Wednesday, February 5, 2014

ပြည်ပခရီးစဉ် အပိုင်း(၁)

ပြည်ပခရီးစဉ်


အပိုင်း(၁)


ခရီးသွားပြီးတိုင်း မိမိခရီးသွားမှတ်တမ်းလေးကို အမှတ်တရ ပြန်ရေးလေ့ရှိတဲ့ လွမ်းထုံးစံအတိုင်း ပြည်ပခရီးစဉ်လေးကို စတင်ရေးသားလိုက်ပါတယ်။


(၁၁-၁-၂၀၁၄)ရက်နေ့က Singapore ကို Singapore Airline နဲ့ ခရီးထွက်ခဲ့ပါတယ်။




Singapore Airline က လေယာဉ်ပိုကြီးပြီး မိမိရှေ့က ထိုင်ခုံနောက်မှာ TV Screen တစ်ခုစီ တပ်ဆင် ထားပါတယ်။






လွမ်းက ထုံးစံအတိုင်း Window Seat ကို တောင်းပြီး လေယာဉ်မှန်ကနေ အပြင်ကို ကြည့်ပြီး အတွေးများစွာ တွေးပြီး လိုက်ပါသွားပါတယ်။



Singapore Airline က နောက်မှီခေါင်းအုံးနဲ့ စောင်ကို ပေးထားပါတယ်။

TV Program တွေကိုလည်း စာအုပ်ဖြင့် ပေးထားတဲ့အတွက် မိမိကြည့်လိုသော ဇာတ်ကား၊ သီချင်းတွေကို ကြည့်ရင်း၊ နားထောင်ရင်း လိုက်ပါနိုင်ပါတယ်။


လေယာဉ်ပေါ်တက်တာနဲ့ မိမိဖတ်လိုသော သတင်းစာကို ယူသွားနိုင်ရန် စီစဉ်ပေးထားပါတယ်။


လေယာဉ်ထွက်ချိန် လိုက်နာရမဲ့စည်းကမ်းတွေကို TV Screen က ပြပါတယ်။


နောက် ရေနွေးစိမ်ထားသော ပုဝါလေးများကို ခရီးသည်တိုင်းကို လိုက်ပေးပါတယ်။


မနက်စာ လိုက်ပို့ပါတယ်။



ဒီလိုနဲ့ပဲ Singapore Changi Airport ကို ရောက်ခဲ့ပါတယ်။



Immigration ရှိရာကို သွားပြီး Passport ပြပါတယ်။ တစ်လနေခွင့် စာရွက်လေး ထုတ်ပေး လိုက်ပါတယ်။


မိမိ Luggage တွေကို သွားရွေးပါတယ်။


အပြင်ရောက်တော့ လာကြိုတဲ့ညီမလေးတွေ မရောက်သေးတာနဲ့ စောင့်လိုက်ရပါတယ်။


လွမ်းပစ္စည်းများတဲ့အတွက် Taxi ကို Van ပုံစံကားကို ငှားလိုကြောင်းပြောပြီး ခဏစောင့်ရပါတယ်။


တည်းမဲ့အိမ်ရောက်တာနဲ့ ပစ္စည်းတွေချပြီး အပြင်ပြန်ထွက်ကြပါတယ်။


လွမ်း မရောက်တာကြာတော့ ဒီအတောအတွင်း Shopping Mall အသစ်ဖွင့်တာကို သွားကြပါတယ်။



Jam နဲ့ Westgate ကိုပါ။



 


ရေခဲပြင်လျှောစီးဖို့ လုပ်ထားတဲ့နေရာလေးကို ရောက်ခဲ့ပါတယ်။





လွမ်းတို့လည်း ညနေစာကို Jam မှာပဲ စားလိုက်ပါတယ်။



လွမ်းတို့ အိမ်ပြန်ရောက်တော့ တော်တော်မိုးချုပ်နေပါပြီ။


မျက်နှာသစ်၊ အိပ်ရာပေါ် လှဲလိုက်တာနဲ့ အိပ်ပျော်သွားပါတယ်။


ရန်ကုန်မှာဆို လွမ်း အိပ်ရင် ခဏခဏ နိုးတတ်ပါတယ်။


Singapore ရောက်တာနဲ့ အိပ်လိုက်ရင် တစ်ရေးပါပဲ။ မနက်မှပဲ နိုးပါတယ်။



ဒီအပိုင်း(၁)ကတော့ Singapore စရောက်တဲ့နေ့တစ်နေ့ ကုန်ဆုံးသွားတာကို ရေးထားတာပါ။





လွမ်းဧကရီ
၅-၂-၂၀၁၄

ညနေ ၃:၂၅ နာရီ






No comments: