Thursday, April 22, 2010

သားကောင်ဖြစ်သွားသော မုဆိုး


Photo from Internet

သားကောင်ဖြစ်သွားသော မုဆိုး


ဇာတ်လမ်းအစ
မုဆိုးဆိုတာ သားကောင်ကိုဖမ်းဆီးတဲ့အခါ ကျွမ်းကျင်တဲ့သူကို ခေါ်တယ်ဆိုတာ သိကြမှာပါ...

မုဆိုးဆိုတာ သားကောင်လိုက်မဲ့ နယ်မြေကိုလဲ အကျွမ်းတ၀င်ရှိပြီးသားဖြစ်တဲ့သူ ဖြစ်ရပါမယ်...
လွမ်းဟာ အချစ်ဆိုတဲ့ နယ်မြေမှာ မကျွမ်းကျင်ပဲ ယောင်္ကျားတစ်ယောက်ကို သားကောင်အဖြစ် သဘောထားခဲ့မိတဲ့ အချစ်မုဆိုးတစ်ယောက်လုပ်ခဲ့မိတယ်ဆိုရင်

သူငယ်ချင်းတို့  လွမ်းကို အပြစ်တင်မလားပဲ...
လွမ်းက အင်တာနက်ကို စိတ်ထွက်ပေါက်တစ်ခုအနေနဲ့  အသုံးပြုခဲ့ပါတယ်...

အရင်တုန်းကဆိုရင် လာ Add သမျှ လက်ခံပြီး Chatting တွေလုပ်ပါတယ်… Online က ခင်တဲ့သူတွေကို
အပြင်မှာတွေ့ ပါတယ်… ခင်မင်စရာကောင်းတဲ့သူ တွေ့ ခဲ့သလို လိမ်ညာနေတဲ့သူတွေကိုလည်း
တွေ့ ခဲ့ရပါတယ်…
နောက်ပိုင်း လွမ်း ဘယ်သူလာ Add Add လက်မခံတော့ပါဘူး… အပြင်မှာတွေ့ ဖို့ ဆိုရင်လည်း

ငြင်းပယ်ခဲ့တာချည်းပါပဲ…
လွမ်းတွေ့ ကြုံခဲ့ရတဲ့ခံစားချက်တွေကို လွမ်းရေးထားတဲ့ Online ဇာတ်လမ်းတွေဖတ်ကြည့်ရင် သိကြမှာပါ...

နောက်ပိုင်း လွမ်းဟာ သင်ခန်းစာယူစရာ ဇာတ်လမ်းလေးတွေ ပြောင်းရေးရင်း Chatting ဆိုတာကို


လုံးဝမလုပ်ဖြစ်သလောက်ပါပဲ...
ချော့ကလက်မြို့ တော်မှာ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဗဟုသုတဖြစ်စရာလေးတွေရေးပါတယ်…

မြို့  သူ၊ မြို့ သား တွေရဲ့ သိလိုသမျှ မေးမြန်းတာတွေကို ဖြေကြားရင်း မြို့ သူ၊ မြို့ သားတွေနဲ့ အပြန်အလှန် Comment တွေ ပေးပို့ ကြပြီး ပျော်ရွှင်ခဲ့ပါတယ်...
ဒီလိုနဲ့ နေရင်း မမျှော်လင့်ပဲ လွမ်းဘ၀ထဲကို လူတစ်ယောက်ဝင်လာခဲ့ပါတယ်...
သူ့ နာမည်က ညီညီပါ... ပထမ သူ့ စာမျက်နှာပြင်တာကို မေးမြန်းရင်းနဲ့  ခင်ခဲ့ပါတယ်...
ညီညီက သူရေးတဲ့စာမှာ အရောင်လေးတွေထည့်ချင်တာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်... လွမ်းကိုယ်တိုင် အရောင်ထည့်ပေးပြီး ကူညီခဲ့ပါတယ်…
လွမ်း...ချော့ကလက်မြို့ တော်မှာ စီမံခန့် ခွဲရေးမှူးမဖြစ်ခင်က ဘယ်သူ့ ကိုမှ Gmail Address မပေးခဲ့ပါဘူး...

ဒါပေမဲ့ ညီည်ီတောင်းလာတဲ့အခါ လွမ်း ပေးဖြစ်လိုက်ပါတယ်...
အဲဒီ့အခါ ညီညီနဲ့လွမ်း Chatting လုပ်ဖြစ်ခဲ့ပါတယ်... Gtalk ကနေ စကားတွေ ပြောဖြစ်ခဲ့ပါတယ်...
တစ်ရက်မှာတော့ သူပြောလာတဲ့စကားက လွမ်းရဲ့မာနကို ထိခိုက်စေတဲ့စကားတစ်ခု ပါလာပါတယ်...
နင်ပြောတာတွေဟာ တခြားသူတွေအတွက်တော့ သာယာချင် သာယာမယ်… ငါ့အတွက်တော့ နင့်အပေါ်

သူငယ်ချင်းအဆင့်ကလွဲလို့  ဘယ်တော့မှ ပြောင်းလဲလာမှာ မဟုတ်ဘူးဆိုတာ သိထားပါ…

အဲဒီစကားကြောင့် လွမ်း ငိုခဲ့ပါတယ်...
လွမ်း...ရင်ထဲမှာ ညီညီပြောတဲ့စကားကို နာကြင်စွာနဲ့  တေးမှတ်ထားလိုက်မိပါတယ်...

..........................................................................................................




ဇာတ်လမ်းအလယ်


လွမ်းနဲ့  ညီညီ နေ့ စဉ် Chatting လုပ်ဖြစ်ခဲ့ကြပါတယ်...
နောက်တော့ ညီညီ...လွမ်းကို ခင်လာပါတယ်... ညီညီ လွမ်းကို မတွေ့ ရရင် စောင့်နေတတ်တဲ့သူ ဖြစ်လာပါတယ်...
ညီညီက လွမ်းနားထောင်ဖို့  သီချင်းလေးတွေ ပို့ ပေးခဲ့ပါတယ်...
ညီညီအလုပ်ပြီးချိန်ဆို လွမ်းကို လှမ်းခေါ်ပြီး စကားပြောတတ်ပါတယ်... လွမ်းတို့ ပြောရင် ရီစရာ အကြောင်းလေးတွေပဲ ပြောဖြစ်ခဲ့ကြပါတယ်... လွမ်း တစ်ယောက်တည်း ငြိမ်ငြိမ်လေး စာရေးရာကနေ ညီညီ့အတွက် လွမ်း အချိန်ပေးလာရပါတယ်... ညီညီနဲ့ ရီစရာပြောရတဲ့ အချိန်လေးတွေဟာ လွမ်းပျော်ခဲ့ရတယ်ဆိုတာ ၀န်ခံပါတယ်... ညီညီက မြို့ တော်ထဲမှာ လူချစ်လူခင်ပေါတဲ့သူတစ်ယောက်ပါ... ညီညီက မြို့ တော်ထဲမှာ မြှားနတ်မောင်လဲ လုပ်ပါတယ်... အခါတော်ပေး အကြံဥာဏ်တွေလဲ ပေးတတ်ပါသေးတယ်...
တစ်နေ့ မှာတော့-


လွမ်း...နင် ဘာလုပ်နေလဲ...
ဘာမှ မလုပ်ဘူး... နင် ဘာပြောမလို့ လဲ ပြော...

ငါပြောရင် နင်စိတ်မဆိုးရဘူးနော်...


အေးပါ ဟ.. နင်ကလဲ...


နင်နဲ့ ငါ ချစ်သူလုပ်ကြရအောင်...
နင်..ငါ့ကို ရည်းစားစကားလာပြောနေတာလား...

အင်းလေ... နင်ကလဲ.. မသိဘူးလား..
နင်က ငါ့ကို ဘာလို့ ချစ်တယ်လို့ ပြောတာလဲ...

ငါ ဘာလို့ ပြောမိမှန်းတော့ ငါလဲမသိဘူး... ဒါပေမဲ့ နင် ငါ့ကို မချစ်လဲ ငါကတော့ ချစ်နေမှာပါဟာ...

အွန်... ဒါဆို ငါ နင့်ကို အဖြေပေးဖို့  မလိုဘူးပေါ့...

ဟုတ်ဘူးလေ ဟာ... ငါ့ကို ချစ်တယ်ဆိုရင်တော့ အဖြေပေးလေ ဟာ... နင် ငါ့ကို မချစ်နိုင်ဘူးဆိုရင် နင့် ဘေးမှာ ငါက သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့  အမြဲနေသွားမယ်ဆိုတာ နင် ယုံထားပါ...
နင်ဟာလေ... ငါ ဘယ်လိုပြောရမှန်းတောင် မသိဘူး... နင်က ငါ့ကို Captain Tin ရေးထားတဲ့ Platonic Love လို ချစ်တယ်လို့  ပြောချင်တာလား ? ...

နင်ကလဲ လုပ်ပြီ... ငါက နင်ပျော်နေတာကိုပဲ မြင်ချင်နေတဲ့သူပါ ဟာ...
နင်ဖြစ်စေချင်တာတွေအားလုံး ငါလုပ်ပေးမယ်...


အေး... နင့်စကား နင်မှတ်ထား... လောလောဆယ် နင် ငါ့ကို ဟန်ဆောင်ချစ်သူလုပ်ပေး... ဟုတ်ပြီလား...
အယ်... နင်ပြောပုံကြီးကလဲ... တကယ့်ချစ်သူမလုပ်ပေးရဘူးလား...
နင်ပဲ ငါ့ကို ဘာပဲလုပ်ပေးရ လုပ်ပေးရဆို...

အင်း... နင့်သဘောပဲ... နင်ပျော်ရင် ငါလဲ ပျော်ပါတယ်...
လွမ်းကို သူငယ်ချင်းအဆင့်ကနေ မပြောင်းပါဘူးဆိုတဲ့သူက ချစ်တယ်လို့  ပြောလာတော့ လွမ်း...သူ

့ကို ခံစားရအောင် လုပ်ချင်လာမိပါတယ်...
အဲဒီ့နေ့ ကစပြီး လွမ်းနဲ့ သူ ဟန်ဆောင်ချစ်သူဖြစ်ခဲ့တယ်... ချစ်သူတစ်ယောက်လို ပြောခဲ့ကြတယ်... တစ်ယောက်နဲ့ တစ်ယောက် အရမ်းကို ချစ်ပြခဲ့ကြတယ်... "လိုက်ဖက်တဲ့ဘ၀" သီချင်းလေးထဲကလို ဘယ်သူမှ လာယှဉ်ပြိုင်လို့  မရတဲ့ စုံတွဲလေးပေါ့... အားလုံးကလဲ

အားကျခဲ့ကြတယ်လေ...

အများအမြင်မှာ ချစ်သူတွေလို့  သတ်မှတ်ခံရတာကို လွမ်း ကျေနပ်နေခဲ့တယ်... ညီညီကလဲ တဖြေးဖြေးနဲ့  လွမ်းအပေါ် သံယောဇဉ်ဖြစ်လာခဲ့သလို လွမ်းကလဲ ညီညီ့အပေါ် သံယောဇဉ်ဖြစ်လာခဲ့တယ်ဆိုတာ လွမ်း မငြင်းပါဘူး...


ညီညီက ဟန်ဆောင်ချစ်သူပေမဲ့ တကယ့်ချစ်သူတွေလိုပဲ ပြောရအောင်ဆိုပြီး လွမ်းကို ချစ်လေး လို့ ခေါ်ပါတယ်... လွမ်းက သူ့ ကို မောင်လို့  ခေါ်ပါတယ်...
ညီညီက စာရေးသူတစ်ယောက်ဆိုတော့ လွမ်းအသည်းနုနုလေးကို ကြွေအောင် ရေးနိုင်ပါတယ်...

လွမ်းဆီကို စာရေးတတ်ပါတယ်...
ချစ်လေး...

မောင်...အိပ်လို့မရဖူးကွာ… ချစ်လေး နဲ့ မောင့် အကြောင်းလေးစဉ်းစားနေတာ…
ချစ်လေးကိုမောင်ကသိနေတာတော်တော်ကြာပြီ… ချော့ကလက်ကိုရောက်ပြီးသိပ်မကြာခင်ပေါ့…
Page ပြင်တဲ့ post လေးဖတ်ပြီးသိရတာ…နောက်တော့ Friend ဖြစ်လာတယ်…
ချော့ကလက်မြို့ရဲ့ နတ်မိမယ်လေးတစ်ပါးအဖြစ်သိထားယုံပေါ့နော်… Internet ကိုသုံးတယ်
ဆိုတာက အလုပ်ကိစ္စလောက်ပဲသုံးဖြစ်တာလေ… မနက် ည တစ်ခါစီလောက်ပဲ ဖွင့်သုံးတော့ ချော့ကလက်ကိုလဲ သိပ်မရောက်ဖြစ်ခဲ့ဖူးလေ… အလုပ်တွေများနေတော့ စာလဲ ကောင်းကောင်းမရေးဖြစ်ဖူး… Post လေးတွေတင်ဖို့ မြို့စားလေးနဲ့ စာရေးဆက်သွယ်ရင်းက သူကရေးပါ၊ တင်ပါဆိုပြီး
အားပေးတယ်… အဲ့ဒီမှာ ချစ်လေးကို အကူအညီတောင်းဖို့ စာရေးဖြစ်တာ… မာနကြီးမယ်ထင်ထားတာ…
Gmail address လှမ်းပို့လိုက်တော့ အရမ်းပျော်သွားတယ်… အရမ်းလဲအံ့သြ သွားတယ်… နောက်ပိုင်း
chat ဖြစ်တော့ ချစ်လေးကို ပိုခင်တွယ်လာတာ… မိန်းမတွေက ယောင်္ကျားတွေကို အထင်ကြီးတာရယ်၊
သနားတာရယ်ကြောင့်သာ ပြန်ချစ်တတ်ကြတယ်တဲ့...
ယောင်္ကျားတွေကမိန်းမတွေကိုချစ်တာနဲ့ပါတ်သက်ပြီးအဲ့လိုရေးထားတာမဖတ်ဖူးဘူး...
ချစ်လေးကိုတော့
အရင်ဆုံးအထင်ကြီးတယ်...
နောက်တော့သနားတယ်...
အဲ့ဒီနေ့က ချစ်လေးက ဖုန်နံပါတ်ပေးလိုက်တော့အရမ်းဝမ်းသာသွားတယ်...
နောက်ပြီး ချစ်လေး ငိုတဲ့နေ့...
ချစ်လေးဘဝမှာဘယ်သူ့ကြောင်ငိုခဲ့ဖူးလဲဆိုတာစိတ်မဝင်စားနိုင်ဖူး...
မောင့်စကားတစ်ခွန်းကြောင့်ငိုရတာကိုစိတ်မကောင်းဖြစ်ရဆုံးပဲ...
အဲ့ဒီနောက်မှာချစ်လေးကိုသတိထားပြီး၊ဂရုစိုက်ပြီးဆက်ဆံခဲ့တာပါ...
ချစ်မိသွားလို့လေ...
ချစ်လေးက မောင်ပြောရင် မယုံဖူး... စာရေးဆရာ ဇာတ်လမ်းရှာတာ ဆိုပြီးပြောနေတော့ တော်တော်လေးခံစားရတယ်...
ချစ်လေးရဲ့အဝေးမှာမနေချင်လို့ ထာဝရသူငယ်ချင်းအဆင့်နဲ့ အနားမှာအမြဲနေဖို့၊
မောင်ကချစ်နေရရင်ပြီးရောဆိုပြီး ချစ်လေးစိတ်ဆိုး၊ စိတ်ကောက်၊ ညိုညင်မှာကို၊ စိုးရွံ့စွာနဲ့ အမြဲတမ်းပဲ အရိပ်အခြေကြည့်နေခဲ့ရတာပါ...
ချစ်လေးသိရင်လဲသိနေမယ်၊ မသိပဲလဲဖြစ်ချင်ဖြစ်မယ်...
ချစ်လေး ရေးခဲ့တဲ့ လိုက်ဖက်တဲ့ဘဝ သီချင်းလေးထဲကလိုပဲနေကြမယ်နော် ဆိုတာလေးကို ဖတ်မိတော့တောင် ပြုံးလိုက်မိသေးတယ်၊
ချစ်လေး.. တစ်ကယ်အဲ့လိုနေမှာလား........

ချစ်လေးကိုသိပ်ချစ်မိနေတဲ့...

ချစ်လေးရဲ့မောင်
(သိပ်ချစ်တာပဲ ချစ်လေးရယ်...ကျေနပ်လား... Lip Kiss လေးပါပေးလိုက်တယ်နော်)



အချိန်တွေ ကြာလာတော့ လွမ်းရဲ့ဓါတ်ပုံကိုတောင်းပါတယ်… လွမ်းကို မပေး ပေးချင်အောင် သနားအောင်ပြောတတ်ပါတယ်… လွမ်းပို့ ပေးခဲ့ပါတယ်… လွမ်း ဘာကြောင့် ညီတောင်းဆိုသမျှ
လိုက်လျောမိနေမှန်း ကိုယ့်ကိုယ်ကို သတိမထားမိပါဘူး…
လွမ်းဓါတ်ပုံရတော့ လွမ်းဆီကို သူစာရေးပါတယ်…
လွမ်းဓါတ်ပုံကို သူအိပ်တဲ့ အိပ်ရာဘေး နံရံမှာ ကပ်ထားတာတဲ့လေ...

ချစ်လေး...

မောင်... အခုပဲ အိပ်ယာကနိုးတယ်ချစ်လေး… နေ့စဉ်တွေ့နေကျအတိုင်း
ပြုံးပြနေတဲ့ချစ်လေးကို မျက်စေ့တွေပွင့်ပွင့်ချင်းတွေ့ရတယ်…
အသက်ရှင်သန်နေရတာကို ကျေနပ်တဲ့စိတ်လေး… မောင့်ရင်ထဲ ဖြတ်ပြေးသွားခဲ့တယ်… မနက်တစ်ခုက သူ့ရဲ့ လုပ်ရိုးလုပ်စဉ် အတိုင်းပဲ… မောင့်ကို နိုးထခွင့်ပြုတာပါ… အဲ့ဒီထဲမှာ...မှ ချစ်လေးရဲ့
ချိုမြိန်တဲ့အပြုံးလေးက အရာအားလုံးထက် သာလွန်နွေးထွေးစွာပါဝင်နေတော့
ဒီနေ့မနက်ခင်းလေးက ကြုံဖူးတဲ့ မနက်ခင်းအားလုံးထက် လှပ သွားတယ်လေ… တိတိကျကျပြောရရင်
၂၀၀၉ ခုနှစ်ထဲက ၃၆၄ ကြိမ်ကြုံခဲ့ရတဲ့ မနက်တွေကိုဖျက်ဆီးပစ်လိုက်လဲ ဒီတစ်မနက်နဲ့တင်...
မောင်ကျေနပ်လို့ရပါတယ်... ချစ်လေးရဲ့ ချစ်သူ (မောင်)ဖြစ်ပြီးမှ ပထမဦးဆုံး
တွေ့ရတဲ့မနက်လေးပါ… မနေ့ကမောင့်မှာ... ညလဲမရှိခဲ့ဖူး... တို့တွေစကားပြောရင်း
ညကိုဥပေက္ခာပြုခဲ့တယ်လေ...
အမှန်တော့... နောက်နာရီအနည်းငယ်မှာဖြစ်လာတော့မဲ့ ၂၀၀၉-ခုနှစ်ကို နှုတ်ဆက်ကြတဲ့
နှစ်သစ်ကူးပွဲလေးကို ချစ်လေးနဲ့တူတူဆင်နွှဲချင်တယ်ကွယ်… တစ်နှစ်ကုန်သွားပြီး
နှစ်တစ်နှစ်အသစ်ရောက်လာမဲ့အချိန်ကို မောင့်ရင်ခွင်ထဲမှာ ချစ်လေးကမှီထားပြီး ချစ်တဲ့အကြောင်းတွေပြောရင်းဖြစ်ဖြစ်၊ ချစ်လေးရဲ့ပေါင်ပေါ် မောင်ကခေါင်းတင်မှေးစက်ပြီး လမင်းကြီးကိုရော၊ လမင်းလေး(ချစ်လေး)ကိုရော ကြည့်ရင်း ချစ်စကားတွေပြောရင်းဖြစ်ဖြစ်၊ စောင့်မျှော်ချင်လိုက်တာ...ချစ်လေးရယ်...
အနာဂါတ်မှာရှိလာဦးမှာပါဆိုတဲ့စကားလေးနဲ့တော့...ခုမျှော်လင့်ချက်လေးကို
သတ်မပစ်လိုက်ပါနဲ့နော်…
ချစ်လေးရေ့...

မောင်သိပ်များ စိတ်ကူးယဉ် မိနေလားဟင်?
အမှန်တော့... မောင့်ရင်ထဲကဆန္ဒအမှန်တွေပါ…
နှစ်သစ်ကူးအနမ်းလေးလဲ ပေးချင်လို့ပေါ့...
ခုတော့ On line Kiss လေးနဲ့ပဲ ကျေနပ်နေကြရမဲ့ ချစ်လေး နဲ့ မောင် နှစ်ယောက်လုံး
သနားစရာပဲနော်.....

ချစ်လေး...
မောင့်ရင်ထဲ(အနက်ရှိုင်းဆုံးနေရာ)ကလာတဲ့ စကားအစစ်တွေကို မောင်
ကိုယ်တိုင်ဘာသာပြန်ပြီး ချစ်လေးဖတ်ဖို့ရေးခဲ့လိုက်တာပါ၊
ချစ်လေးနဲ့အတူ လိုက်ဖက်တဲ့ဘဝ လေးတစ်ခုကိုတည်ဆောက်ချင်တဲ့...

အရမ်းချစ်တဲ့...
ချစ်လေး ရဲ့ မောင်..

၂၀၁၀-ခုနှစ်ကို ကူးပြောင်းမဲ့ ၂၀၀၉-ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့  ည ၉-နာရီမှာ လွမ်းဆီကို ညီ ဖုံးဆက်ပါတယ်...

စကားတွေ အကြာကြီးပြောခဲ့ကြပါတယ်...
၁၀-နာရီခွဲမှာ ညီ့ဖုံးထဲကနေ သင်္ဘောဥသြဆွဲသံတွေ ပေါ်လာပြီး အော်သံတွေ ကြားရပါတယ်...

ညီ့သင်္ဘောက စင်္ကာပူဆိပ်ကမ်းမှာ ကပ်ထားတဲ့အချိန်ပေါ့...
မြန်မာနိုင်ငံထက် တစ်နာရီခွဲစောပြီး နှစ်ကူးသွားတာလေ...

နှစ်ကူးအချိန်လေးကို နှစ်ယောက်အတူ ပျော်ရွှင်စွာနဲ့  ကျော်ဖြတ်ခဲ့ကြပါတယ်...

ချစ်လေး...


ဖုန်းပြောပြီးတော့အပြင်မှာခဏထိုင်ပြီး...ခလေးတွေနဲ့ဂစ်တာတီးနေတာ... နဲနဲအေးတယ်လေ...
Tee Shirt လေးနဲ့ဆိုတော့ ချမ်းလာတယ်... ချမ်းလာတော့ချစ်လေးကိုသတိပိုရလာတယ်...
ခုလိုချမ်းနေတဲ့အချိန်မှာ ချစ်လေးသာအနားမှာရှိရင်ကောင်းမှာပဲလို့လေ...
ချစ်လေးလိုချင်တဲ့အချစ်တွေနဲ့အတူ ချစ်လေးကိုဖွဖွလေးထွေးပွေ့ထားပေးချင်တာ...
အချမ်းပြေပေါ့...ချစ်လေးရယ်... မောင်ဒီမှာချမ်းနေသလိုချစ်လေးလဲ အဲ့ဒီမှာချမ်းနေမှာပဲ...
မောင့်ရဲ့ကြင်ကြင်နာနာထွေးပွေ့ပေးထားမဲ့အယုအယကို မျှော်နေမလားလို့ မောင့်ဘာသာ အထင်တကြီးနဲ့
တွေးနေမိတယ်ချစ်လေးရဲ့...
ဘာပဲဖြစ်ဖြစ်ပေါ့လေ...
ချစ်သူတွေပဲဟာ.....ချစ်သူတွေလိုပဲတွေးမှာပေါ့....နော့..
မောင်ကဒီမှာဒီလိုတွေးမိရင် ချစ်လေးကလဲ အဲ့ဒီမှာ အဲ့ဒီလိုပဲတွေးနေမှာလို့ မောင်ယုံကြည်လာတယ်လေ...
ခံစားတတ်လွန်းတဲ့၊ ခံစားလွယ်တဲ့၊ မောင့်ချစ်လေးက မောင်နဲ့ဖုန်းပြောပြီး ကျေနပ်ကြည်နူးနေမှာ...
မောင့်အကြောင်းတွေးနေမှာကိုတော့ မောင်သေချာသိတယ်...
ချစ်လေးကိုမောင်ပြောဖူးတယ်လေ...
မောင်နဲ့သွားရင် နွေရာသီဆိုထီးမလိုဖူးဆိုတာလေ...
ခုဆောင်းတွင်းမှာရော အနွေးထည်လိုမယ်ထင်လားချစ်လေး...
မောင့်ရင်ခွင်မှာလုံခြုံစွာနေပါ...
မောင့်ရဲ့ ပူလောင်ခြင်းကင်းတဲ့အချစ်တွေက ချစ်လေးကို နွေးထွေးမှူတွေ လိုသလောက် ပေးနိုင်ပါတယ်...
မောင်ကလေ...
ချစ်လေးအတွက် အရာရာဖန်ဆင်းပေးနိုင်တဲ့ တန်ခိုးတွေရချင်မိတယ်...
ချစ်လေးစိတ်မှာ ဖြစ်တိုင်း မောင်လုပ်ပေးနိုင်တာမျိုး ဖြစ်နေချင်တယ်...
ချစ်လေးရဲ့“နှစ်ကူးချိန်မောင်နဲ့အတူရှိအောင်”ဆိုတဲ့စကားလေး...
မောင် မွေးကတည်းကကြားဖူးတဲ့ အချိုမြိန်ဆုံးစကားတွေထက် အဆ များစွာသာလွန်ပါတယ်
ချစ်လေးရယ်...
မောင်ပြောနေတဲ့စကားအခွန်းပေါင်းများစွာရယ်၊ မောင်ရေးနေတဲ့အစောင်စောင်သောစာတွေရယ်၊
အားလုံးကိုရှက်သွားစေခဲ့တယ်...

ချစ်လေး...မောင်အိပ်တော့မယ်နော်...
အနမ်းလေးတွေပါပေးလိုက်တယ်၊
ချစ်လေးရဲ့မောင်..



လွမ်းလေ... ညီ့ကို တကယ်ချစ်မိသွားမှာ ကြောက်လာတယ်...
လွမ်း...ညီ့ကို ဟန်ဆောင်ချစ်တာလေ...

လွမ်း...ဒီလို ဟန်ဆောင်ချစ်သူလုပ်ရင်းနဲ့  ညီ့ကို ချစ်လာမိပြီလား မသိဘူး...
ညီနဲ့ စကားပြောရတာကို ပျော်လာတယ်...

ညီ ဖုံးဆက်လာမှာကို မျှော်လာတတ်တယ်...
လွမ်း Online မလာနိုင်တဲ့နေ့ တွေဆို ညီက တစ်နာရီခြား တစ်ခါ Mail ပို့ တယ်လေ...

လွမ်း... ညီနဲ့ ပတ်သက်ပြီး ခံစားလာရတာကို ကိုယ့်ကိုယ်ကို သိလာတယ်...
အချစ်မုဆိုးလုပ်မိတဲ့လွမ်း သားကောင်ဖြစ်မှန်းမသိ ဖြစ်လာတယ်...
ဟန်ဆောင်ချစ်သူဘ၀မှာ ညီက လွမ်းကို ချစ်သူတစ်ယောက်လို ပီပီပြင်ပြင် သရုပ်ဆောင်တာကို လွမ်း...တကယ်လို့  ထင်လာတယ်...
ရက်တွေကြာလာတာနဲ့ အမျှ လွမ်း...မခံစားနိုင်တော့ဘူး...
ဒါကြောင့် လွမ်းက ညီ့ကို ချစ်သူအဖြစ်က သရုပ်ဆောင်တာကို ရပ်တန့် ပေးဖို့ ၊ သူငယ်ချင်းတွေလိုပဲ နေကြရအောင်ပါ လို့  တောင်းဆိုလိုက်ပါတယ်...
အဲဒီလိုပြောလိုက်တဲ့အချိန်မှာ လွမ်းရင်ထဲမှာ ပေါက်ကွဲလုမတတ် ခံစားနေရတယ်ဆိုတာ ညီ မသိနိုင်ပါဘူး...
ညီလဲ ၀မ်းနည်းကြေကွဲသွားမယ်လို့  လွမ်း ယူဆခဲ့ပါတယ်...

................................................................................................


ဇာတ်လမ်းအဆုံး


လွမ်းဆီကို ညီ့ဆီက စာလေးရောက်လာပါတယ်...



လွမ်းလေး...


နောက်ဆုံးစာအနေနဲ့  ည်ီရေးလိုက်တာပါ...
လွမ်းလေးက အချစ်နဲ့ ပတ်သက်လို့  အသည်းနုတာ ညီ နားလည်ပါတယ်...
လွမ်းလေး အတွက် လွမ်းလေးဖြစ်စေချင်တာ ညီ လုပ်ပေးခဲ့လို့  တာဝန်ကျေမယ်လို့  ထင်ပါတယ်....
လွမ်းလေးကို ပြောခဲ့ဖူးတဲ့အတိုင်း ညီက လွမ်းအပေါ် သူငယ်ချင်းတစ်ယောက်ထက် ဘယ်တော့မှ အချစ်မပိုခဲ့ပါဘူး...
လွမ်းလေး ညီ့စကားကြောင့် ညီ့အပေါ် လက်စားချေချင်နေမှန်း ညီ ရိပ်မိခဲ့ပါတယ်...
ညီက ခု ချစ်သူမိန်းခလေးတစ်ယောက် ရှိနေပါပြီ... ညီ့အပေါ် နားလည်တဲ့သူပေါ့...
လွမ်းလေး ကျန်းမာရေးဂရုစိုက်ပါ...
လွမ်းလေး လိုအပ်နေချိန်မှာ သူငယ်ချင်းတစ်ယောက်အဖြစ် ရှိနေပေးမယ်နော်...


တစ်ချိန်က
ချစ်လေးရဲ့မောင်



ရက်စက်လိုက်တာ ညီရယ်...
လွမ်းလေ ညီ့ကို ချစ်မိသွားခဲ့တာ...

လွမ်း...အချစ်နယ်မြေမှာ မကျွမ်းကျင်ပဲ အချစ်မုဆိုးလုပ်ခဲ့တာလေ...
ခုတော့ လွမ်း....အချစ်ရဲ့သားကောင်ဖြစ်သွားရပြီပေါ့...

လွမ်းအသည်းတွေ ကွဲအက်ရပြန်ပြီပေါ့...









လွမ်း


၁၀-၀၄-၂၀၁၀


နေ့ လည် ၁း၂၄

No comments: