားချစ်တဲ့ ကောင်မလေး မရှိဘူးလား” လို့ ကျနော်မေးတော့…
 
အင်း… သားသားမှာ သားသားချစ်တဲ့ ကောင်မလေးတစ်ယောက် ရှိတယ်” တဲ့…
 

ဟင်… အဲတာကို မမကို အဲလိုလာပြောရလား” ဆိုတော့

ကောင်မလေးရှိတာနဲ့ မမကို မချစ်ရဘူးလား” တဲ့…

ကျနော် ဘာပြန်ပြောရမှန်းကို မသိဘူးဖြစ်သွားတာ…

ကောင်မလေးရှိတဲ့သူက ချစ်တယ်လို့ လာပြောတာ ဆန်းနေတာပေါ့…

အွန်လိုင်းသူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်… အွန်လိုင်းမှာ ကောင်လေးနဲ့ ကောင်မလေး စကားပြောတာ ကြာလာရင် စိတ်ခံစားချက် ဖြစ်ပေါ်လာမှာပဲတဲ့… အဲဒါကို အချစ်လို့ ခေါ်သင့်လား လို့ ပြောတာ…

မှန်တယ်… သားသားနဲ့ စကားပြောနေရင် သားသား ချွဲပြောတဲ့စကားတွေပေါ်မှာ သာယာနေမိတာဖြစ်မယ်…

သားသားကို ရှင်းရှင်းမေးမှဖြစ်တော့မယ်ဆိုပြီး…”သားသား မမကို ဘာလို့ချစ်တယ်လို့ ပြောရတာလဲ… တကယ်ချစ်တာရော ဟုတ်ရဲ့လား” လို့ မေးတော့….

မမကို သားသားက တကယ်ချစ်တာပေါ့ဗျ… မမကလေ ကျနော့်မေမေနဲ့ အရမ်းတူတာ… မမနဲ့ စကားပြောရင် မေမေနဲ့ စကားပြောရတဲ့အတိုင်းပဲ…သားသားပျော်တယ်… သားသားပြန်လာရင် မမဆီ သားသားကောင်မလေးနဲ့ အတူတူလာမယ်နော်…” တဲ့
 
ကဲ… ကောင်းကြရော…

သားသားက ကျနော့်ကို သူ့မေမေတစ်ယောက်လို ချွဲပြီး ချစ်တယ်လို့ ပြောတာဗျ…
 
ကဲ… ဒီတစ်ခါရော လွမ်းကို ဘာပြောအုန်းမလဲ?



လွမ်း
၂၉-၀၆-၀၉

နံနက် ၁:၁၈ နာရီ

1 comment:

Unknown said...

ဟက် ဟက် ဟက်......တကယ်ရီရတယ်။ကိုယ်လိုရာပဲတွေးတာကို မှတ်ကရော။ဟက် ဟက်ဟက်