Thursday, April 22, 2010

အွန်လိုင်းမှ သိသောသူကို အပြင်တွင် တွေ့ ဆုံခြင်း

အွန်လိုင်းမှ သိသောသူကို အပြင်တွင် တွေ့ ဆုံခြင်း



အပိုင်း(၁) တွေ့ ဆုံရန် ဖန်တီးလာသည့် နိဒါန်း


ကျနော်က ချော့ကလက်မြို့ တော်က မြို့ သူတစ်ယောက်ပါ…

ကျနော်က မန္တလေးသူဆိုတော့ ကျနော်နဲ့ ခင်ဗျားနဲ့ ပဲ ပြောတတ်တယ်…

ရင်းနှီးသွားမှ နင်နဲ့ ငါနဲ့ ပြောတတ်တယ်…

ချော့ကလက်မြို့ တော်မှာ ကျနော်က ခံစားချက်လေးတွေကို စာနဲ့ ချရေးတတ်တယ်…

တစ်ခါတစ်ရံ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဗဟုသုတဖြစ်စရာလေးတွေကို ရေးတတ်တယ်…

ကျနော်ကတော့ မြို့ သူ၊ မြို့ သားတွေကို Information Technology ခေတ်မှာ Computer ကို ကျွမ်းကျင်အောင် အသုံးပြုတတ်စေချင်တယ်…

Internet ကိုလဲ ပညာရပ်တစ်ခုအနေနဲ့  အသုံးချတတ်စေချင်ပါတယ်…

ကိုယ်ဝင်ထားတဲ့ Ning Network ကို ကျွမ်းကျင်အောင် အသုံးပြုတတ်စေချင်ပါတယ်…


အဲဒီတော့ ကျနော် ချော့ကလက်မြို့ တော်ကို ၀င်တာနဲ့  ကျနော်လုပ်တဲ့အလုပ်က-

၁။ ကျနော်ရေးထားတဲ့စာ နဲ့ ပတ်သက်ပြီး မေးထားတဲ့သူတွေကို ပြန်ဖြေရတယ်…

၂။ ကျနော်ရေးတဲ့စာကို လာဖတ်တဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြန်ပို့ တယ်…

၃။ ကျနော့်စာမျက်နှာမှာ Comment လာပို့ ထားတဲ့သူတွေဆီ ပြန်ပို့ ဖို့  ပုံလေးတွေရှာပြီး ပြန်ပို့ တယ်ဗျာ…



Comment အတွက် ပုံလေးတွေရှာတဲ့နေရာမှာ ကျနော်က လှတဲ့ပုံတွေ့ ရင် ပို့ လိုက်တာပါပဲ… ပုံတွေပို့ ရင် ကလေးလေးတွေရဲ့ ချစ်စရာပုံလေးတွေကို အများဆုံးပို့ ဖြစ်ပါတယ်...

နောက် ကျနော်က အနီရောင် နဲ့ ပန်းရောင် နှင်းဆီပန်းလေးတွေကို ကြိုက်နှစ်သက်ပါတယ်…

ချော့ကလက်မြို့ တော်မှာ ကျနော် နဲ့  Comment အပြန်အလှန်ပို့ ရင်း ခင်ကြသူတွေများပါတယ်…

ကျနော်က Home Page လှလှပြင်ကြမယ် ဆိုတာကို ရေးတင်တဲ့အတွက် အသစ်ဝင်လာတဲ့သူတွေက
သူတို့ ရဲ့ Home Page ပြင်ကြတာများတော့ အခက်အခဲတွေ့ လာရင် ကျနော့်ကို လာမေးတော့တာပါပဲ…

Home Page လှလှပြင်ကြမယ်မှာ အများဆုံး အခက်အခဲဖြစ်ကြတာက Body & Side ကို Transparent လုပ်လို့ မရတာက များတယ်လေ... My Page>>>Appearance>>>All Options ရဲ့ Body Color Box မှာက Transparent ဆိုတာ မပါဘူးလေ... ဒါပေမဲ့ Transparent လို့ ရိုက်ပြီး OK ပေးလိုက်လို့ ရတယ်ဆိုတာကို ကျနော် ဖြေနေရတယ်... ကျနော်က အဲဒီ့အချက်ကို ကျနော်ရေးထားတဲ့အထဲမှာ ဖြည့်ရေးမလို့ ပါပဲ... Edit Post လုပ်လိုက်ရင် Post က awaiting approval ပြန်ဖြစ်သွားတတ်တော့ မပြင်ဖြစ်တော့တာ...

နောက် Comment မှာ ပုံလေးတွေ ထည့်ပို့ ရအောင် ရေးထားတဲ့အတွက် ထည့်တတ်သွားရင် ပျော်ပြီး ကျနော့်ဆီကို လာပြောပြပြီး Comment ပေးသွားတတ်ကြပါတယ်…

ကျနော့်ဆီကို gmail address လာတောင်းတဲ့သူတွေ ရှိပါတယ်…

ဒါပေမဲ့ ကျနော်က Online မှာ ရှိမနေတတ်တဲ့အတွက် မပေးဖြစ်တာများပါတယ်… (ဟီး...ယုံလား)

သိချင်တာရှိရင် စာပို့ ပြီးမေးဖို့ ပဲ ကျနော်က အကြောင်းပြန်ပါတယ်...


.........................................................................................................................


အပိုင်း(၂) တွေ့ ဆုံရန် ဖန်တီးလာသည့်အကြောင်း


ကျနော်ပြောပြချင်တဲ့အကြောင်းက ခုမှ စမှာ...

မြို့ သူ၊ မြို့ သားတွေက သူတို့ သိချင်တာတွေကို Comment ပေး၍ဖြစ်စေ၊ စာပို့ ၍ဖြစ်စေ မေးမြန်းကြပါတယ်...

အဲဒီ့လူတွေထဲမှာ မင်းမင်း ဆိုတဲ့လူတစ်ယောက်က သူ ကျနော့်ဆီကို သူသိချင်တာတွေကို စာပို့ ပြီး မေးမြန်းတတ်ပါတယ်...

ကျနော် သူသိချင်တာတွေကို သေချာရှင်းလင်း ပြန်ကြားခဲ့ပါတယ်...

ဒါပေမဲ့ သူသိချင်တာတွေက အများသားဗျ...

ကျနော်ရေးထားတဲ့ အကြောင်းအရာတွင် မဟုတ်ဘူး... ကွန်ပျူတာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေပါ ပါလာတယ်...

ကျနော်ကလဲ သူနားလည်နိုင်မဲ့ စကားလုံးတွေနဲ့  ပြန်လည်ဖြေကြားခဲ့ပါတယ်...

သူက သူ့ စာမျက်နှာမှာ Profile Photo တင်ထားတာဗျ...

တော်တော်ငယ်တဲ့ ချာတိတ်လေးပုံပါ...

ဒီတော့ ကျနော်ကလည်း ကျနော့်ထက် ငယ်မှာပဲဆိုပြီး ဆရာမကြီး စတိုင်နဲ့  ပြောပြီး ရှင်းတာပေါ့ဗျာ...

တစ်ခါတစ်လေ ကျနော်ရှင်းပြတာကို နားမလည်ဘူးဆိုရင် ကျနော်က သူ့ ကိုဆူပြီး ပြန်ရှင်းပြနေရတာ...


သူက ကျနော့်ကို အမကြီးတစ်ယောက်လို လေးလေးစားစားနဲ့  ပြန်ရေးတတ်တယ်... စိတ်ဆိုးပုံလဲ မရဘူး...

နောက်တော့ သူက စာအုပ်တစ်အုပ်ရေးနေတဲ့အကြောင်းနဲ့  စာထဲမှာ ပါဠိတွေ ပါလာတဲ့အတွက် ရေးရခက်နေတဲ့အကြောင်း... ဒါကြောင့် ကျနော့်ကို အကူအညီပေးဖို့  စာပို့ ပါတယ်... ဒီလိုကျတော့ စာအပြန်အလှန် ရှင်းနေတာထက် လူချင်းတွေ့ ဆုံပြီး ရှင်းပြလိုက်တာက ပိုလွယ်ကူမယ်ဆိုတာ နားလည်ပါတယ်... မြန်မာစာမှာက သတ်ပုံမှားရေးလို့  မဖြစ်ဘူးလေ...


.........................................................................................................................



အပိုင်း(၃) တွေ့ ဆုံရန် သူငယ်ချင်းဖြင့်တိုင်ပင်ခြင်း


ဒီတော့ သူငယ်ချင်းမေမီနဲ့ တိုင်ပင်ရအောင် မေမီကို လှည်းတန်းက အင်တာနက်ဆိုင်မှာ ဆုံတွေ့ ဖို့  ချိန်းလိုက်ပါတယ်...


ဟယ်... မေမီ ရောက်နေတာ ကြာပြီလား...


မကြာသေးဘူး လွမ်း... ခုနကမှ ရောက်လို့  ချော့ကလက်မြို့ တော်ကို ၀င်ပြီး သူငယ်ချင်းတွေကို Comment ပေးဖို့  ပုံလိုက်ရှာနေတာ...


လွမ်း...မေမီ့ကို တိုင်ပင်စရာရှိလို့ ...


ပြောလေ... နားထောင်နေတယ်...


လွမ်း...မေမီ့ကို မင်းမင်းဆီကလာတဲ့စာ ပြမလို့ ...


ကျနော်လဲ ချော့ကလက်မြို့ တော်ထဲ ၀င်ပြီး ကျနော့်ရဲ့ ၀င်စာထဲက မင်းမင်းပို့ ထားတဲ့စာကို ဖွင့်ပြလိုက်ပါတယ်...


လွမ်း... ဘယ်လိုလုပ်မယ် စိတ်ကူးလဲ...


လွမ်းတော့ တွေ့ ပြီး အကူအညီပေးလိုက်မလားလို့ လေ...


လွမ်း...မင်းကတော့ မလွယ်ဘူး... Online ကသိတဲ့လူကို အပြင်မှာ တွေ့ မလို့ လား...


မင်းမင်းတင်ထားတဲ့ပုံကို ကြည့်လိုက်လေ... လွမ်းတို့ ထက် အများကြီး ငယ်တာပဲ... ငယ်ငယ်ချောချောလေးပါ... သူအခက်အခဲဖြစ်နေတာ တကယ်ဖြစ်မှာပါ...


ပုံက တင်ချင်တဲ့ပုံ တင်ထားကြတာလေ... Profile ပုံတွေမှာ Korean Actor နဲ့  Actress တွေ တင်ထားကြတာ အများဆုံးပဲ... လွမ်း မတွေ့ ဘူးလား...


အင်းပါ... လွမ်း နားလည်ပါတယ်... မေမီရော Twilight က မင်းသားလေးနဲ့ တူတာရှာနေတာဆို... မင်းမင်းက တူချင် တူနေမှာ...


လွမ်းနော်... သူအဖော်ခေါ်ချင်တာနဲ့  မေမီကို လိုက်ချင်အောင် ဆွဲဆောင်နေပြန်ပြီ...
ချော့ကလက်မြို့ တော်ထဲမှာ ကူညီတာ အားမရသေးလို့  အပြင်မှာပါ လိုက်ကူညီမယ် ဆိုပါတော့...


လွမ်းနဲ့  အဖော် လိုက်ခဲ့ပေးမယ် မဟုတ်လား... လွမ်း မြေနီကုန်းက Moon Bakery မှာ တွေ့ ဖို့  ချိန်းလိုက်မယ်လေ...


သဘော... သဘော...


မေမီက အဲဒါတွေ ချစ်ဖို့ ကောင်းတာ...


တော်ပါ... သူခေါ်တာလိုက်လို့  ပြောတဲ့စကား...


ဒါနဲ့  ကျနော်လဲ မင်းမင်းဆီ မြေနီကုန်းက Moon Bakery အပေါ်ထပ်မှာ လာမဲ့ တနင်္ဂနွေနေ့  နေ့ လည် တစ်နာရီ တွေ့ ဆုံမဲ့ အကြောင်းနဲ့  ကျနော်က နှစ်ထပ်အင်္ကျီနဲ့  လုံချည်အပြာပွင့် ၀တ်ထားမဲ့အကြောင်း စာပို့ လိုက်ပါတယ်...


.........................................................................................................................



အပိုင်း(၄) တွေ့ ဆုံခန်း


တနင်္ဂနွေနေ့  နေ့ လည် တစ်နာရီထိုးရန် မိနစ်-၂၀


ကျနော်နဲ့ မေမီတို့  Moon Bakery အပေါ်ထပ်မှာ ထိုင်ရင်း မြေအိုးမြီးရှည် မှာစားကြပါတယ်...


တစ်နာရီထိုးဖို့  ၅-မိနစ်အလိုမှာ Laptop ထည့်တဲ့အိတ်ဆွဲထားတဲ့ ဦးပဉ္ဇင်းတစ်ပါး အပေါ်ထပ်ကို တက်လာပါတယ်...


ဟိုဒီ လျှောက်ကြည့်နေရာမှ ကျနော်စားနေတဲ့နေရာကို တန်းတန်းမတ်မတ် လျှောက်လာပြီး...


ဒကာမလေးက ချော့ကလက်မြို့ တော်က လွမ်းလား...


တင်ပါ့ဘုရား...


ဦးပဉ္ဇင်းက ဒကာမကြီးကို အကူအညီတောင်းထားတဲ့ မင်းမင်းဆိုတာပဲ...


ခစ်..ခစ်... (မေမီရဲ့ ကြိတ်ရီနေတဲ့ အသံပါ)


ကျနော်လဲ မေမီ့ခြေထောက်ကို စားပွဲအောက်ကနေ လှမ်းတို့ လိုက်ရပါတယ်... ရီချင်နေတဲ့ မျက်နှာပိုးကို အရှိန်သတ်ထားပြီး...


တင်ပါ့ဘုရား... တပည့်တော်မက မင်းမင်းဆိုတာ ချာတိတ်လေးပဲ ထင်ပြီး ပြောခဲ့မိတာတွေအတွက် ခွင့်လွှတ်ပေးပါ ဘုရား...


ရပါတယ် ဒကာမလေးရဲ့... ဒကာမလေးရှင်းပြလို့  ဦးပဉ္ဇင်းလဲ တော်တော်လေးကို အင်တာနက် သုံးတတ်နေပြီ... ဦးပဉ္ဇင်း ဘုန်းကြီးမ၀တ်ခင် ၉-တန်းတုန်းက ပုံကိုတင်ထားတာပါ... လူအနေနဲ့  ဆိုတော့ ဒကာမလေးလဲ ရှင်းပြရ လွယ်ကူတာပေါ့...


နောက်တော့ Laptop ကို ဖွင့်ပြီး သူသိချင်တဲ့ မြန်မာစာ သတ်ပုံများကို မေးပါတယ်... လွမ်းလဲ သိသလောက်ရှင်းပြပြီး မြန်မာစာသတ်ပုံကျမ်းကို မှီငြမ်းရေးသားဖို့  တိုက်တွန်းပြောဆိုရပါတယ်...


ဦးပဉ္ဇင်းကို အအေးကပ်လှူပါတယ်...ကျေးဇူးတင်ကြောင်းပြောပြီး ပြန်ကြွသွားပါတယ်...


ကဲ ကျနော့်ရဲ့ အွန်လိုင်းမှ သိသောသူကို အပြင်မှာတွေ့ ဆုံခြင်းဇာတ်လမ်းလေးကတော့ တင်ပြလို့  ပြီးသွားပါပြီ...


ကျနော်ပြောတဲ့မင်းမင်းဆိုတာ ဘယ်သူလဲလို့  လာမမေးရဘူးနော်... ပြောပြဘူး... :P






လွမ်း



၂၆-၁၂-၀၉


ညနေ ၄း၅၂

No comments: