Wednesday, August 11, 2010

ကျေနပ်ကြပါတော့


ကျေနပ်ကြပါတော့

လှည့်ကွက် (၁)


မိုး

ကျော့်ကို ပြောစရာရှိတာနဲ့ အတော်ပဲ

ဘာပြောမလို့လဲ မိုးရ

ချော့ကလက်မြို့တော်မှာ အွန်လိုင်းအချစ်ဇာတ်လမ်းတွေ ရေးနေတဲ့ လွမ်းဆိုတာ ကျော်သိလား?

သိတယ်လေ… ဘာလို့လဲ?

သူ့ကို မိုး စိတ်ဝင်စားတယ်…

အဲဒီတော့…

မိုး သူခံစားရတာကို မြင်ချင်တယ်…

ကျော့်ကို ဘာလုပ်စေချင်လို့လဲပြော… မိုးအတွက်ဆို ကောင်းကင်က ဓူဝံကြယ်ကိုပဲ ဆွတ်ယူပေးရမလား… ကျော်ရအောင် ယူပေးမယ်…

အဲလောက်ခက်ခဲတာကို မလုပ်ခိုင်းပါဘူးနော်… သူ့ကို ချဉ်းကပ်ပြီး သူ့အချစ်ကို ရအောင် ယူကြည့်ပါလား…


အိုကေ… စိမ်လိုက်… သူက ကိုယ်တို့နှစ်ယောက် ပတ်သက်တာကို သိထားတော့ သူ့ကို ယုံအောင်တော့ ဒီရက်အတွင်း ဆင်ခြင်ပြီး နေမှရမယ်ထင်တယ်…
အင်းပါ မိုးလည်း သူ့ကိုအရမ်းခင်တယ်ဆိုပြီး တစ်ဖက်က ဝင်မယ်မိုးဆီကိုတော့ အခြေအနေ သတင်းပို့အုန်းနော်

စိတ်ချပါမိုးရာကိုယ် မိုးကို အမြဲဆက်သွယ်နေမယ်




လှည့်ကွက် (၂)



လွမ်းဆီကို တစ်ရက်သောညနေပိုင်းမှာ Mail လေးတစ်စောင် ဝင်လာပါတယ်…

"မ..ကိုကျနော်ပြောစရာရှိတယ် ကျနော့်ကို Add ပေးပါ..မ"

Mail Address နဲ ့ပို ့တဲ့သူကို ကြည့်လိုက်တော့ ကျော်ကျော်တဲ့...လွမ်း စိတ်ဝင်းစားသွားတယ်...

လွမ်းဆိုတဲ့ မိန်းမ က Comment လှလှလေးတွေပို ့တဲ့သူကို အရမ်းစိတ်ဝင်စားတတ်တာလေ...

ကျော်ကျော်က လွမ်းဆီ နှင်းဆီပန်းလှလှလေးတွေ ပို ့ပေးခဲ့ဖူးတယ်...

နောက်ပိုင်း ကျော်ကျော်က မိုးဆိုတဲ့ကောင်မလေး Page မှာနေ ့တိုင်း Comment လှလှ လေးတွေ ပို ့ပေးနေတာကို သွားတွေ ့ခဲ့ရတယ်...ဒီတော့ သူတို ့နှစ်ယောက်ဟာ ဆက်စပ်မှုတစ်ခုရှိမှာပဲလို ့ ယူဆထားလိုက်တဲ့ အတွက် ကျော်ကျော်ဟာ လွမ်းနဲ့ ပတ်သက်လာမဲ့သူ မဟုတ်ဘူးလို့ပဲ သတ်မှတ်ထားခဲ့ပါတယ်...

ခု ကျော်ကျော်ဆီက Mail ရတော့ ချက်ခြင်း Add လိုက်ပါတယ်...

ကျော်။ ။ ကျေးဇူးပါ မ

လွမ်း။ ။ လွမ်းကို ပြောစရာရှိတယ်ဆိုတာ ဘာလဲမသိဘူး...

ကျော်။ ။ မ..ကျနော် မိုးဆိုတဲ့ကောင်မလေးကို ချစ်နေတာ မ

လွမ်း။ ။ သူတို ့နှစ်ယောက်က ချစ်သူတွေ မဟုတ်ဖူးလား...

ကျော်။ ။ မဟုတ်ဖူး မ..ကျနော်က တစ်ဖက်သတ်ချစ်နေတာပါ...ခု မိုးက ကျနော်ပြောတာကို ပြန်မပြောဘူး မ ရာ...သူက ကျနော့် Page မှာ မိန်းခလေးတစ်ယောက်က Love Comment တွေ လာပို ့နေလို ့ စိတ်ကောက်နေတယ် မ...

လွမ်း။ ။ ဟာ..ဒါဆို မိုးက ခင်ဗျားကို ချစ်နေတာသေချာတယ်ဗျ...

ကျော်။ ။ ကျနော် မမျှော်လင့်ချင်တော့ဘူး မ ရာ...

လွမ်း။ ။ ဒီလိုလဲ မဟုတ်သေးဘူးလေ...အဖြေပေးဖို ့က သေချာသလောက်ရှိနေတာလေ...

ကျော်။ ။ မ..ကို ကျနော်တစ်ခုပြောပြချင်တယ် မ

လွမ်း။ ။ ပြောလေ

ကျော်။ ။ တကယ်တော့ ကျနော်အရင်ကတည်းက တိတ်တခိုးချစ်နေခဲ့တာ မ..ပါ

လွမ်း။ ။ ဟင်

ကျော်။ ။ အံ့သြသွားသလား မ...တကယ်ပြောတာပါ မရာ...မ က Zorpia မှာ ဓါတ်ပုံတွေ တင်ထားတယ်လေ..အဲဒီ့ဓါတ်ပုံတွေအားလုံး ကျနော့်ဆီမှာရှိတယ် မ...


လွမ်း။ ။ ဟုတ်လား

လွမ်းရင်တွေခုန်နေခဲ့တယ်...ကျော်ကျော်က သူတစ်ဖက်သတ်ချစ်ခဲ့ရစဉ်က လွမ်းဆီ Comment ပေးခဲ့တာတွေ၊ သူ ့စာမျက်နှာမှာ လွမ်းပေးခဲ့တဲ့ Comment တွေအကြောင်း အသေးစိတ်ပြန်ပြောပြပါတယ်...လွမ်း သတိမထားမိခဲ့ပါဘူး... လွမ်းအပေါ်အရင်က အကြောင်းအရာတွေအပေါ်မှာပါ အမှတ်တရ ရှိနေခဲ့သူတစ်ယောက်အနေနဲ ့ လွမ်း သူ ပြောသမျှ ယုံကြည်ခဲ့ပါတယ်...



လှည့်ကွက်(၃)


ကျော်။ ။ မင်္ဂလာနံနက်ခင်းပါ မ

လွမ်း။ ။ မင်္ဂလာပါ


ကျော်။ ။ မဆီ ကျနော် Slide Show လေးပို ့ပေးထားမယ်နော်...ကျနော်နဲ ့မ ဓါတ်ပုံတွေကို လုပ်ထားတာပါ မ... ဒီနေ ့ ကျနော်နဲ ့မ အကြောင်းရေးထားတဲ့ကဗျာလေး တင်လိုက်မယ်...မ ဖတ်ပေးနော်

လွမ်း အပေါ်ဂရုစိုက်မှုတွေ၊ အကြင်နာစကားပြောတာတွေ၊ လွမ်းအတွက်အမှတ်တရ ဓါတ်ပုံ
ပို ့ပေးတာလေးတွေ အတွက် လွမ်း သူ ့ကိုချစ်တယ်လို ့ အဖြေပေးခဲ့ပါတယ်...



လှည့်ကွက်(၄)


မိုးဆိုတဲ့ကောင်မလေး လွမ်းစာမျက်နှာမှာ Comment အမြဲရေးပို ့တယ်...

မိုးက ဘာမှမသိသေးတဲ့ အပြစ်ကင်းစင်သူလေးတစ်ယောက်လိုပါပဲ...

လွမ်း ကျော်ကျော့်ကို အဖြေမပေးခင် မိုးကိုသတိရမိတယ်...ကျော်ကျော်က "ကျနော်ကသာ တစ်ဖက်သတ်ချစ်ခဲ့သူပါ...မိုးက အဖြေမပေးခဲ့ပါဘူး"လို ့ပြောတဲ့ အတွက် လွမ်း အဖြေပေးလိုက် တာပါ...

မိုးက ကျော်ကျော်နဲ ့လွမ်း ချစ်သူဖြစ်သွားတာကိုလဲ မသိတဲ့ပုံပါပဲ...

ကျော်ကျော်က ဒီအချိန်မှာ "ကျနော်ချစ်တာ မ တစ်ယောက်တည်းကိုပါပဲ"ဆိုတာကို ကျေနပ် ပျော်ရွှင်နေမိခဲ့တာပါ...




လှည့်ကွက်(၅)


ကျော်။ ။ မ ကိုယ်ရန်ကုန်ကို လာမယ် မ

လွမ်း။ ။ ဟင် ဟုတ်လား...

ကျော်။ ။ ရန်ကုန်ရောက်ရင် မ..ဆီဖုံးဆက်လိုက်မယ်နော်...

လွမ်း။ ။ ဘယ်နေ ့ရောက်မှာလဲ...

ကျော်။ ။ သဘက်ခါရောက်မယ် မ

လွမ်း ရန်ကုန်ကို ကျော်ရောက်လာမဲ့ရက်ကို ရင်ခုန်စွာနဲ ့ စောင့်မျှော်နေခဲ့ပါတယ်...

မိုး။ ။ မမလွမ်

လွမ်း။ ။ ပြော ညီမလေး

မိုး။ ။ ကျော် ညီမဆီ စာရေးတယ် မမ

လွမ်း။ ။ ဟုတ်လား...ဘာတွေရေးထားတာလဲ

မိုး။ ။ ကျော် ရန်ကုန်ကိုသွားမယ်တဲ့ မမ

လွမ်း။ ။ အော် ဟုတ်လား...နောက် ဘာတွေပြောသေးလဲ...

မိုး။ ။ ထုံးစံအတိုင်းပေါ့ မမရာ...သတိရနေကြောင်း၊ ချစ်နေသေးကြောင်းတွေပေါ့

လွမ်း။ ။ ..................

မိုး။ ။ မမ

လွမ်း။ ။ ..................

မိုး။ ။ မမ ..ဘယ်ရောက်သွားတာလဲ..ရှိတော့ဘူးလား...

လွမ်းတို ့မိန်းခလေးဆိုတာ ကိုယ်ချစ်တဲ့သူက တစ်ခြားမိန်းခလေးတစ်ယောက်ကို ချစ်တယ်လို ့ ပြောတာကို သိရရင် ဘယ်လိုခံစားသွားရမယ်ဆိုတာ စဉ်းစားကြည့်ပါအုန်း...

လွမ်းရဲ့ စိတ်ကူးယဉ်အိပ်မက်လေးဟာလဲ ပြိုပျက်သွားခဲ့ရပါတယ်...

ရက်စက်လိုက်တာ ကိုယ်ရယ်...လွမ်းလို အသည်းနုနုလေးကိုမှ ခွဲဖို ့ စီမံချက်ချထားခဲ့တာကိုး...




လှည့်ကွက်(၆)



မိုး။ ။ ဟေ့ ကျော်..

ကျော်။ ။ မိုး နင်ဘယ်လိုလုပ်လိုက်တာလဲ...

မိုး။ ။ တော်ပြီလေဟာ.. ဇာတ်လမ်းက ပြီးဆုံးသင့်ပြီလေ..ကျော်တွေ ့တယ် မဟုတ်လား..

လွမ်းဆိုတဲ့ မိန်းမ ဘယ်လိုခံစားသွားရသလဲဆိုတာ...

ကျော်။ ။ အေး..ကျော့်ကိုတောင် လာမတွေ ့တော့ဘူးဗျ...

မိုး။ ။ အမယ် ကျော်က တွေ ့ချင်သေးတယ်ပေါ့လေ...

ကျော်။ ။ တွေ ့ပြီးမှဆိုရင် ပိုခံစားသွားရမလားလို ့ပါ...

မိုး။ ။ ခုဆို အသည်းကွဲကဗျာတွေတောင်ရေးနေပြီ ဟ

ကျော်။ ။ မိုး ကျေနပ်တယ်မဟုတ်လား...မိုးလေးအတွက် ကျော်ကထာဝရပါ...

