Sunday, January 6, 2013

နေပြည်တော်သို့  ခရီးတစ်ခေါက်

နေပြည်တော်သို့  ခရီးတစ်ခေါက်

နှစ်ကူးအစ (၀၁-၀၁-၂၀၁၃) ရက်နေ့ က အလုပ်ကိစ္စနဲ့  နေပြည်တော်ကို သွားရမယ်လို့  မန်နေဂျင်းဒါရိုက်တာ စီစဉ်မှုဖြင့် နေပြည်တော်သို့  ခရီးတစ်ခေါက်ရောက်ခဲ့ပြန်ပါတယ်။

လမ်းခရီးတ၀က် ၁၁၅-မိုင်က စားနေကျ Feel Express မှာပဲ ညနေစာ ထမင်းစားကြပါတယ်။

ထူးခြားလာတာကတော့ နေပြည်တော်အ၀င်မှာ Toll Gate အသစ်တစ်ခု ထပ်မံပြုလုပ်ထားပြီး မြို့ ဝင်ခအတွက် ကျပ်ငွေတစ်ထောင် ထပ်မံကောက်ခံတာပါပဲ။

လမ်းမတစ်ချို့ မှာ ကွန်ကရစ်လမ်းပေါ်မှာ ကတ္တရာလမ်း ခင်းနေတာကို တွေ့ မြင်ရပါတယ်။

တည်းနေကျ Mount Pleasant Hotel မှာ သွားရောက်တည်းခဲ့ပါတယ်။ 

ဒီတစ်ခါတော့ Reception နဲ့  နီးတဲ့ သီးခြားအဆောင်လေးတွေမှာပဲ တည်းဖြစ်ပါတယ်။

လွမ်းနေခဲ့တဲ့ အခန်းပြင်ဆင်ထားပုံလေးကို ဓါတ်ပုံမှတ်တမ်းတင်ခဲ့ပါတယ်။







နိုင်ငံခြားမှာ တည်းခဲ့တဲ့အခန်းနဲ့  နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လွမ်းတို့  မြန်မာနိုင်ငံက Hotel တွေက ပိုကျယ်ဝန်းပြီး သီးခြားအဆောင်လေးများနဲ့  နံနက်ခင်းနဲ့  ညနေခင်းများမှာ အပြင်ရှုခင်းတွေကို ကြည့်ရှုခံစားနိုင်ပါတယ်။



Mount Pleasant Hotel က တောင်ပေါ်မှာ ရှိတဲ့အတွက် နံနက်ခင်းမှာ မြူတွေဆိုင်းနေတာကို ထိုင်ကြည့်ရတာ လွမ်းမောစရာတစ်ခုပါ။



ဒီတစ်ခေါက် Hotel မှာ Group လိုက် လာရောက်တည်းခိုကြတဲ့အတွက် Breakfast အချိန်မှာ လူအတော်များများ တွေ့ မြင်ရပါတယ်။

Breakfast က ဒီတစ်ခေါက် ပုံသေဖြစ်နေတာကို တွေ့ ရပါတယ်။

ခေါက်ဆွဲကျော်(သို့ မဟုတ်)ကြာဇံကျော်၊ ပဲနဲ့  ထမင်းကျော်၊ ကြက်ဥ Half Fry၊ အသားကင်၊ ကြက်ဥချောင်း၊ မုန့် ဟင်းခါး၊ ပေါင်မုန့် ကြက်ဥကျော် နဲ့  ဖျော်ရည်၊ ကော်ဖီတို့ ပဲ ဖြစ်ပါတယ်။

ဇန်န၀ါရီလ (၄)ရက်နေ့  လွတ်လပ်ရေးနေ့  မနက်အစောကြီး ၄-နာရီမှာ ရန်ကုန်ကို ပြန်လာပါတယ်။

ယခင်က နေပြည်တော်သွားပြီး ပြန်လာရင် ညနေမှ ပြန်လာတာများပါတယ်။

မနက်ပိုင်း မြူတွေဆိုင်းနေတဲ့အတွက် ကားမောင်းရတာ နဲနဲ မြင်ကွင်းဝါးနေတာကို တွေ့ မြင်ရပါတယ်။

မြူတွေဆိုင်းနေရင် မီးကြီးဖွင့်မောင်းရင် ပိုခက်ခဲကြောင်း ကားမောင်းသူက ပြောပြပါတယ်။

နံနက်ခင်း နေရောင် ထွက်လာတာကို ကားထဲကနေပဲ ဓါတ်ပုံလှမ်းရိုက်ဖြစ်လိုက်ပါသေးတယ်။



ခရီးသွားမှတ်တမ်းလေးများကို ရေးဖြစ်တာ များလို့  ဖတ်ရသူများ ငြီးငွေ့ လောက်ပြီ ထင်ပါရဲ့။ :P

တကယ်တော့ နှလုံးသားဒဏ်ရာလေးကို မေ့ထားပြီး အလုပ်ကို စိတ်ထဲနှစ်မြှုပ်ထားနေမိတာပါ။

ဒဏ်ရာအနာကျက်အောင်တော့ ကုစားနေဆဲပါပဲ။



လွမ်းဧကရီ
၀၆-၀၁-၂၀၁၃
ည ၉း၃၀ နာရီ









No comments: