Wednesday, February 5, 2014

ပြည်ပခရီးစဉ်အတွက် ပြည်ပထွက်ခွာခွင့် ရအောင် ကြိုးပမ်းခြင်း

ပြည်ပခရီးစဉ်အတွက် ပြည်ပထွက်ခွာခွင့် ရအောင် ကြိုးပမ်းခြင်း


ဒီတစ်ခေါက် စင်္ကာပူနိုင်ငံကို ၉-ရက် ခရီးထွက်ဖို့  စီစဉ်တာ အချိန်မရတဲ့ကြားက ကိုယ်တိုင် ဆောင်ရွက်ခဲ့ရပါတယ်။

ပထမဆုံး လွမ်း လေယာဉ်လက်မှတ်ဝယ်ပါတယ်။

Singapore Airline က Promotion ပေးနေတယ်ဆိုတာနဲ့  လက်မှတ်ဝယ်လိုက်ပါတယ်။

လွမ်းက Singapore သွားတိုင်း Silk Air နဲ့ ပဲ သွားခဲ့တာပါ။

လွမ်း ပြည်ပခရီး စင်္ကာပူသွားတိုင်း ကိုယ်တိုင် Visa ရအောင် လိုက်လုပ်ဖြစ်တာ များပါတယ်။

Singapore Visa ရဖို့  လိုအပ်ချက်က အရင်ကထက် ပိုများလာပါတယ်။

လျှောက်လွှာ Form နဲ့ အတူ စင်္ကာပူမှာရှိတဲ့ သူငယ်ချင်းရဲ့ ခေါ်စာ Form လိုလာပါတယ်။

ခေါ်တဲ့သူက EP ရတဲ့သူမဟုတ်ဘဲ PR နဲ့  Citizen ရတဲ့သူက ခေါ်ဖို့  လိုတာပါ။

ခေါ်တဲ့သူရဲ့ Singapore Identity Card ကို ရှေ့ ၊ နောက် Scan ဖတ်ထားတာကိုပါ တွဲတင်ရပါတယ်။

နောက် အိမ်ထောင်စုဇယား Notary ပြုလုပ်ပြီး မြန်မာ၊ အင်္ဂလိပ်မိတ္တူ ပေးရပါတယ်။

လွမ်း ၀ယ်ထားတဲ့ လေယာဉ်အသွားအပြန်လက်မှတ်ကို မိတ္တူပေးရပါတယ်။

စာရွက်စာတမ်းပြည့်စုံပြီဆိုရင်တော့ US$ 23/- နဲ့ အတူ တင်ထားခဲ့ရပါတယ်။

ရုံးဖွင့်ရက် ၄-ရက် အချိန်ယူပြီးမှ Visa ထုတ်ပေးပါတယ်။

လွမ်းရတဲ့ Visa က Multiple Visit တစ်လ ရတာပါ။


စင်္ကာပူ သွားရင်းနဲ့  မလေးရှားနဲ့  အင်ဒိုနီးရှားနိုင်ငံတို့ ကို သွားလည်ဖို့  လက်မှတ်တွေ စီစဉ်ထားတယ်ဆိုတာနဲ့  မလေးရှား Visa လုပ်ဖို့  ကြိုးပမ်းရပြန်တယ်။

Singapore ရောက်မှ Visa လုပ်ဖို့  အချိန်မရလို့ ပါ။

Malaysia Visa ကတော့ တစ်ခါမှ မလုပ်ဖူးတဲ့အတွက် သံရုံးကို တစ်ခေါက် သွားစုံစမ်းရင်းနဲ့  လျှောက်လွှာ Form ကို ယူလာခဲ့ပါတယ်။

Form ဖြည့်ရတာ Singapore Visa Form လောက် အချက်အလက် မများပါဘူး။

အိမ်ထောင်စုဇယားကတော့ မြန်မာလိုရော၊ အင်္ဂလိပ်လိုရော တင်ရတာ တူတူပါပဲ။

လွမ်းကတော့ ကိုယ်သွားလည်မဲ့ Malaysia က Legoland ကို သွားလည်ဖို့  Tour စီစဉ်ထားတဲ့ လက်မှတ်ကို မိတ္တူကူးပြီး တင်ပါတယ်။

သံရုံးက မနက် ၆-နာရီကနေ ၈-နာရီထိ တန်းစီတာကို token ပေးတယ်ဆိုတာနဲ့  မနက်စောစောထပြီး သံရုံးကို သွားခဲ့ပါတယ်။

လွမ်းထက် အရင်ရောက်နှင့်နေတဲ့ လူအုပ်ကို တွေ့ လိုက်ရပါတယ်။

Malaysia Visa ကို ဒီလောက်လူတွေ အများကြီး လာယူမယ်လို့  ထင်မထားခဲ့ပါဘူး။

Singapore Visa ယူတုန်းကဆို တန်းစီရတာ နဲနဲလေးပါပဲ။

လွမ်းလည်း သူများလို စက္ကူလေးတွေ ခင်းပြီး မထိုင်ချင်တာနဲ့  ၆-နာရီကနေ ၈-နာရီထိ ၂-နာရီနီးပါး မတ်တပ်ရပ်စောင့်ရပါတယ်။

လွမ်း Token Number က ၂၈ တဲ့။ ဒီနေ့ အတွက် အယောက်-၆၀ က မနေ့ က Token ပေးထားတာကို ၀င်ခွင့်ပေးတာတဲ့။

လွမ်းက နောက်တစ်နေ့ မှ ၀င်ခွင့်ရမှာတဲ့။

နောက်တစ်နေ့ ကျ မနက် ၉-နာရီလောက်မှ သွားပါတယ်။

သံရုံးထဲဝင်တော့ တန်းစီရပြန်ပါတယ်။ Gate ကနေ မှတ်ပုံတင်ယူထားပြီး Token Number ထပ်ယူရပါတယ်။

သံရုံးထဲရောက်တော့ လျှောက်လွှာနဲ့  ငွေလက်ခံတဲ့ မိန်းခလေးနဲ့  Malaysia က Visa Officer ထိုင်နေတာကို တွေ့ ရပါတယ်။

Token Number နဲ့  ခေါ်ပြီး လျှောက်လွှာနဲ့  စာရွက်စာတမ်း ပြည့်စုံမှု ရှိ၊ မရှိ စစ်ဆေးပြီး ပြည့်စုံရင် US$ 6/- ကို ပေးရပါတယ်။

ငွေသွင်းပြီးတော့ Visa Officer နဲ့  တွေ့ ဖို့  ပြန်စောင့်ရပါတယ်။

Malaysia Ambassy ရောက်မှပဲ Visa Officer က Malaysia သွားမဲ့သူတွေကို တစ်ခါတည်း Interview မေးတာကို တွေ့ ဖူးပါတော့တယ်။

Singapore Ambassy က လျှောက်လွှာပြည့်စုံရင် တင်ထားခဲ့ရုံပါပဲ။

လွမ်းလည်း Visa Officer နဲ့  တွေ့ ဖို့ စောင့်ရင်းနဲ့  သူများတွေ ဖြေဆိုနေတာကို ဗဟုသုတအနေနဲ့  တွေ့ ကြုံခဲ့ရပါတယ်။

Malaysia ကို ကျောင်းတက်ဖို့ သွားမဲ့ လူငယ်တွေရှိသလို အလုပ်လုပ်ဖို့ သွားမဲ့သူတွေလည်း ရှိပါတယ်။

Malaysia မှာ အလုပ်လုပ်နေတဲ့သူဆီ အလည်သွားမဲ့သူများရှိသလို မင်္ဂလာဆောင်ဖိတ်စာပြပြီး သွားတဲ့သူတွေလည်း ရှိပါတယ်။

အလည်အပတ်သွားရောက်နေမဲ့သူတွေကို Show Money ပြခိုင်းနေတာကိုလည်း တွေ့ ခဲ့ရပါတယ်။

လွမ်းကတော့ Visa Officer မေးတာကို ဖြေနိုင်ခဲ့ပါတယ်။

နောက်တစ်ရက် Visa လာထုတ်ဖို့  ပြောလိုက်ပါတယ်။

Visa သွားထုတ်တော့လည်း Gate မှာ တန်းစီဝင်ရပြန်ပါတယ်။

လွမ်း Visa ရတာကို ကြည့်တော့ သုံးလပေးထားတာကို တွေ့ ရပါတယ်။

လွမ်းက Malaysia ကို တစ်ရက်တည်း သွားလည်မှာပါ။

Visa ရဖို့  Malaysia Ambassy ကို သုံးရက်ဆက်တိုက် သွားခဲ့ရပါတယ်။

Malaysia ကို သွားတဲ့သူ များမှန်း ခုမှပဲ သိရပါတယ်။

အိန္ဒိယနိုင်ငံသားတွေ Visa လာယူတာ ပိုများပါတယ်။

Singapore ကနေ Indonesia သွားတာကိုတော့  Visa မလိုပါဘူး။ Passport ရှိဖို့ ပဲ လိုပါတယ်။

လွမ်း ဆောင်ရွက်ခဲ့ရတာတွေကို သူငယ်ချင်းတို့ သိဖို့  မျှဝေတာပါ။



လွမ်းဧကရီ
၅-၂-၂၀၁၄
နေ့ လည် ၁၂း၂၀ နာရီ








No comments: