Monday, February 17, 2014

အလွမ်းစာမျက်နှာ - ၄

ကိုကိုရေ…


 

ဒီစာလေးဟာ ကိုကို့အတွက် လွမ်း နောက်ဆုံးရေးလိုက်တဲ့စာလေးပါပဲ…


လွမ်း…ဒီစာလေးကို ငိုပြီး ရေးနေတာကိုကို…


ကိုကို့ဆီက ချော့တဲ့စာလေးရရင် လွမ်း ကိုကို့ရင်ခွင်ထဲ ပြန်လာခဲ့မယ် လို့ လွမ်း ပြောခဲ့ပါတယ်…


လွမ်း…ကိုကို့ဆီက ချော့တဲ့စာ မရခင်ကလေးမှာပဲ လွမ်းကို အားလုံးက ဝိုင်းပြောကြတယ် ကိုကို…


လွမ်း ခံစားချက်လေးတွေကို အများသိအောင် ရေးနေတာ အပြစ်တစ်ခုတဲ့လေ…


လွမ်း ဆုံးဖြတ်ချက်ချလိုက်ပါပြီ ကိုကို…


လွမ်း…ကိုကိုနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မရေးတော့ပါဘူး လို့ ကတိပေးပါတယ်…


ကိုကို့ရင်ခွင်ခဲကိုလည်း လွမ်း ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါပြီ ကိုကို…


ကိုကို လွမ်းကို ချော့ထားတဲ့စာလေးကိုတော့ နောက်ဆုံးအနေနဲ့ ရေးပြမယ်နော်…

“လွမ်း…သို့”

သစ်မစိမ်းခင်

မချိုးပါနဲ့…လွမ်းရယ်

                                                                        

လေမတိုးခင်

ပုန်းရက်သူ



…ဒီလမ်းမှာ…အမြဲ…

အရိပ်လို တကောက်ကောက်

ခုတော့….တစ်ယောက်တည်း

မိုးမသောက်တော့

…ည…



…ရင်…



…အား…



…ငယ်…



ပစ်ထားတာ မဟုတ်ဘူး

…ဘဝဝဲကြားက…

လှေကားပျောက် မြစ်ငယ်



ကလောင်ထီးကလေးနဲ့ တစ်မိုးအောက်

အတူတူတွဲလျှောက်ခဲ့ လက်နှစ်ဖက်

ပြန်စဉ်းစား

ဘယ်မုန်တိုင်းက ခွဲလို့ ရခဲ့လဲ?



ဖြူဖြူစင်စင် နို့ဗူးကလေးရဲ့

သဒ္ဓါချိုပို ကော်ဖီနွေးနွေး မနက်တွေ

အေးစက်ကုန်ပြီလား?



…မတွေးရက်တော့…

ရွှေမင်းသမီးမဲ့

အနုပညာမမြောက်တဲ့ ရင်တွင်းဖြစ်

အဆွေးပင်များနဲ့ ဇာတ်သိမ်းခန်း



...ဇာတ်ဆရာရေ…

အဆုံးမသတ်နဲ့



သံယောဇဉ် မိုးစက်များကြား

လက်ကမ်းရင်း ကြိုဆိုဆဲ



…ပြေးထွက်ရက်သူရေ…



ဒီတံတားဖျက်ဖို့

ကိုယ့်ကဗျာတွေ သေသွားမှ



…နှုတ်…



…ဆက်…



…ပါ…


ကိုကို အဲ့ဒီကဗျာလေးကို လွမ်းဆီ ပို့ပေးတုန်းက ထည့်လိုက်တဲ့ပုံရဲ့ နာမည်က lonely Tree တဲ့…


ခုတော့ အဲ့ဒီသစ်ပင်အဓိပ္ပါယ်လေးလိုပဲ လွမ်း အထီးကျန်တစ်ယောက်တည်းပါပဲ…


ကိုကို့ကဗျာတွေ မသေဆုံးခင်မှာပဲ လွမ်းကို နှုတ်ဆက်ခွင့်ပြုပါတော့ ကိုကို…


ကိုကို့ကို အဝေးကနေပဲ လွမ်းနေပါရစေတော့…


ထားခဲ့ဖူးတဲ့ သံယောဇဉ်ကိုတော့ လွမ်းဘဝမှာ အမှတ်တရနဲ့ ရှိနေမှာပါ ကိုကို…


လွမ်း ဒီစာလေးကို ရင်နဲ့အမျှ ခံစားပြီး ရေးလိုက်တာပါ…


နောင်ဘဝဆိုတာ ရှိသေးတယ်ဆိုရင်တော့ ကိုကိုနဲ့ ဆုံချင်ပါသေးတယ်…


လွမ်း…ကိုကို့ဆီလာရင် အရမ်းဂရုစိုက်တတ်တဲ့ ကိုကို့ကို လွမ်း…လွမ်းနေမှာပါ…


တစ်ချိန်တုန်းက သံယောဇဉ်ဖြစ်ခဲ့ဖူးတာလေးကို အမှတ်ရနေပေးပါနော်…



တစ်ချိန်က

ကိုကို့ရဲ့ လွမ်းလေး





လွမ်းဧကရီ