မိုး။ ။ ကျော်..လွမ်းကိုပြောခဲ့တဲ့စကားလုံးလား


ကျော်။ ။ အေး...မိုးက သိနေတယ်ပေါ့


လွမ်းလဲ အားလုံးကို သိနေပါတယ်ကျော်ကျော်ရယ်...

ကျေနပ်ကြပါတော့...

လွမ်း အားလုံးကို အရှုံးပေးထားတာပါ...

အနိုင်မယူတတ်တဲ့ အသည်းနုနုပိုင်ရှင်ကိုမှ အနိုင်ယူဖို ့ ကြိုးစားခဲ့ကြတယ်...

ကွယ်ရာမှာ ရီနေမယ်ဆိုတာလဲ သိထားပါတယ်...

လွမ်းဖက်မှာ လွမ်းချစ်ရတဲ့သူငယ်ချင်းတွေရှိနေတယ်ဆိုရင်တော့ လွမ်း ငါးသုံးမှာ ဆက်လက် တည်ရှိနေအုန်းမှာပါ...

လွမ်း...ရင်ထဲမှာနာကျင်ခံစားနေရပါတယ်ဆိုတာ သိရရင် ကျေနပ်ကြပါတော့....

ကျေနပ်ကြပါတော့...

ကျေနပ်ကြပါတော့...


3 comments:

Anonymous said...

hello my friend! warm greeting ^^!
your blog looks nice 0_0

by the way,
if you need to find unique fonts, you can go to our website.

best regards;

moe zaw said...

လွမ်းလေးလာလယ်သွားတယ်နော် မဖွဲ့လဲဝင်ထားခဲ့တယ်....လွမ်းရေးတဲ့စာတွေ ကျနော့်ရဲ့ရင်ထဲကိုပြောင်းလဲစေခဲ့တယ်ဗျာ။ကျနော်လဲ ချစ်သူရှိခဲ့ဘူးတယ်ဗျ အခုတော့ သွားပီလေ ထားသွာခဲ့ပီဗျ။
လွမ်းနေလဲပေမဲ့လဲ မေ့လိုက်ချင်တော့တယ်ဗျာ။ဒါပေမဲ့
မေ့လို့မရဘူးဖြစ်နေတယ်လေ....ပျော်ရွှင်ပါစေလွမ်းလေး...............

Unknown said...

မမလွမ်းရယ်မမရဲ့ စာသားလေးတွေကိုကြိုက်ပါတယ်အဖွဲ့ ဘယ်လိုဝင်ရမလဲသိချင်ပါတယ်။အခုလပြည့်အသဲကွဲနေတာပါ။လပြည့်ချစ်သူက
လပြည့်ကိုလောင်းကစားနဲ့ လိုက်ခဲ့ တာလေအခုတော့သူကလပြည့်ကိုဖြတ်လိုက်ပြီလပြည့်အရမ်းဝမ်းနည်းလွန်လို့ အိပ်ဆေးတွေ
သောက်ပြီသေဖို့ အထိကြိုးစားခဲ့ပါတယ်။ဒါ့ပေ့မယ်ငိုကြွေးနေတဲ့လပြည့်မိဘတွေကြောင့်နောက်ထပ်မလုပ်ဖြစ်တော့ပါဘူး။လပြည့်မိဘ၊
လပြည့်အလုပ်၊လပြည့်ပတ်ဝန်းကျင်မှာဟန်ဆောင်ရီပြနေရတယ်။လပြည့်အရမ်းပင်းပန်းတယ်၊အချစ်ဆိုတာကြီးကိုကြောက်လားပြီး၊မမလွမ်း
လပြည့်အကောင့်ကိုအပ်ပေးပါလား။လပြည့်မှာစကားပြောဖော်လဲမရှိဘူး။ယောကျာ်တွေကိုလဲမယုံကြည်တော့ဘူး။အားလုံးကိုမုန်းနေပြီး။ဝါးလုံးရှည်နဲ့ သိမ်းယမ်းတယ်လို့ပြောလဲခံရမှာပဲလေ။လပြည့်အကြောင်းလေးတေါကိုမမလွမ်းသိရင်စာရေးဖို့ကုန်ကြမ်းရတာပေါ့လေ။လပြည့်
အကောင့်ကlapyaewon2028@gmail.comပါမမ။