Friday, April 12, 2013

မွန်ပြည်နယ်သို့  အလည်တစ်ခေါက်

မွန်ပြည်နယ်သို့  အလည်တစ်ခေါက်
အပိုင်း(၁)

တနင်္ဂနွေနေ့ (၇-၄-၂၀၁၃) ရက်နေ့ က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ှကို ခရီးထွက်ဖို့  အကြောင်းကိစ္စ ပေါ်လာပါတယ်။

ကုမ္ပဏီက လွမ်းကို သွားဖို့ တာဝန်ပေးတာနဲ့  ရုံးကား (SURF) နဲ့  ခရီးထွက်ဖြစ်ခဲ့ပါတယ်။

ခရီးထွက်ရင် လွမ်းရဲ့ထုံးစံအတိုင်း ကင်မရာတစ်လုံးနဲ့  လမ်းခရီးတစ်လျှောက် မှတ်တမ်းတင်ဓာတ်ပုံများကို ရိုက်ဖြစ်ခဲ့ပါတယ်။ 

ရန်ကုန်က ထွက်တော့ အမြန်လမ်းမကြီးကနေ သွားခဲ့ပါတယ်။

အမြန်လမ်းမကြီးက ကွန်ကရစ်လမ်းဖြစ်ပြီး ယခုအခါ ကတ္တရာလမ်းအဖြစ် ပြောင်းလဲ လုပ်ဆောင်နေတာ ကို တွေ့ မြင်ခဲ့ရပါတယ်။ 

ဘုရားကြီးလမ်းခွဲရောက်တော့ ဘုရားကြီးလမ်းဖက်သို့  ဆက်မောင်းရပါတယ်။

ဘုရားကြီးပြီးတော့ ဝေါမြို့ ကို ရောက်ပါတယ်။

ဝေါကနေ စစ်တောင်းတံတားဖြတ်ပြီး မုပ္ပလင်မြို့ ကို ရောက်ပါတယ်။



လမ်းဘေးတစ်လျှောက်မှာ တောင်တန်းများတွေ့ မြင်နေရတာဟာ ခရီးထွက်လာခြင်းရဲ့ စိတ်ချမ်းမြေ့စရာ မြင်ကွင်းတွေပါပဲ။





သံလွင်တံတားအတက်လမ်းလေး


 သံလွင်တံတား



သံလွင်တံတားအဆင်း မော်လမြိုင်မြို့  အကြိုဆိုင်းဘုတ်နဲ့ အတူ


သထုံဖက်အရောက်မှာ ဘေးပတ်ဝန်းကျင်တိုင်းမှာ ရာဘာတောများဖြစ်နေတာကို တွေ့ မြင်ရပါတယ်။


ခရီးသွားမှတ်တမ်း အပိုင်း(၁) အနေနဲ့  ရေးသားတင်ပြလိုက်ပါတယ်။


လွမ်းဧကရီ
၁၂-၄-၂၀၁၃
ညနေ ၁း၃၅ နာရီ

No comments: