Thursday, February 13, 2014

အလွမ်းစာမျက်နှာ - ၂


ကိုကိုရေ…



ကိုကို့ဆီက ပြန်စာလေးရတယ်…

 မြန်မြန်ပြန်လာပါတော့ လွမ်းလေးရေ…လွမ်းလှပြီ” တဲ့…

လွမ်းလည်း ကိုကို့ကို လွမ်းတာပါပဲ ကိုကိုရယ်…

လွမ်းကို ပစ်တုန်းက ပစ်ထားခဲ့ပြီးတော့ ခုမှ လွမ်းကို လာခေါ်လည်း ပြန်မလာဘူး…
 
ဒါပေမဲ့ လွမ်းလေ ကိုကို့ကို လွမ်းလွန်းလို့ ကိုကိုနဲ့ လွမ်းပြောခဲ့ကြတဲ့ Chat History ကို ပြန်ဖတ်နေမိတယ် ကိုကိုရေ…

ကိုကိုနဲ့ လွမ်း စတွေ့တုန်းက ကိုကိုက ရီစရာတွေ အရမ်းပြောတာပဲ…

လွမ်း ပြန်ဖတ်ပြီး ပြုံးနေမိတာ…

နောက် ကိုကိုက လွမ်းကို ကလေးလေးတစ်ယောက်လိုပဲ ဆက်ဆံတယ်…

နို့ဗူးထဲ နို့ထည့်ထားတဲ့ပုံပို့ပြီး “ကိုကိုဖျော်ထားတာ…သောက်လိုက်အုန်း” လို့ အမြဲပြောတာ…

အမှတ်တရလေးတွေက ရင်ထဲမှာ ဘယ်တော့မှ မေ့ပျောက်လို့ မရနိုင်ပါဘူး ကိုကိုရာ…
        
ကိုကိုက လွမ်းအတွက် အမှတ်တရကဗျာလေး ရေးပို့တယ်…


လွမ်း



လွမ်း

မင်းကိုယ့်ကိုတစ်ချက်ကလေးတောင်

မလွမ်းဘူးလား။

ကိုယ့်မှာတော့..

အမှောင်ထဲမှာ..ရမ်းနေရပြီ။

(ခြင်ကိုက်လို့)



မန်းသူလေးရယ်

ကိုလေ..မင်းရဲ့

ရွှေခြေကျင်းလေး..ဖြစ်လိုက်ချင်တယ်

စကားမစပ်..ဘယ်နှစ်ကျပ်သားရှိလဲ?

(ပေါင်မလို့)



ကြည့်

စိတ်ဆိုးတာလား?

မင်းနှုတ်ခမ်းစူမှာကို

မိုးပြိုမှာထက်ကြောက်တယ်..

(မယုံနဲ့နော်..လျှောက်ပြောနေတာ)



လွမ်း..နာမည်က

ကဗျာစပ်လို့..အရမ်းကောင်းတယ်

ဂီတာတစ်လက်..ယူပြီး

ကာရံညှိကြည့်မယ်.

လွမ်း..ဂွမ်း..ဗြန်း


ဟော..မကျေနပ်ဘူးဆိုပြီး

ခိုးနမ်းသွားပြန်ပြီ.

ရှက်လိုက်တာ..ငါးသုံးတစ်ဖွဲ့လုံးကြည့်နေကြတယ်

မျက်နှာဘယ်နားသွားထားရမလဲ?

(တဖက်လှည့်ပြီး..သွားဖြီးပြနေတာ)



 ရင်တွင်းအရမ်းဖြစ်တဲ့..လွမ်း

မောင်မျိုးမင်းနဲ့ ဘာတော်လဲဟင်?

ကိုမှားသွားရင်..တောင်းပန်ပါတယ်

ကိုယ့်အကြောင်း ထည့်ရေးပြီး..

လည်ပင်းအစ်အောင်တော့ မလုပ်နဲ့

စိတ်ဆိုးလာရင်..ကိုက တအားညှစ်တတ်တယ်

(နွားနို့)



ဟင်း

နို့ဗူးဖျော်တိုက်တာလည်း..မသောက်ဘူး

ဘာလဲစိတ်ကောက်တာလား?

ထိပ်ခေါက်လိုက်မှမငိုနဲ့

 “ဟီး




..ကိုကြီးက ချစ်လို့စတာပါ

တိတ်တိတ်

လာ..

လာ..

ကလေးလေး

စက်ဘီးအတူစီးပြီး

လေနုအေးလေးသွေးတုန်း

ကျုံးပတ်ကြစို့။


ကိုကိုရေးထားတာဖတ်ပြီး လွမ်းတော့ရီတာပဲ…

ကိုကိုက ကဗျာစပ်တာ တော်တယ်…

ဒီတော့ ကိုကိုလွမ်းကို ချော့တဲ့ကဗျာ စပ်ပေးနော်…

ကိုကိုချော့တာတော်ရင် လွမ်း ကိုကို့ရင်ခွင်ထဲ ပြန်လာခဲ့မယ်…



ကိုကို့ကို လွမ်းနေတဲ့
ကိုကို့ရဲ့ လွမ်းလေး

 


လွမ်းဧကရီ

၀၃-၀၅-၂၀၀၉

No comments: