Thursday, August 5, 2010

ချစ်သူသို့

Couple


ချစ်သူသို့

ဝ မရှိဘဲ ဝိလုပ်လို့မရမှန်း သိပေမဲ့

အချစ်မသိဘဲ အချစ်ကို ငါရှာခဲ့တယ်

နင်ပေးတဲ့အချစ်ကို ငါ လက်ခံရတော့

ငါပျော်ခဲ့ရတယ်ဆိုတာ

…..နင် သိရဲ့လား…...


နင်က ဝေးနေလို့

ငါ လွမ်းနေရတာကိုရော

…..နင် သိရဲ့လား…..


ငါ့နားမှာ မနေနိုင်တဲ့ နင့်ကို

ငါမျှော်နေရတဲ့ အဖြစ်ကိုရော

…..နင် သိရဲ့လား…..


ငါ့အချစ်တွေကို နင်မယုံလို့

နင် ငါ့ကို အပြစ်တင်လည်း

ကျေကျေနပ်နပ် ခံယူလိုက်ပါ့မယ်

…..ရင်နာစွာနဲ့ပေါ့…..



လွမ်းဧကရီ

၂၈-၀၆-၂၀၁၀

No comments: