Thursday, May 16, 2013

Flash Song Software မှ ရှိပြီး နောက်ခံပုံများကို အသုံးပြုနည်း

Flash Song Software မှ ရှိပြီး နောက်ခံပုံများကို အသုံးပြုနည်း


ဒီတစ်ခါတော့ Flash Song နည်းပညာတစ်ခုကို ရေးပါမယ်။

မိမိစက်ထဲမှာ Flash Song လုပ်တဲ့ Software SwishMax 3 ဒါမှမဟုတ် 4 ရှိရပါမယ်။

လွမ်းရဲ့စက်ထဲမှာ Portable SwishMax 4 ရှိတဲ့အတွက် အဲဒီ့ Software ကို သုံးပြီး ပြုလုပ်ပုံအဆင့်ဆင့် ရေးသွားပါမယ်။

အဆင့်(၁) နောက်ခံကို အနက်ရောင်ပြောင်းထားပြီး ပုံတွင်မြင်ရသည့်အတိုင်း Components Tab မှာ Effects အောက်တွင်ရှိသော 3DSlide ကို Mouse Left Button ကို ဖိပြီး Screen ပေါ်သို့ ဆွဲယူလာပြီး လွှတ်ချလိုက်ပါ။ အပြာရောင်လေးထောင့်ကွက် ပေါ်လာပါလိမ့်မယ်။


အဆင့်(၂) Play Button ကို Click ပြုလုပ်လိုက်လျှင် သစ်ရွက်လေးများ လွင့်နေတာကို တွေ့ မြင်ရပါလိမ့်မယ်။




အဆင့်(၃) Play Button ကို Stop ပြုလုပ်ပြီး ပုံတွင် ပြထားသည့်အတိုင်း Outline ကို Click ပြုလုပ်ပါ။ ဆက်လက်ပြီး + လေးတွေကို Click လုပ်လိုက်ရင် ပုံမှာမြင်ရတဲ့အတိုင်း ပေါ်လာပါလိမ့်မယ်။



အဆင့်(၄) ပုံတွင်မြင်ရတဲ့အတိုင်း Star တစ်ခုထဲကို ချန်ထားပြီး ကျန်သောပုံများကို Select ပြုလုပ်ပြီး Mouse Right Click ပြုလုပ်လိုက်ပါ။ Pop Up Manu ထဲမှ Delect ကို Select ပြုလုပ်ပြီး Delete Object ကို Click ပြုလုပ်လိုက်ပါ။

အဆင့်(၅) Star ပေါ်တွင် Mouse Right Click ပြုလုပ်ပြီး ပေါ်လာသော Manu များထဲမှ Object Attributes... ကို Click ပြုလုပ်လိုက်ပါ။

အဆင့်(၆) Object Attributes Dialog Box ပွင့်လာမယ်ဆိုရင် အနီပြထားသော Check Box မှ အမှန်ခြစ်လေးများကို Uncheck ပြုလုပ်လိုက်ပါ။ ပြီးရင် OK ပေးလိုက်ပါ။


အဆင့်(၇) Play Button ကို Click ပြုလုပ်လိုက်လျှင် ကြယ်လေးများ ပြေးနေတာကို တွေ့ မြင်ပါလိမ့်မယ်။



အဆင့်(၈) ကြယ်ပုံကို အရောင်ပြောင်းလိုလျှင် ပုံတွင်မြင်ရသည့်အတိုင်း Paint Bucket ကို Click ပြုလုပ်ပြီး မိမိနှစ်သက်ရာအရောင်ကို ရွေးချယ်နိုင်ပါတယ်။ အရောင်ရွေးချယ်ပြီးပါက Play ပြန်လုပ်ကြည့်ပါ။



အထက်ပါနည်းအတိုင်း အဆင့်(၃) မှ အဆင့်(၈) အထိ တခြားသော Heart1, Heart2, Snowflake, Leaves နဲ့  Spot တို့ ကိုလည်း စမ်းသပ်ကြည့်နိုင်ပါတယ်။

Heart2
Heart1
Snowflake

Leaves တွင် သစ်ရွက်ပုံစံမျိုးစုံထည့်သွင်းထားသဖြင့် မိမိမလိုသော Shape များကို Delete ပြုလုပ်နိုင်ပါတယ်။



Spot တွင်လည်း မိမိနှစ်သက်ရာ အရောင်များပြုလုပ်ပြီး Play လုပ်ကြည့်ပါ။




မိမိ Flash Song တွင် ထည့်လိုသောပုံများကို Software ထဲမှပင် ယူ၍ ထည့်လို့ ရပါတယ်။

Flash Song ပြုလုပ်ရင်း စိတ်ချမ်းသာပျော်ရွှင်ကြပါစေ။


လွမ်းဧကရီ
၁၆-၅-၂၀၁၃
ညနေ၂း၅၅ နာရီ


No comments: