Friday, July 26, 2013

စာသားတွင် Rainbow Effect ထည့်ခြင်း


စာသားတွင် Rainbow Effect ထည့်ခြင်း

ဒီတစ်ခါတော့ လွမ်းဧကရီစာမျက်နှာရဲ့ Cbox မှာ လာရောက်မေးမြန်းထားတဲ့ မောင်လေး မောင်ရဲဇော်ရဲ့ မေးခွန်းကို ဖြေသွားပါမယ်။


မောင်ရဲဇော်က လွမ်းကို မမဆောင်းလို့ ခေါ်ပါတယ်။

သိချင်တာတော့ရှိတယ် မေးပါရစေ (လွမ်းဧကရီ ခံစားပုံဖေါ်ထားပါသည်)ဆိုတာကို လုပ်နည်းလေး ပြောပြပေးပါခင်ဗျာ
ကျနော် လိုချင်တာက မမဆောင်း လုပ်ထားသော ဒီဇိုင်းဖြစ်ပါတယ်ခင်ဗျာ။ ဖြစ်နိုင်ရင် မမဆောင်း လုပ်ထားသော ဒီဇိုင်းလေးကို ရှင်းပြပေးပါ။ 
မမဆောင်း ကျန်းမာပါစေ…
ကျေးဇူးတင်စွာဖြင့်

အဆင့် (၁)

ပုံတွင်ပြထားသည့်အတိုင်း Tool Bar မှ Text Tool ကို Click ပြုလုပ်ပြီး လွမ်းဧကရီခံစားပုံဖော်ထား ပါသည် ကို ရေးသားပါတယ်။ အသုံးပြုထားသော Font, Size နဲ့ Color ကို အနီရောင်ဖြင့် ပြထားပါတယ်။



အဆင့် (၂)


Timeline ပေါ်ရှိ Text နေရာအစတွင် Mouse Right Click ပြုလုပ်ပြီး ပုံတွင်ပြထားသည့်အတိုင်း Looping continuously အောက်တွင်ရှိ Wild-Rainbow Effect ကို ရွေးလိုက်ပါတယ်။




အဆင့် (၃)

Wild-Rainbow Effect ရဲ့ မူလ Width မှာ 20 ဖြစ်နေသည်ကို 40 သို့ Extend ပြုလုပ်လိုက်ပါတယ်။ သီချင်းစာသားနေရာတွင် အသုံးပြုလျှင် စာသားအတို၊ အရှည်ပေါ် မူတည်၍ Width ကို ပြောင်းလဲပေးရပါမယ်။



အဆင့် (၄)


Wild-Rainbow Effect ပေါ်တွင် Mouse ထားပြီး Double Click ပြုလုပ်ကြည့်လျှင် အောက်ပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်။
Cascade Order 0 ဖြစ်နေချိန်တွင် Play ပြုလုပ်ကြည့်လျှင် အောက်ပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်။



သီချင်းစာသားနေရာတွင် အသုံးပြုလျှင် Cascade Order 0 ဖြစ်ရပါမယ်။

 အကယ်၍ Cascade Order 1 နေရာတွင်ထားလျှင် အောက်ပါအတိုင်း ဖြစ်နေပါလိမ့်မယ်။

Color 1, 2 & 3 တို့ကို မိမိနှစ်သက်ရာအရောင်ကို ပေးနိုင်ပါတယ်။




Cascade Order 2 ထားလျှင် အောက်ပါအတိုင်း မြင်တွေ့ရပါလိမ့်မယ်။



Cascade Order 3 ထားလျှင် အောက်ပါအတိုင်း မြင်တွေ့ရပါလိမ့်မယ်။



ဒီလောက်ဆိုရင် မောင်ရဲဇော်လည်း မိမိနှစ်သက်ရာ Design ပြုလုပ်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

Flash Song များ ကိုယ်တိုင်ပြုလုပ်ပျော်ရွှင်နိုင်ကြပါစေ။








လွမ်းဧကရီ


၂၆-၀၇-၂၀၁၃

၁၅:၃၀ နာရီ