Wednesday, August 11, 2010

မိန်းမတစ်ယောက်ရဲ့ မာန



မိန်းမတစ်ယောက်ရဲ့ မာန


မသိလို့ မှားခဲ့တဲ့အမှားအတွက်



နောင်တရဖို့ တန်သလား



ယုံခဲ့တဲ့ ငါ့အမှားလား



ညာခဲ့တဲ့ နင့်ရဲ့အပြစ်လား



ပြီးခဲ့တဲ့ ဇာတ်လမ်း



ပြန်ဆက်မယ်ရော ထင်သလား



ဟားတိုက်ရယ်မောခံရတဲ့ မိန်းမတစ်ယောက်ဟာ



ဒီဘဝမှာ တစ်သက်စာမှတ်သွားတယ်ဆိုတာ



နင် နားလည်ရင်



ဘယ်တော့မှ နောက်ထပ်ရယ်ဖို့ မကြိုးစားပါနဲ့



ငါ့မှာလည်း မာနဆိုတာ ရှိတယ်



နင့်ကို သိခွင့်ပေးတဲ့



ကံကြမ္မာကို



ငါ



မုန်း



တယ်





လွမ်း
၀၃-၁၂-၀၉

နံနက် ၅:၀၉ နာရီ

No comments: