Thursday, April 22, 2010

မင်းလေးကို သိပ်ချစ်တယ်



မင်းလေးကို သိပ်ချစ်တယ်



Gtalk ကို ဖွင့်မိတဲ့အခါ

မင်းလေး Online ဆိုတာကို

…မြင်ချင်ခဲ့တယ်…



မင်းလေး Online ဖြစ်တဲ့အခါ

လွမ်း နေကောင်းလား လို့

…ချက်ခြင်းခေါ်စေချင်ခဲ့တယ်…



မင်းလေးခေါ်တဲ့အခါ

မင်းလေးအသံကို

…ကြားချင်နေခဲ့ပြန်တယ်…



မင်းလေးအသံကို ကြားရတဲ့အခါ

မင်း ရယ်မောနေတဲ့အသံကို

…ကြည်နူးနေမိခဲ့တယ်…



နှစ်ယောက်သား

ကြည်နူးနေမိတဲ့အခါ

…အချိန်တွေကို ရပ်တန့်နေစေချင်ခဲ့တယ်…



မရည်ရွယ်ပါဘူး

မရည်စူးပါဘူး

ဒါပေမဲ့

ဒို့နှစ်ယောက်

…ရင်ခုန်နေခဲ့ကြတယ်…



ရင်ခုန်သံချင်း တူနေတတ်တဲ့

မင်းလေးကို

တိုးတိုးလေး ဖွင့်ပြောလိုက်ချင်တာက


..... မင်းလေးကို သိပ်ချစ်တယ် .....








လွမ်း

၁၀-၀၂-၂၀၁၀

နံနက် ၉:၄၈ နာရီ

No comments: