Thursday, November 28, 2013

ပဲခူးမြို့ သာမဏေကျော် ပရိယတ္တိစာသင်တိုက်

ပဲခူးမြို့ သာမဏေကျော် ပရိယတ္တိစာသင်တိုက်

၂၄-၁၁-၂၀၁၃ ရက်နေ့က မိတ်ဆွေတစ်ဦးရဲ့ ဖိတ်ကြားချက်အရ ပဲခူးမြို့မှာရှိတဲ့ သာမဏေကျော် ပရိယတ္တိစာသင်တိုက်ကို လိုက်သွားခဲ့ပါတယ်။


လွမ်းရဲ့ကားကို မိတ်ဆွေရဲ့အိမ်မှာ ထားခဲ့ပြီး မိတ်ဆွေရဲ့ကားနဲ့ ပဲခူးမြို့ကို လိုက်သွားခဲ့ပါတယ်။


ရုံးနဲ့ အိမ်၊ အိမ်နဲ့ ရုံး၊ တစ်ခါတစ်လေ Site Office, Custom House, Sea Port တွေကို အလုပ်နဲ့ သွားလာလှုပ်ရှားနေရတဲ့အတွက် ခုလို ခရီးထွက်လိုက်ရတဲ့အခါ စိတ်ထဲ လွတ်လပ်မှုတစ်ခုလို ခံစားရပါတယ်။


ပဲခူးမြို့ ဘုန်းကြီးကျောင်းရောက်လို့ မိတ်ဆွေတို့ရဲ့အလှူမှာ မုဒိတာပွားပြီး လွမ်းကပါ သင်္ကန်း ပရိက္ခယာတစ်စုံ လှူဒါန်းဖြစ်ခဲ့ရတာကလည်း ဝမ်းသာစရာပါ။


အလှူအတွက် အမျှသုံးကြိမ်ပေးဝေပြီး ရဟန်းအပါး (၂၅၀)ကို ဆွမ်းလောင်းလှူရတာကလည်း ကြည်နူးစရာပါ။



လွမ်းသွားရောက်ခဲ့တဲ့ ပဲခူးမြို့ သာမဏေကျော်ပရိယတ္တိစာသင်တိုက် ဓာတ်ပုံများကို သူငယ်ချင်းများ မုