အချစ်ဆိုတဲ့ စကားလုံးလေးနှစ်လုံးမှာ အဓိပ္ပါယ်တွေ ပြည့်ဝနေတယ်ဆိုတာ လူတိုင်း သိကြပါတယ်။
အချစ်ကိုပဲ အဓိပ္ပါယ်တွေ အမျိုးမျိုးဖွင့်ဆိုထားကြတာကိုလည်း ဖတ်ဖူးကြမှာပါ။
၅၂၈-မေတ္တာ၊ ၁၅၀၀-အချစ်မေတ္တာဆိုပြီး ခွဲခြားရေးသားပြောဆိုကြပါတယ်။
တစ်စိမ်းယောင်္ကျားတစ်ယောက်အပေါ် ချစ်တယ် လို့ ပြောရတဲ့အချစ်က လေးနက်၊ နက်ရှိုင်းပါတယ်။
လွမ်းကတော့ အချစ်ဆိုတာ ချစ်နေဖို့ပဲ လိုတာပါ လို့ ခံယူထားဆဲပါ။
လွမ်းအချစ်က ပိုင်ဆိုင်လိုစိတ်ကင်းပါတယ်။
လွမ်း Online တွင် ချစ်ခဲ့ဖူးပါတယ်။ Online ချစ်သူကို အပြင်မှာတွေ့ပြီး ဆက်ချစ်ခဲ့ဖူးပါတယ်။
ယခုထက်တိုင်လည်း အဆက်အသွယ်ရှိနေဆဲပါပဲ။
ဒါပေမဲ့ သူများချစ်သူတွေလိုတော့ နေ့စဉ် အဆက်အသွယ်ရှိတာတော့လည်း မဟုတ်ပါ။
အချစ်က ရင်ခုန်သံချင်း တူညီတယ်လို့ အဓိပ္ပါယ်ဖွင့်ရင်တော့ ချစ်သူနဲ့ ဖုန်းပြောရတိုင်း ရင်ခုန်နေတတ်ပါတယ်။
