Friday, July 5, 2013

မွေးနေ့ အမှတ်တရ

မွေးနေ့ အမှတ်တရ


လွမ်းရဲ့ ၂၀၁၃-ခုနှစ်ရဲ့ မွေးနေ့ကတော့ ဇူလိုင်လ (၃)ရက်နေ့ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးသမီးဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာပဲ မွေးနေ့၊ မွေးရက်ထပ်ခဲ့ပါတယ်။

လွမ်းမွေးနေ့ကို တစ်ရက်ကြိုတင်ပြီး Facebook မှ သူငယ်ချင်းများကို အသိပေးခဲ့ပါတယ်။

၂၀၁၃-ခုနှစ်၊ မေလ (၃၀)ရက်နေ့က စပြီး ဒဂုံမြို့သစ်က အိမ်မှာ သွားရောက်နေထိုင်ပါတယ်။

ဒါကြောင့် ဒီနှစ်မွေးနေ့မှာ ဒဂုံမြို့သစ်မှ ဘုန်းကြီးကျောင်းကိုပဲ လှူဒါန်းလိုစိတ်ရှိတဲ့အတွက် အိမ်ရှေ့အိမ်ကို နေ့စဉ်ဆွမ်းခံကြွသော ဘုန်းဘုန်းကျောင်းကိုပဲ လှူဒါန်းမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

မွေးနေ့ မနက်(၈)နာရီမှာ အိမ်ရှေ့အိမ်မှ အန်တီကို အဖော်ခေါ်ပြီး မြို့ဦးစေတီအနီးရှိ ဘူတာရုံဓမ္မရိပ်သာ ဘုန်းကြီးကျောင်းကို သွားခဲ့ပါတယ်။

ဆန်တစ်အိတ်၊ ဆီ ငါးပိဿာ၊ သင်္ကန်းပရိက္ခရာနဲ့ ဝတ္ထုငွေတို့ကို ဆက်ကပ်လှူဒါန်းပါတယ်။

ဆရာတော်က အလှူလှူတဲ့အခါ ငါးပါးသီလဆောက်တည်လှူဒါန်းရင် ပိုမိုအကျိုးဖြစ်တယ်လို့ ပြောပြီး ငါးပါးသီလကို ချီးမြှင့်တော်မူပါတယ်။

မိမိပိုင်ဆိုင်ထားသော ပစ္စည်းဥစ္စာ၊ တိုက်တာအဆောက်အဦ၊ ကားတို့ဟာ မိမိသေဆုံးသွားချိန်မှာ ဘာကိုမှ ယူဆောင်သွားလို့ မရတဲ့အကြောင်း၊ ဒါပေမဲ့ မိမိ လှူဒါန်းလိုက်တဲ့အလှူကြောင့် ရရှိလိုက်တဲ့ကုသိုလ်ဟာ နောင်သံသရာထိ ကောင်းကျိုးချမ်းသာ ခံစားစေနိုင်ကြောင်း ဆရာတော်က တရားဟောပါတယ်။

လွမ်း လှူဒါန်းလိုက်တဲ့ မွေးနေ့အလှူအတွက် ဆရာတော်က ဆုတောင်းပေးပါတယ်။

လွမ်း လှူဒါန်းလိုက်သောအလှူကို သူငယ်ချင်းများအားလုံးကိုလည်း အမျှပေးဝေပါတယ်။

ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုပြီး ပြန်လာခဲ့ပါတယ်။

လွမ်း… ဒဂုံမြို့နယ်ပြောင်းတော့ ကုမ္ပဏီကိုသွားတိုင်း ကျိုက္ကစံစေတီတော်ရှိတဲ့ ရတနာလမ်းကနေ မောင်းလေ့ရှိပါတယ်။

မွေးနေ့ရက်မှာ ရုံးအသွား ကျိုက္ကစံစေတီတော်ကို ဝင်ရောက်ဖူးမြှော်ဖြစ်ခဲ့ပါတယ်။

ကျိုက္ကစံစေတီတော်အတွက် ၉-လက်မပတ်လည် ရွှေသင်္ကန်းကို လှူဒါန်းဖြစ်ခဲ့ပြီး လွမ်းမွေးနေ့ထောင့်မှာ ရေသပ္ပယ် ဆုတောင်းဖြစ်ခဲ့ပါတယ်။

သူငယ်ချင်းများပါ ဖူးမြှော်နိုင်စေရန် ဓာတ်ပုံများ ရိုက်ခဲ့ပါတယ်။

ကျိုက္ကစံစေတီတော်ရဲ့ အောင်မြေမှာ စေတီတော်ကို ဖူးမြှော်ကန်တော့ခဲ့ပါတယ်။

နေ့လည်ပိုင်းမှာ ကုမ္ပဏီမှ မိန်းခလေးများကို ဝါးတန်းလမ်းမှာရှိတဲ့ YKKO မှာ ကြေးအိုးကျွေးပါတယ်။

ညနေ ရုံးအပြန်မှာ မေမေ့ကို ကန်တော့ပြီး မိသားစုများနဲ့အတူ သာကေတက HyperMart မှာရှိတဲ့ YKKO မှာ ညစာ သွားစားကြပါတယ်။

လွမ်းရဲ့မွေးနေ့အတွက် တစ်နေ့တာ မှတ်တမ်းလေးအဖြစ် ရေးတင်ခြင်းဖြစ်ပါတယ်။

လွမ်းကို Mobile Phone နဲ့ Birthday Wish လုပ်သူများ၊ Facebook မှ Birthday Wish လုပ်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

သူငယ်ချင်းများအားလုံးလည်း စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေ။



လွမ်းဧကရီ

၅-၇-၂၀၁၃

နံနက် ၁:၃၀ နာရီ

 



1 comment:

မင်းသျှင် said...

ပျော်ရွှင်ပါစေ မမလွမ်း