Saturday, February 2, 2013

လူငယ်များ အချိန်ကို တန်ဖိုးထားနိုင်ပါစေ

လူငယ်များ အချိန်ကို တန်ဖိုးထားနိုင်ပါစေ


လွမ်း...စာမရေးဖြစ်တာ ကြာပါပြီ။

ကုမ္ပဏီအလုပ်က နေ့ စဉ် အဖွဲ့ အစည်းတစ်ခုသို့  သွားရောက်နေရသဖြင့် တနေကုန်ပင်ပန်းကာ အိမ်ပြန်ရောက်တာနဲ့  ခေတ္တအပန်းဖြေရင်း အိပ်ပျော်သွားသည်က များပါသည်။

ဒီတစ်ခါတော့ လူငယ်မောင်မယ်များအတွက် သိသင့်သည်များကို ရေးချင်ပါသည်။

အပြင်သို့  သွားလာနေရသဖြင့် ပြင်ပလောကတွင် လှုပ်ရှားရုန်းကန်နေကြသော လူငယ်များနှင့် ဆုံတွေ့ ရပါသည်။

လူငယ်များသည် မိမိဝမ်းစာရေးအတွက် ဘ၀မှာ ပုံစံအမျိုးမျိုးဖြင့် လှုပ်ရှားရုန်းကန်နေကြပါသည်။

မိမိတို့ ရဲ့ ကြိုးစားမှုပေါ်မူတည်၍ ဘ၀သည်လည်း ပြောင်းလဲသွားမှာ အမှန်ပါ။

လွမ်းပတ်ဝန်းကျင်မှ မိန်းခလေးတစ်ဦးကို စံပြုပြီး ရေးပါမည်။

Thursday, January 24, 2013

ဘာကြောင့်လဲ

ဘာကြောင့်လဲ

လွမ်း...တနင်္ဂနွေနေ့ (၂၀-၁-၂၀၁၃) ရက်နေ့ က မရောက်တာကြာလို့  ဒဂုံမြို့ သစ်မြောက်ပိုင်းက အိမ်ကို သွားပြီး ခြံထဲရှင်းလင်း၊ အခန်းတွင်း ဖုံများတက်နေတာကို သန့် ရှင်းရေးလုပ်ပါတယ်။

ညနေ ပြန်လာတော့ ကားရှေ့ ညာဖက်တာယာက လေနည်းနေတာကို တွေ့ ရတဲ့အတွက် ဒဂုံမြို့ သစ်အိမ်လမ်းထိပ်က လေထိုးဆိုင်မှာ ၀င်ပြီး လေထိုးလိုက်ပါတယ်။

မနက်ပိုင်း ရုံးသွားဖို့  ကားဂိုဒေါင်မှ ကားထုတ်တဲ့အခါ ကားရှေ့ ညာဖက်တာယာက လေတော်တော် နည်းနေတာကို တွေ့ ရပြန်ပါတယ်။ 

အနီးဆုံး ဆိုင်မှာပဲ ဘီးတာယာသွားဖာဖို့  ဖြည်းဖြည်းချင်းမောင်းသွားပါတယ်။

ကားလေထိုးဆိုင်မှာ လူငယ်လေးတစ်ယောက်ကပဲ ဘီးကိုဖြုတ်ပြီး လေထိုးပါတယ်။

Sunday, January 6, 2013

နေပြည်တော်သို့  ခရီးတစ်ခေါက်

နေပြည်တော်သို့  ခရီးတစ်ခေါက်

နှစ်ကူးအစ (၀၁-၀၁-၂၀၁၃) ရက်နေ့ က အလုပ်ကိစ္စနဲ့  နေပြည်တော်ကို သွားရမယ်လို့  မန်နေဂျင်းဒါရိုက်တာ စီစဉ်မှုဖြင့် နေပြည်တော်သို့  ခရီးတစ်ခေါက်ရောက်ခဲ့ပြန်ပါတယ်။

လမ်းခရီးတ၀က် ၁၁၅-မိုင်က စားနေကျ Feel Express မှာပဲ ညနေစာ ထမင်းစားကြပါတယ်။

ထူးခြားလာတာကတော့ နေပြည်တော်အ၀င်မှာ Toll Gate အသစ်တစ်ခု ထပ်မံပြုလုပ်ထားပြီး မြို့ ဝင်ခအတွက် ကျပ်ငွေတစ်ထောင် ထပ်မံကောက်ခံတာပါပဲ။

လမ်းမတစ်ချို့ မှာ ကွန်ကရစ်လမ်းပေါ်မှာ ကတ္တရာလမ်း ခင်းနေတာကို တွေ့ မြင်ရပါတယ်။

တည်းနေကျ Mount Pleasant Hotel မှာ သွားရောက်တည်းခဲ့ပါတယ်။ 

ဒီတစ်ခါတော့ Reception နဲ့  နီးတဲ့ သီးခြားအဆောင်လေးတွေမှာပဲ တည်းဖြစ်ပါတယ်။

လွမ်းနေခဲ့တဲ့ အခန်းပြင်ဆင်ထားပုံလေးကို ဓါတ်ပုံမှတ်တမ်းတင်ခဲ့ပါတယ်။


Monday, December 31, 2012

သူငယ်ချင်းများနှင့် တွေ့ ဆုံပွဲ

သူငယ်ချင်းများနှင့် တွေ့ ဆုံပွဲ


(၃၀-၁၂-၂၀၁၂) ရက်နေ့  မနက်ပိုင်းက လွမ်းတို့  အင်ဂျင်နီယာကျောင်းသားကျောင်းသူများက ဆရာကြီးများကို ပူဇော်ကန်တော့တဲ့ အခမ်းအနားကို စက်မှုတက္ကသိုလ်ကျောင်းဝင်းထဲမှာပဲ ကျင်းပခဲ့ပါတယ်။

လွမ်းက မနက်ပိုင်းမှာ မတက်ရောက်နိုင်ခဲ့ပါဘူး။

ညနေဖက် အင်ဂျင်နီယာကျောင်းသား ကျောင်းသူများတွေ့ ဆုံပွဲ၊ ညစာစားပွဲကို ဓမ္မစေတီလမ်းမှာ ရှိတဲ့ Convention Center မှာ ကျင်းပပြုလုပ်ပါတယ်။

လွမ်းနဲ့  Same Batch သူငယ်ချင်းက လက်မှတ်ဝယ်ပေးထားတဲ့အတွက် သူငယ်ချင်းလာခေါ်တဲ့ကားနဲ့ ပဲ ညစာစားပွဲကို သွားဖြစ်ခဲ့ပါတယ်။

Tuesday, December 25, 2012

ပြည်ပခရီးစဉ် သွားရောက်ခြင်း

ပြည်ပခရီးစဉ် သွားရောက်ခြင်း

လွမ်းတို့ ကုမ္ပဏီနှင့် ဆက်စပ်နေသော ထိုင်းနိုင်ငံမှ ကုမ္ပဏီက နှစ်ပတ်လည်ပွဲ ဖိတ်ကြားတဲ့အတွက် ၂၀-ရက်နေ့  မနက်က ဘန်ကောက်သို့  ဒုတိယအကြိမ်မြောက် ခရီးထွက်ဖြစ်ခဲ့ပါတယ်။

ထိုင်းကုမ္ပဏီက စီစဉ်ပေးတဲ့အတွက် ဒီတစ်ခေါက် Soi 15 မှာရှိတဲ့ Manhattan Hotel မှာ တည်းကြပါတယ်။

လွမ်းတို့ တည်းတဲ့ Hotel လေးပါ။


ဒါကတော့ လွမ်းတို့  တည်းတဲ့အခန်းပြင်ဆင်ထားပုံပါ။







စာရေးစားပွဲနဲ့  TV, ရေခဲသေတ္တာ၊ ရေနွေးတည်ရန်တို့ ကို ပေးထားပါတယ်။

Friday, December 14, 2012

ကားမောင်းသူအချင်းချင်း ကိုယ်ချင်းစာဖို့ တော့လိုပြီ

ကားမောင်းသူအချင်းချင်း ကိုယ်ချင်းစာဖို့ တော့လိုပြီ

ရန်ကုန်မြို့ မှာ Car Show Room တွေ အများအပြားဖွင့်လှစ်လာသလို လမ်းပေါ်မှာလည်း ပုံစံမျိုးစုံ၊ Brand မျိုးစုံကားများကြောင့် သွားလေရာ ယာဉ်ကြောပိတ်ဆို့ နေတာနဲ့  ခုတလော ကားမောင်းရင်း ဒေါသဖြစ်နေမိပါတယ်။

အရင်တုန်းကဆိုရင် ရုံးနဲ့  အိမ်ကို မိနစ်-၃၀ ကြာမောင်းတာနဲ့  ရောက်တတ်တာမို့  ရုံးချိန်မှီအောင် တွက်ပြီး အိမ်ကထွက်လို့  ရပါတယ်။

ခုများမှာတော့ အိမ်ကနေ တစ်နာရီကြိုထွက်တာတောင် ယာဉ်ကြောပိတ်တာနဲ့  ဆုံရင် ရုံးချိန်မှီအောင် မရောက်နိုင်တော့ပါဘူး။

လမ်းစည်းကမ်းချိုးဖောက်ပြီး မောင်းနေတဲ့ကားများကြောင့် ယာဉ်ကြောပိတ်ဆို့ မှုတွေ ဖြစ်နေတာကို နိုင်ငံတော်က စီမံချက်ချ ဆောင်ရွက်သင့်ပါတယ်။

အများဆုံးစည်းကမ်းချိုးဖောက်သူများက Taxi မောင်းသူများနှင့် Bus ကားမောင်းသူများပါ။

Saturday, December 1, 2012

Flash Song တွင် Play/Stop Button ထည့်ခြင်း

 Flash Song တွင် Play/Stop Button ထည့်ခြင်း
အမေးအဖြေကဏ္ဍ အပိုင်း(၂)


ခုတစ်ခါ မေးခွန်းမေးသူကတော့ MM Flash Songs Member တစ်ယောက်ဖြစ်တဲ့ မလေးရှားက အောင်လေး(လွမ်းနေသူ) ဖြစ်ပါတယ်…


အခုလိုမသိတာတွေ မေးခွင့်ရတာကို ကျေးဇူးပါ

အခုလိုမေးသမျှကို သိသလောက်ဖြေမယ်ဆိုတော့ အရမ်းလဲဝမ်းသာမိတယ်

ကျနော်သိချင်တာက play/stop button ထည့်နည်းပါ

သီချင်းလုတ်နေစဉ် ဆော့်ဝဲထဲမှာတော့ play/stop button ကအလုတ်လုတ်တယ်

သီချင်းပီးသွားလို့ လိုင်းပေါ်တင် ကျလာတဲ့လင့်ကို ပြန်ဖွင့်လိုက်ရင် အဲ့ button က အလုတ်မလုတ်တော့ဘူး
ကျနော် အဲ့အရာကို အရမ်းသိချင်နေတာပါ ။

သိသမျှကို အခုလို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါ၏.....။



ဒီတစ်ခါ Play/Stop Button ထည့်နည်းကို ရေးပါမယ်။

လွမ်းက Flash Song တစ်ခုလုပ်ပြီးတိုင်း Play/Stop Button ကို မထည့်ပဲ Swf File အနေနဲ့  သိမ်းပါတယ်။ 

မိမိစာမျက်နှာကို ဖွင့်လိုက်တာနဲ့  လွမ်း Flash Song သီချင်းသံလေးကို ကြားချင်လို့ ပါ။

နောက်မှ Play/Stop Button ထည့်ပြီး Swf File တစ်ခု ထပ်သိမ်းပါတယ်။

သူငယ်ချင်းတွေကို ဝေမျှတဲ့အခါ (ဒါမှ မဟုတ်) Flash Song တွေ စုပေါင်းတင်တဲ့အခါ Play/Stop Button ပါတဲ့ Flash Song Link ကိုပဲ သုံးပါတယ်။

အဆင်သင့် ပြုလုပ်ထားတဲ့ Play/Stop Button Swi File လေးကို သူငယ်ချင်းတို့ ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အောက်မှာ ပေးထားတဲ့ Play/Stop Button ကို Click ပြုလုပ်ပြီး သိမ်းထားပါ။