Monday, March 31, 2014

စုပေါင်းရှင်ပြုအလှူမင်္ဂလာတော်

စုပေါင်းရှင်ပြုအလှူမင်္ဂလာတော်

မနေ့က (၃၀-၃-၂၀၁၄) ရက်နေ့က စုပေါင်းရဟန်းခံရှင်ပြုပွဲကို ဖိတ်တဲ့အတွက် ဖောင်ကြီးမှာရှိတဲ့ ရာဘာခြံထဲက အလှူမင်္ဂလာကို သွားရောက်ခဲ့ပါတယ်။


Project လုပ်ငန်းမှာ နေ့စဉ်ဆောင်ရွက်နေရတဲ့အတွက် ပင်ပန်းနေတဲ့စိတ်ကို ခဏတာ အပန်းဖြေနိုင်စေရန် သိပ်မကွာဝေးတဲ့ ဖောင်ကြီးကို ဒုတိယအကြိမ်မြောက် ရောက်ခဲ့ပါတယ်။


ရာဘာခြံမြေပြန့်နေရာမှာ မဏ္ဍပ်ဆောက်ထားပြီး ရွာဓလေ့အတိုင်း တီးဝိုင်းဖြင့် ကြီးမားသော စပီကာများ အသုံးပြုပြီး သီဆိုဖျော်ဖြေသံက ဆူညံစွာ တစ်ယောက်တစ်ပေါက် ပြောဆိုသံတွေကို ဖုံးလွှမ်းထားပါတယ်။


မောင်ရှင်လောင်းများကို လူများရဲ့ ပုခုံးထက်မှာတင်ပြီး မဏ္ဍပ်ကို ရောက်လာတာကို ကျနော် တောင်ကုန်းပေါ်က ဆင်းလာရင်း အပင်များကြားမှ ယခုလိုပဲ မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။



မောင်ရှင်လောင်းများ မဏ္ဍပ်သို့ ဝင်ရောက်လာစဉ်နှင့် ရှမ်းအိုးစည်ဝိုင်းမှာ ဖျော်ဖြေနေကြပုံများပါ။






မောင်ရှင်လောင်းများနှင့် ကိုရင်ဝတ်ပြီးချိန်အထိ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ပင့်သံဃာ ၃-ပါး၊ ရဟန်း ၂၁-ပါး၊ ကိုရင် ၆၁-ပါး စုစုပေါင်း  ၈၅-ပါး ဖြစ်ပါတယ်။








သိမ်ဆင်းလောင်းလှူရန်အတွက် လှူဒါန်းသောပစ္စည်းများ အဆင့်ဆင့် ပြင်ဆင်ထားပုံ ဖြစ်ပါတယ်။




သိမ်ဆင်းကြွရောက်လာသော သံဃာတော်များနှင့် လှူဒါန်းနေသော ပုံများဖြစ်ပါတယ်။






အလှူမှ ငှားထားသော “ရွှေကိန္ဒရီ” တီးဝိုင်းမှ ဖျော်ဖြေနေပုံ ဖြစ်ပါတယ်။



ကျနော်တို့ သွားခဲ့သောလမ်းကလေးနှင့် ပတ်ဝန်းကျင် တောင်ကုန်းများမှာ သစ်ပင်များ စိုက်ပျိုးထားပုံကိုလည်း ကားပေါ်မှ လှမ်းရိုက်ဖြစ်ပါတယ်။



မနက်အစောကြီး ၆-နာရီမှာ ရန်ကုန်က ထွက်ပြီး နေ့လည် ၃-နာရီမှ အိမ်ပြန်ရောက်ပါတယ်။


မနက်ရောက်ရောက်ချင်း မုန့်ဟင်းခါးကျွေးပြီး နေ့လည်မှာ ထမင်းကျွေးပါတယ်။

ဖရဲသီး၊ ကျောက်ကြော၊ အအေးတို့ဖြင့်လည်း ဧည့်ခံပါတယ်။

မုန့်လက်ဆောင်းလည်း သောက်ခဲ့ရပါတယ်။

အလှူရှင်များရဲ့ ဝမ်းသာပီတိဖြစ်မှုကို သာဓုခေါ်ပါတယ်။


မောင်ရှင်လောင်းများ၏ မိဘများရဲ့ပီတိကိုလည်း တွေ့မြင်ခံစားခဲ့ရပါကြောင်း မှတ်တမ်းတင် ရေးသားတင်ပြလိုက်ပါတယ်။


လွမ်းဧကရီ
၃၁-၃-၂၀၁၄

ညနေ ၃:၂၂ နာရီ

No comments: