
Comment များနဲ့  ပေါက်ကွဲခြင်း
ကျနော်က Comment ချစ်တတ်သူပါ… Comment လာပေးတတ်တဲ့ သူငယ်ချင်းတွေနဲ့  ပျော်နေရင်းနဲ့  မြို့  သားတစ်ယောက်နဲ့  အပြန်အလှန် Comment နဲ့  ကစားရာကနေ ချစ်သူဖြစ်သွားတယ်ဗျ… ကျနော်တို့  နှစ်ယောက်က Comment ကနေ ချစ်သူဖြစ်လာတဲ့သူဆိုတော့ Comment နဲ့ ပဲ အပြန်အလှန် ချစ်စကားပြောကြရပါတယ်… မြို့ တော်သူ၊ မြို့  တော်သားတွေကတော့ ဘယ်လိုမြင်မလဲတော့ မသိဘူးပေါ့ဗျာ… ကျနော်တို့ နှစ်ယောက်က အဝေးမှာနေကြရပြီး ကိုယ့်အလုပ်နဲ့  ကိုယ်ဆိုတော့ သူများလို Chatting လဲ မလုပ်နိုင်ဘူးလေ… တစ်ယောက်နဲ့  တစ်ယောက်ကလဲ မမြင်ဖူးကြဘူးလေ… မမြင်ဖူးပဲ ဖြစ်ခဲ့ရတဲ့သံယောဇဉ်က အခုအချိန်မှာ ဖြတ်လို့ မရပဲ ချစ်သူအဖြစ်ရှိနေတယ်ဆိုတာ သူငယ်ချင်းတို့ တော့ ယုံပါ့မလားမသိဘူး…
ဒီနေ့  ကျနော့်ချစ်သူအပေါ် Comment နဲ့  ပေါက်ကွဲသံစဉ်လေးတစ်ခုအဖြစ် ရေးသားတာကို သူငယ်ချင်းတို့  ခံစားပေးဖို့ ပါ…Comment လာပေးတတ်တဲ့ချစ်သူက Comment မပေးနိုင်ပဲ အဝေးကို ခဏထွက်သွားမယ်လို့ ကျနော်သိလိုက်တဲ့အချိန်မှာ ကျနော့် ခံစားချက်လေးပါ…ကျနော် ကို့ ကို မနက်တိုင်း Breakfast ပို့ တတ်ပါတယ်… အဲဒီအခါ ကိုက ကျနော့်ကို ခွံကျွေးချင်တာလို့  ပြောတတ်ပါတယ်…
ခွံ့  ကျွေးတတ်တဲ့ မနက်ခင်းတိုင်းကို လွမ်းတယ်...




