Wednesday, June 26, 2013

Flash Song များတွင် Mouse Follower ထည့်ခြင်း

Flash Song များတွင် Mouse Follower ထည့်ခြင်း


ဒီနေ့တော့ လွမ်း…Flash Song နည်းပညာတစ်ခုကို ရေးသားပါမယ်။

တစ်ချို့သော Flash Song များမှာ Mouse ကို ရွှေ့လိုက်ရင် Mouse နောက်ကနေ ပုံစံမျိုးစုံ လိုက်နေတာကို တွေ့ဖူးကြမှာပါ။

လွမ်းရဲ့ Flash Song မှာတော့ Mouse Follower ထည့်ထားတဲ့ သီချင်းတွေ နည်းပါတယ်။

ခု ရေးမဲ့နည်းက SwishMax 4 ထဲမှာ နဂိုကတည်းက ရှိပြီး Mouse Follower ကနေ မိမိ ကြိုက်နှစ်သက်ရာ ပုံစံများကို ပြောင်းလဲလုပ်ဆောင်သွားတဲ့နည်းလေးပါ။

အဆင့် (၁)

SwishMax 4 Software ကို ဖွင့်လိုက်ပါမယ်။


ပုံတွင်ပြထားသည့်အတိုင်း Components ထဲက Effect ကို Click ပြုလုပ်ပြီး 2D ကို ထပ်မံ Click လုပ်လိုက်တဲ့အခါ MouseFollower ဆိုတာကို တွေ့မြင်ရပါလိမ့်မယ်။

MouseFollower ပေါ်မှာ Double Click လုပ်လိုက်တဲ့အခါ Screen ထဲမှာ မျှားပုံလေး ပေါ်လာတာ တွေ့မြင်ရပါလိမ့်မယ်။

အဆင့် (၂)

ပုံတွင်ပြထားသည့်အတိုင်း Play Button ကို Click လုပ်ပြီး Screen ပေါ်မှာ Mouse ကို လှုပ်ရှားကြည့်မယ်ဆိုရင် Mouse သွားရာနောက်ကို မျှားပုံလေးက လိုက်လာတာကို တွေ့မြင်ရပါလိမ့်မယ်။

အဆင့် (၃)




ပုံတွင်မြင်ရသည့်အတိုင်း Ouline Tab ကို Click လုပ်ကြည့်ပါ။ Arrow Shape ကို တွေ့မြင်ရပါလိမ့်မယ်။

Arrow Shade အစား မိမိနှစ်သက်ရာပုံစံကို ပြောင်းလဲ အသုံးပြုသွားနိုင်ပါတယ်။


အဆင့် (၄)





ဘယ်ဖက်ခြမ်းရှိ Tool Bar ထဲမှ AutoShape ကို Click လုပ်ပြီး 2D အောက်ရှိ Star ပုံကို ရွေးချယ်လိုက်ပါမယ်။

အဆင့် (၅)

 

ပုံတွင်မြင်ရသည့်အတိုင်း Arrow ရဲ့ Move Effect ကို Star တွင် ကူးယူထည့်လိုက်ရပါမယ်။

အဆင့် (၆)



ထိုသို့ ကူးယူပြီးသောအခါတွင် ပုံတွင်မြင်ရသည့်အတိုင်း Arrow ကို ဖျက်ပြီး Play လုပ်ကြည့်လျှင် Star ပုံလေးတွေက Mouse နောက်ကို လိုက်နေတာကို တွေ့ရပါလိမ့်မယ်။

ဒီလောက်ဆိုရင် သူငယ်ချင်းတို့လည်း မိမိနှစ်သက်ရာပုံစံလေးတွေကို ထည့်ပြီး စမ်းလို့ရမှာပါ။ မိမိ နှစ်သက်ရာ အရောင်လေးတွေကိုလည်း ပြောင်းထည့်ကြည့်နိုင်ပါတယ်။

 


သူငယ်ချင်းများအားလုံး Flash Song ပြုလုပ်ရင်း စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေ။



လွမ်းဧကရီ

၂၆-၆-၂၀၁၃

နေ့လည် ၂:၄၅ နာရီ

No comments: