လွမ်းဧကရီသည် အွန်လိုင်းတွင် စာရေးနေသူတစ်ယောက်ဖြစ်ပါတယ်...
သို့ ဖြစ်သည့်အတွက် လွမ်းမှာ အွန်လိုင်းသူငယ်ချင်းများစွာ ရှိပါတယ်...
Ning Website များမှာ Comment ပေးရင်း ခင်ခဲ့ရသော သူငယ်ချင်းများ ရှိပါတယ်...
Gtalk မှာ Chat ရင်း ခင်ခဲ့ရသော သူငယ်ချင်းများ ရှိပါတယ်...
လွမ်းကို မြင်ဖူးသောသူငယ်ချင်းများရှိသလို လွမ်းကို မမြင်ဖူးသေးသော သူငယ်ချင်းများစွာလည်း ရှိပါတယ်...
လွမ်းသည် ရုံးပိတ်ရက်များပါ မအားလပ်သောသူတစ်ယောက် ဖြစ်နေတဲ့အတွက် အွန်လိုင်းသူငယ်ချင်းများနဲ့  ဆုံတွေ့ ရန် အခွင့်အရေးနည်းပါးပါတယ်...
၅၃-အလှူ၊ ရွှေမြန်မာဥယျာဉ်အလှူ၊ အရူးလွယ်အိတ်အလှူနဲ့  အနာဂတ်ကောင်းကင်အလှူတစ်ချို့ တွင် ပါဝင်ခဲ့ဖူးသဖြင့် လွမ်းကို တွေ့ ဖူးပြီး ယခုအချိန်ထိ ခင်မင်နေသော သူငယ်ချင်းများလည်း ရှိပါတယ်...
အပြင်မှာ မတွေ့ ဖူးပဲ ခင်မင်နေသော အွန်လိုင်းသူငယ်ချင်းများထဲမှ တစ်ယောက်သော သူငယ်ချင်းမှာ မြတ်သူ ဆိုသော သူငယ်ချင်းပါ...

