Tuesday, December 25, 2012

ပြည်ပခရီးစဉ် သွားရောက်ခြင်း

ပြည်ပခရီးစဉ် သွားရောက်ခြင်း

လွမ်းတို့ ကုမ္ပဏီနှင့် ဆက်စပ်နေသော ထိုင်းနိုင်ငံမှ ကုမ္ပဏီက နှစ်ပတ်လည်ပွဲ ဖိတ်ကြားတဲ့အတွက် ၂၀-ရက်နေ့  မနက်က ဘန်ကောက်သို့  ဒုတိယအကြိမ်မြောက် ခရီးထွက်ဖြစ်ခဲ့ပါတယ်။

ထိုင်းကုမ္ပဏီက စီစဉ်ပေးတဲ့အတွက် ဒီတစ်ခေါက် Soi 15 မှာရှိတဲ့ Manhattan Hotel မှာ တည်းကြပါတယ်။

လွမ်းတို့ တည်းတဲ့ Hotel လေးပါ။


ဒါကတော့ လွမ်းတို့  တည်းတဲ့အခန်းပြင်ဆင်ထားပုံပါ။







စာရေးစားပွဲနဲ့  TV, ရေခဲသေတ္တာ၊ ရေနွေးတည်ရန်တို့ ကို ပေးထားပါတယ်။

ရေချိုးခန်းမှာ Bath Tub ပေးထားပါတယ်။ ရေပူရေအေး နှစ်မျိုးလုံးရပါတယ်။

ဖုံးလာရင် ပြောနိုင်အောင် နံရံမှာ ဖုံးတပ်ဆင်ပေးထားပါတယ်။
Basin မှာတော့ တခြား Hotel တွေလိုပဲ Hair Dryer ပေးထားပါတယ်။


လွမ်းတို့  Hotel က မြို့ လယ်မှာရှိတဲ့အတွက် Robinson, Terminal 21 တို့ နဲ့  နီးပါတယ်။

Terminal 21 Food Court မှာပဲ လွမ်းတို့ တွေ နေ့ လည်စာ စားကြပါတယ်။

ကုမ္ပဏီနှစ်ပတ်လည်ပွဲက ၂၁-ရက်နေ့  ညဖြစ်တဲ့အတွက် လွမ်းတို့ တွေ ဈေးဝယ်ဖို့  အချိန်ရပါတယ်။

Christmas ပွဲတော်နဲ့  နီးတဲ့အတွက် Departmental Store ရှေ့ တိုင်းမှာ Christmas Tree တွေ ပြုလုပ်ထားပါတယ်။

Sale တွေကိုလည်း 50% Discount ချတဲ့အတွက် Bangkok ကို ဈေးဝယ်လာသော Foreigner တွေ များပြားတာကို မြင်တွေ့ ရပါတယ်။

Shopping Mall တွေမှာ အလှဆင်ထားတာတွေကို ဓါတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။




ဒီနေ့ က Christmas ပွဲတော်နေ့ ဖြစ်တဲ့အတွက် လွမ်းရိုက်ခဲ့တဲ့ Christmas Tree လေးတွေကို တင်ပေးလိုက်ပါတယ်။






လွမ်းချစ်ခဲ့ရတဲ့ Christian ချစ်သူလေးကိုလည်း သတိရနေမိပါတယ်။

ချစ်သူလေးလည်း Christmas ပွဲတော်မှာ ပျော်ရွှင်စွာ ဆင်နွှဲပြီး စိတ်ချမ်းမြေ့ပျော်ရွှင်ပါစေလို့  လွမ်းဆုတောင်းပေးပါတယ်။



လွမ်းဧကရီ
၂၅-၁၂-၂၀၁၂
နံနက် ၇း၀၇ နာရီ







No comments: