Wednesday, November 28, 2012

Flash Song တွင် Group as Movie Clip ပြုလုပ်ခြင်း

Flash Song တွင် Group as Movie Clip ပြုလုပ်ခြင်း
အမေးအဖြေကဏ္ဍ အပိုင်း(၁)


လွမ်း…တစ်ခုစဉ်းစားမိပါတယ်။


လွမ်း ရေးတဲ့စာတွေမှာ မှတ်ချက်ပေးရင်းနဲ့  သိချင်တာတွေ မေးသွားတာလည်း ဖတ်ရပါတယ်။


လွမ်းတို့ ဆိုဒ်က MM Flash Songs ဖြစ်တဲ့အတွက် Flash Song နှင့် ပတ်သက်တာတွေကို အမေးအဖြေ ကဏ္ဍလေးတစ်ခု လုပ်ပေးမလားလို့  စဉ်းစားမိပါတယ်။


အခက်အခဲဖြစ်နေသူများကို လွမ်း အားချိန်ရရင် ရသလို Flash Song နှင့် ပတ်သက်တဲ့ မေးခွန်းလေးတွေကို ဖြေပေးသွားပါမယ်။


ပထမဆုံး ယနေ့  လွမ်းဆီကို မေးခွန်းလေးရောက်လာတာကို ရေးပြပါမယ်။


MM Flash Songs Member တစ်ဦးဖြစ်တဲ့ မလေးရှားက ကိုဇော်ဝင်းအောင်က စာပို့  မေးမြန်းထားတာပါ။


ကျနော့်ကိုတစ်ခုလောက်မေးခွင့်ပြုပါမမလွမ်း


မမလွမ်းရေးတဲ့ Flashsongs လေးတွေမှာ မမလွမ်းရဲ့နာမည်လေးမှာ Rainbow လေးပြေးနေအောင်ဘယ်လိုလုပ်ပါသလဲ
ကျနော့်ကိုပြောပြပေးလို့ရရင်ပြောပြပေးပါနော်
ကျနော်လုပ်တာEffect လေးကဝင်သွားပြီးရင်ရပ်နေတယ်
Effect လေးကအမြဲတမ်းလှုပ်မနေဘူး
play stop ဘတ်တွန်လေးကတော့ထည့်လို့ရပါတယ်
ကျန်တာတွေကတော့လောလောဆယ်အဆင်ပြေပါတယ်
နာမည်လေးမှာEffect လေးထည့်တတ်ချင်တာပါ
ကျေးဇူးတင်ပါတယ်




ဒီမေးခွန်းလေးကို ဖြေရမယ်ဆိုရင်တော့-

၁။ မိမိနာမည်ကို Select ပြုလုပ်ထားပြီး Rainbow Effect ထည့်လိုက်ပါမယ်။



၂။ ထည့်ပြီးရင် ပုံတွင်ပြထားတဲ့အတိုင်း Text ပေါ်မှာ Mouse Pointer ထောက်ထားပြီး Right Click လုပ်လိုက်ပါ။ Grouping အောက်က Group as Movie Clip ဆိုတာကို Click ပြုလုပ်လိုက်ပါမယ်။


၃။ ဒါဆိုရင် ပုံတွင်ပြထားတဲ့အတိုင်း + Sign နဲ့  Movie Clip လို့  ဖြစ်သွားပါမယ်။ Group လုပ်လိုက်တဲ့ သဘောက သူ့ ဖာသာသူ လည်ပတ်နေစေချင်တဲ့အတွက် လုပ်ပေးရတာပါ။



၎။ + Sign လေးကို Click လုပ်လိုက်ရင် မိမိနာမည်ရေးထားတာ ပေါ်လာမှာပါ။


ဒါဆိုရင် ကိုဇော်ဝင်းအောင် ပြောသလို Effect က ရပ်မသွားတော့ပဲ သီချင်းပြီးတဲ့အထိ မိမိနာမည်က လည်ပတ်လှုပ်ရှားနေမှာပါ။



Flash Song ပြုလုပ်ပြီး စိတ်ချမ်းသာပျော်ရွှင်ကြပါစေ။







လွမ်းဧကရီ
၂၈-၁၁-၂၀၁၂
နံနက် ၁း၀၀နာရီ

No comments: