Saturday, December 1, 2012

Flash Song တွင် Play/Stop Button ထည့်ခြင်း

 Flash Song တွင် Play/Stop Button ထည့်ခြင်း
အမေးအဖြေကဏ္ဍ အပိုင်း(၂)


ခုတစ်ခါ မေးခွန်းမေးသူကတော့ MM Flash Songs Member တစ်ယောက်ဖြစ်တဲ့ မလေးရှားက အောင်လေး(လွမ်းနေသူ) ဖြစ်ပါတယ်…


အခုလိုမသိတာတွေ မေးခွင့်ရတာကို ကျေးဇူးပါ

အခုလိုမေးသမျှကို သိသလောက်ဖြေမယ်ဆိုတော့ အရမ်းလဲဝမ်းသာမိတယ်

ကျနော်သိချင်တာက play/stop button ထည့်နည်းပါ

သီချင်းလုတ်နေစဉ် ဆော့်ဝဲထဲမှာတော့ play/stop button ကအလုတ်လုတ်တယ်

သီချင်းပီးသွားလို့ လိုင်းပေါ်တင် ကျလာတဲ့လင့်ကို ပြန်ဖွင့်လိုက်ရင် အဲ့ button က အလုတ်မလုတ်တော့ဘူး
ကျနော် အဲ့အရာကို အရမ်းသိချင်နေတာပါ ။

သိသမျှကို အခုလို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါ၏.....။



ဒီတစ်ခါ Play/Stop Button ထည့်နည်းကို ရေးပါမယ်။

လွမ်းက Flash Song တစ်ခုလုပ်ပြီးတိုင်း Play/Stop Button ကို မထည့်ပဲ Swf File အနေနဲ့  သိမ်းပါတယ်။ 

မိမိစာမျက်နှာကို ဖွင့်လိုက်တာနဲ့  လွမ်း Flash Song သီချင်းသံလေးကို ကြားချင်လို့ ပါ။

နောက်မှ Play/Stop Button ထည့်ပြီး Swf File တစ်ခု ထပ်သိမ်းပါတယ်။

သူငယ်ချင်းတွေကို ဝေမျှတဲ့အခါ (ဒါမှ မဟုတ်) Flash Song တွေ စုပေါင်းတင်တဲ့အခါ Play/Stop Button ပါတဲ့ Flash Song Link ကိုပဲ သုံးပါတယ်။

အဆင်သင့် ပြုလုပ်ထားတဲ့ Play/Stop Button Swi File လေးကို သူငယ်ချင်းတို့ ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အောက်မှာ ပေးထားတဲ့ Play/Stop Button ကို Click ပြုလုပ်ပြီး သိမ်းထားပါ။



Play/Stop Button ထည့်နည်းကတော့-

၁။ မိမိ Flash Song အားလုံးလုပ်ပြီးသွားတဲ့အခါ File>>>Open နဲ့  Download လုပ်ထားတဲ့ Swi File လေးကို ဖွင့်လိုက်ပါ။

ပုံတွင်ပြထားတဲ့အတိုင်း videoControls ကို Select ပြုလုပ်ထားပါ။




၂။ ပုံမှာပြထားတဲ့အတိုင်း Button ပေါ်လာတဲ့အခါ Button ရဲ့ အလယ်နားလောက်ကို Mouse Pointer နဲ့  ထောက်လိုက်တဲ့အခါ 4 Headed Arrow ( အပေါင်းမျှားပုံ) ပေါ်လာရင် Mouse Right Click ပြုလုပ်လိုက်ပါ။

Copy Object ဆိုတာကို ရွေးပါမယ်။




၃။ မိမိပြုလုပ်ထားတဲ့ Flash Song ကို ဖွင့်လိုက်ပါမယ်။ မိမိ Play/Stop Button ထည့်လိုသောနေရာမှာ Mouse Pointer ထောက်ပြီး Right Click ပြုလုပ်လိုက်ပါမယ်။


ပုံတွင်မြင်ရတဲ့အတိုင်း Paste Here ဆိုတာကို Click ပြုလုပ်လိုက်ပါမယ်။




အဲဒီ့အခါ အောက်ပါပုံလေးအတိုင်း Dialog Box ပေါ်လာပါလိမ့်မယ်။ OK ကို Click ပြုလုပ်လိုက်ပါ။



၎။ ဒါဆိုရင် ပုံတွင်မြင်ရတဲ့အတိုင်း Play/Stop Button ထည့်ပြီး ဖြစ်နေပါလိမ့်မယ်။

Play/Stop Button ပေါ်မှာ 4 Headed Arrow (အပေါင်းမျှား) ပေါ်အောင်လုပ်ပြီး Mouse ကို Drag ဆွဲပြီး မိမိ ထားချင်သောနေရာမှာ ရွှေ့ ထားလို့  ရပါသေးတယ်။



အထက်ပါနည်းအတိုင်း အဆင့်ဆင့်ထည့်သွားမယ်ဆိုရင် Play/Stop Button က အလုပ်လုပ်နေမှာပါ။

သူငယ်ချင်းများအားလုံး Flash Song လုပ်ရင်း စိတ်ချမ်းမြေ့ပျော်ရွှင်ပါစေ။






လွမ်းဧကရီ
၃၀-၁၁-၂၀၁၂
နေ့ လည် ၂း၀၀ နာရီ
 


2 comments:

mckaunglay said...

မမလွမ်းရေ.. Play & Stop ကို မမလွမ်းပြောသလို တစ်ဆင့်ချင်း လုပ်ဆောင်ပီး... လင့်ထုတ်လိုက်ချိန်မှာ... အင်တာနက်ပေါ်တင်တော့.
အော်တိုကို သူ့ ပာာသူပွင့်နေတယ်ခင်ဗျ... ဘယ်လိုဖြစ်တာလဲမသိဘူး မမလွမ်းရေ ကူညီပါအုံးခင်ဗျာ

♫♡☆♡ သူ့ အချစ် ♡☆♡♫

♡☆♡ ဆို / ရန်နိုင် ♡☆♡

http://api.ning.com/files/FrtLkZX6p3WOHMe6g4L-RoMw9WkUNSfliEuHuU-RFBSp0pt6d2tFA6gbxf1fGSKNWfoC7XC04AEt8GRMFhaxuLdq18mx6jC2/thuachit.swf

♡☆♡ အလွမ်းဆွေးသမားလေး ♡☆♡

လွမ်းဧကရီ said...

Paste Option Dialog Box ပေါ်မှ Play/Stop Button က အလုပ်လုပ်မှာပါ။