Friday, March 8, 2013

အွန်လိုင်းသူငယ်ချင်းလေး "မြတ်သူ" မွေးနေ့ အမှတ်တရ

အွန်လိုင်းသူငယ်ချင်းလေး "မြတ်သူ" မွေးနေ့ အမှတ်တရ

လွမ်းဧကရီသည် အွန်လိုင်းတွင် စာရေးနေသူတစ်ယောက်ဖြစ်ပါတယ်...

သို့ ဖြစ်သည့်အတွက် လွမ်းမှာ အွန်လိုင်းသူငယ်ချင်းများစွာ ရှိပါတယ်...

Ning Website များမှာ Comment ပေးရင်း ခင်ခဲ့ရသော သူငယ်ချင်းများ ရှိပါတယ်...

Gtalk မှာ Chat ရင်း ခင်ခဲ့ရသော သူငယ်ချင်းများ ရှိပါတယ်...

လွမ်းကို မြင်ဖူးသောသူငယ်ချင်းများရှိသလို လွမ်းကို မမြင်ဖူးသေးသော သူငယ်ချင်းများစွာလည်း ရှိပါတယ်...

လွမ်းသည် ရုံးပိတ်ရက်များပါ မအားလပ်သောသူတစ်ယောက် ဖြစ်နေတဲ့အတွက် အွန်လိုင်းသူငယ်ချင်းများနဲ့  ဆုံတွေ့ ရန်  အခွင့်အရေးနည်းပါးပါတယ်...

၅၃-အလှူ၊ ရွှေမြန်မာဥယျာဉ်အလှူ၊ အရူးလွယ်အိတ်အလှူနဲ့  အနာဂတ်ကောင်းကင်အလှူတစ်ချို့ တွင် ပါဝင်ခဲ့ဖူးသဖြင့် လွမ်းကို တွေ့ ဖူးပြီး ယခုအချိန်ထိ ခင်မင်နေသော သူငယ်ချင်းများလည်း ရှိပါတယ်...

အပြင်မှာ မတွေ့ ဖူးပဲ ခင်မင်နေသော အွန်လိုင်းသူငယ်ချင်းများထဲမှ တစ်ယောက်သော သူငယ်ချင်းမှာ မြတ်သူ ဆိုသော သူငယ်ချင်းပါ...

မြတ်သူနဲ့  လွမ်းက ၅၃-မှာ ကတည်းက ခင်မင်ခဲ့သော သူငယ်ချင်းပါ...

၅၃-Ning Site ရောက်မှ လွမ်း ဆိုသောနာမည်ဖြင့် စာများ စရေးဖြစ်ခဲ့ပါတယ်...

မြတ်သူက ကဗျာများရေးပါတယ်...

ခု MM Flash Songs ရောက်မှ ပိုပြီး ရင်းနှီးခင်မင်ခဲ့ပါတယ်...

တစ်ယောက်နဲ့  တစ်ယောက်မြင်ဖူးအောင် ဓါတ်ပုံများ ပို့ ပေးခဲ့ပါတယ်...အပြင်မှာ မမြင်ဖူးသေးပါ...

မြတ်သူက နေ့ စဉ် လွမ်းဆီ Phone Message များကို ပို့ ပေးတတ်ပါတယ်...

လွမ်း ခုတလော အလုပ်များ ပင်ပန်းစွာ လုပ်ကိုင်နေရပါတယ်...

အလုပ်မှ လွမ်းဆီ E-Mail များ ပို့ သလို Phone Message များပို့ ပြီး အလုပ်လုပ်ရပါတယ်...

အလုပ် Message များကြားတွင် မြတ်သူရဲ့ Phone Message များကလည်း ရောက်လာတတ်ပါတယ်...

အလုပ်ပင်ပန်းနေရင် မြတ်သူရဲ့ စာလေးတစ်ကြောင်းကလည်း အပန်းပြေစေတတ်ပါတယ်...

ဒီနေ့ က မြတ်သူရဲ့ မွေးနေ့ လေးပါ...

လွမ်း...အိမ်ပြန်ရောက်မှပဲ မြတ်သူအတွက် မွေးနေ့ အမှတ်တရ ဒီစာလေးကို ရေးဖြစ်ပါတယ်...

မြတ်သူတစ်ယောက် မွေးနေ့ မှသည် နောင်နှစ်-၁၂၀ တိုင် ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာနဲ့  လိုရာဆန္ဒ ပြည့်ဝပါစေလို့  ဆုတောင်းပေးပါတယ်...


မြတ်သူ...လွမ်းအတွက် ရေးပေးထားတဲ့ ကဗျာကို သူငယ်ချင်းများပါ ခံစားနိုင်စေရန် တင်ပေးလိုက်ပါတယ်...


နှလုံးသားမှ "လွမ်း"



မင်္ဂလာပါ လွမ်း … ဟု
ငါးသံုးကမ ၻာရြာမွစ၍
ချစ်ခင်ကာလရှည်ကြာစွာဖြင့်
တည်နေယနေ့တိုင်
မယိမ်းယိုင်ကြောင့်
နှလုံးသားတွင် ကျေးဇူးတင်သည်
ချစ်ရသည့်လွမ်း  ပျော်ပါစေ ။

ရင်စကားတွေကို ခြွေချလို့
ဒိုင်ယာရီလိုလုပ်ခဲ့စဉ်က
အရှုပ်ထုပ်လို့ သဘောမထုတ်
ငြုစူကင်းနှင့် အားပေးခဲ့သည်
နှလုံးသားဖြင့် ကမ္ဗည်းတင်သည်
ချစ်ရသည့်လွမ်း အေးချမ်းစေ ။

ရင်မှစေရာ အနုပညာဖြင့်
ချစ်စရာ စာအလှတွေနဲ့
အလွမ်းတွေကို ထုကာဆစ်လို့
သူငါ ရင်ကို ပျော်ရွှင်စေသည်
နှလုံးသားဖြင့် ပီတိဖြစ်၏
ချစ်ရသည့်လွမ်း ငြိမ်းချမ်းစေ။

လှပနူးညံ့ စိတ်ထားမှန်ဖြင့်
မာန်မာန မထုတ်၊ ဟန်မလုပ်
တတ်သိပညာ ဖြန့်ကာဝေ၍
သူငါ အခက်ခဲ ကူကာ ရှင်းသည်
အလွမ်း ၏ ဧကရီ
လွမ်းဧကရီအား
နှလုံးသားဖြင့် အထင်ကြီးသည်
ချစ်ရသည့်လွမ်း အောင်မြင်စေ ။




မြတ်သူ
02.08.2012(မနက်၂နာရီ)
ကြာသပတေး

ကဗျာလေးကို ရေးပေးတဲ့ မြတ်သူ ပျော်ရွှင်ချမ်းမြေ့သောဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေလို့  ထပ်လောင်း ဆုတောင်းပေးပါတယ်...


လွမ်းဧကရီ

၀၈-၀၃-၂၀၁၃
ည ၁၀း၅၀ နာရီ


No comments: