Saturday, February 2, 2013

လူငယ်များ အချိန်ကို တန်ဖိုးထားနိုင်ပါစေ

လူငယ်များ အချိန်ကို တန်ဖိုးထားနိုင်ပါစေ


လွမ်း...စာမရေးဖြစ်တာ ကြာပါပြီ။

ကုမ္ပဏီအလုပ်က နေ့ စဉ် အဖွဲ့ အစည်းတစ်ခုသို့  သွားရောက်နေရသဖြင့် တနေကုန်ပင်ပန်းကာ အိမ်ပြန်ရောက်တာနဲ့  ခေတ္တအပန်းဖြေရင်း အိပ်ပျော်သွားသည်က များပါသည်။

ဒီတစ်ခါတော့ လူငယ်မောင်မယ်များအတွက် သိသင့်သည်များကို ရေးချင်ပါသည်။

အပြင်သို့  သွားလာနေရသဖြင့် ပြင်ပလောကတွင် လှုပ်ရှားရုန်းကန်နေကြသော လူငယ်များနှင့် ဆုံတွေ့ ရပါသည်။

လူငယ်များသည် မိမိဝမ်းစာရေးအတွက် ဘ၀မှာ ပုံစံအမျိုးမျိုးဖြင့် လှုပ်ရှားရုန်းကန်နေကြပါသည်။

မိမိတို့ ရဲ့ ကြိုးစားမှုပေါ်မူတည်၍ ဘ၀သည်လည်း ပြောင်းလဲသွားမှာ အမှန်ပါ။

လွမ်းပတ်ဝန်းကျင်မှ မိန်းခလေးတစ်ဦးကို စံပြုပြီး ရေးပါမည်။

နှင်းနှင်းသည် ဓာတုဗေဒဘွဲ့ ရသူတစ်ဦးပါ။

ဘွဲ့ ရပြီးတာနဲ့  ကွန်ပျူတာသင်တန်းတစ်ခုမှာ Microsoft Office တက်ရောက်သင်ကြားပါသည်။

ယင်းပညာဖြင့် ကုမ္ပဏီတစ်ခု၏ Computer Training Center တစ်ခုမှာ သာမန်အကူဆရာတစ်ယောက်အနေနဲ့  ၀င်ရောက် အလုပ်လုပ်ကိုင်ပါသည်။

လစာ စရစဉ်က တစ်လ သုံးသောင်းပါ။

နှင်းနှင်းသည် နေ့ စဉ် အလုပ်ကို အချိန်မှန်လာရောက်ခြင်း၊ တာဝန်ကျေပွန်မှုတို့ ကြောင့် ကုမ္ပဏီဒါရိုက်တာက IT Section တွင် ပြောင်းလဲ အလုပ်ခန့် ပါသည်။

နှင်းနှင်းသည် Website Development ပညာရပ်ကို ရုံးချိန်ပြင်ပတွင် တက်ရောက်သင်ကြားပါသည်။

Website Development ပညာရသောအခါ အလုပ်တွင် Programmer အဖြစ်ပြောင်းလဲအလုပ်ခန့် ပါသည်။

ကုမ္ပဏီဒါရိုက်တာက Java Programme ကို အလုပ်လုပ်ရင်း သင်ကြားပေးပါသည်။

ကုမ္ပဏီက အစိုးရအဖွဲ့ အစည်းတစ်ခုတွင် Project တစ်ခုကို ရလိုက်သဖြင့် နှင်းနှင်းကို Project တွင် ၀င်ရောက်လုပ်ကိုင်စေပါသည်။

ခုတော့လည်း Programmer တစ်ယောက်အနေဖြင့် ကုမ္ပဏီ၏ အရေးပါသူတစ်ဦး ဖြစ်နေပါပြီ။

လစာမှာလည်း သုံးသိန်းရနေပါပြီ။

ကုမ္ပဏီမှ အင်ဂျင်နီယာတစ်ဦးနဲ့ လည်း ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ထားပါသည်။

လွမ်း ရေးပြချင်သည့် အဓိက အကြောင်းမှာ လူငယ်များသည် မိမိတို့ လှုပ်ရှားနေရသော ပတ်ဝန်းကျင်တွင် မိမိဘ၀တိုးတက်ရေးအတွက် စဉ်းစားသင့်ပါသည်။

တစ်ချို့ သော လူငယ်များသည် မိမိဘ၀တိုးတက်ရေးအတွက် မစဉ်းစားပဲ ရောက်ရှိနေသောဘ၀တွင်သာ အချိန်ကုန်နေသည်ကို မြင်တွေ့ နေရပါသည်။

မိမိလုပ်ရပ်ပေါ်မူတည်ပြီး နေထိုင်မှုဘ၀ပုံစံလည်း ပြောင်းလဲသွားမည်မှာ အမှန်ပါ။

SuperMarket တွင် အလုပ်လုပ်ပြီး အလုပ်ချိန်အပြန် ချစ်သူနဲ့  လက်တွဲလမ်းလျှောက်ပြန်လာသူနဲ့  အလုပ်ချိန်ပြင်ပတွင် မိမိဘ၀အတွက် တိုးတက်အောင် သင်တန်းအမျိုးမျိုးတက် ကြိုးစားနေသူနဲ့  တစ်ချိန်မှာတော့ ဘ၀တွေ ကွာခြားသွားမှာပါ။

လူငယ်များသည် အချိန်ကို တန်ဖိုးထားပြီး မိမိဘ၀တိုးတက်ရေးအတွက် ကြိုးစားစေချင်ပါသည်။

နောင်အခါလည်း လွမ်းပတ်ဝန်းကျင်မှ တိုးတက်ပြောင်းလဲသွားသော လူငယ်မောင်မယ်များအကြောင်း ရေးသားသွားပါမယ်။

လူ့ ပတ်ဝန်းကျင်တွင် မိမိဘ၀အတွက် ကြိုးစားနေသော လူငယ်များကို ဂုဏ်ပြုရေးသားလိုက်ရပါတယ်။

လူငယ်များ အချိန်ကို တန်ဖိုးထားနိုင်ပါစေ။





လွမ်းဧကရီ
၂-၂-၂၀၁၃
နံနက် ၇း၀၀ နာရီ 





No comments: