Thursday, January 24, 2013

ဘာကြောင့်လဲ

ဘာကြောင့်လဲ

လွမ်း...တနင်္ဂနွေနေ့ (၂၀-၁-၂၀၁၃) ရက်နေ့ က မရောက်တာကြာလို့  ဒဂုံမြို့ သစ်မြောက်ပိုင်းက အိမ်ကို သွားပြီး ခြံထဲရှင်းလင်း၊ အခန်းတွင်း ဖုံများတက်နေတာကို သန့် ရှင်းရေးလုပ်ပါတယ်။

ညနေ ပြန်လာတော့ ကားရှေ့ ညာဖက်တာယာက လေနည်းနေတာကို တွေ့ ရတဲ့အတွက် ဒဂုံမြို့ သစ်အိမ်လမ်းထိပ်က လေထိုးဆိုင်မှာ ၀င်ပြီး လေထိုးလိုက်ပါတယ်။

မနက်ပိုင်း ရုံးသွားဖို့  ကားဂိုဒေါင်မှ ကားထုတ်တဲ့အခါ ကားရှေ့ ညာဖက်တာယာက လေတော်တော် နည်းနေတာကို တွေ့ ရပြန်ပါတယ်။ 

အနီးဆုံး ဆိုင်မှာပဲ ဘီးတာယာသွားဖာဖို့  ဖြည်းဖြည်းချင်းမောင်းသွားပါတယ်။

ကားလေထိုးဆိုင်မှာ လူငယ်လေးတစ်ယောက်ကပဲ ဘီးကိုဖြုတ်ပြီး လေထိုးပါတယ်။

နောက် ရေစည်ပိုင်းပြတ်ထဲမှာ ဘီးကို စိမ်ပြီး ဘယ်နေရာမှာ ပေါက်နေတယ်ဆိုတာ စစ်ဆေးပါတယ်။

ဒီအခါ လူငယ်က ဘီးက Alloy Wheel နားကပ်ပြီး ပေါက်လို့  ထားခဲ့ရမယ် လို့  ပြောပါတယ်။

လွမ်းက ပြန်စိမ်ပြပါလို့  ပြောတော့ ပြန်စိမ်ကြည့်တဲ့အခါ တာယာမှာပဲ ပေါက်နေတာကို တွေ့ ရပါတယ်။

ဒီတော့မှ ပေါက်သွားတဲ့နေရာကို ဖာပေးပါတယ်။

လွမ်းက သေချာ ဖာပေးပါလို့  ပြောတော့ စိတ်ချစေချင်ရင် တာယာကို ပေါင်းပြန်တင်ပါ လို့  ပြောပြန်ပါတယ်။

ဘီးကို အပေါက်စစ်ဖို့  တာယာမှာ လေတင်းအောင်ထိုးထားတဲ့အတွက် ပြန်စစ်တဲ့အခါ လွမ်းက ၃၀-ပဲ ထားပါလို့  ပြောပါတယ်။ 

ဒီတော့ လူငယ်က ၃၀-အတိပဲလို့  ပြောပြီး ကားဘီးကို ပြန်တပ်ပေးပါတယ်။

လွမ်းလည်း ကားကို မောင်းလာပြီး မသင်္ကာတာနဲ့  ရုံးအသွား လမ်းမှာရှိတဲ့ လေထိုးဆိုင် မှာ လေပြန်စစ်ကြည့်ပါတယ်။

ဖာထားတဲ့ဘီးတာယာက ပေါင်ချိန် ၅၀-ထိ ထိုးထားတာကို စစ်ဆေးတွေ့ ရှိရပါတယ်။

ဘာကြောင့် ဒီလိုလုပ်ပေးလိုက်မှန်း လွမ်း နားမလည်ပါ။

မိန်းခလေးမောင်းတဲ့ကားမို့  ဒီလိုတွေ လုပ်တာလား။

ဘာကြောင့် လိမ်ညာပြီး ကားဘီးအပ်ခဲ့ဖို့  ပြောဆိုရပါသလဲ။

လေကို ဘာကြောင့် တင်းစွာထိုးပေးလိုက်ပါသလဲ။ တိုင်းသောကရိယာက မမှန်လို့ လား။

အမျိုးမျိုးသော အတွေးများဖြင့် စိတ်ရှုပ်ထွေးသွားတာတော့ အမှန်ပါ။

ဘာကြောင့်လဲ။ 


လွမ်းဧကရီ
၂၄-၀၁-၂၀၁၃
ည ၉း၁၅ နာရီ


No comments: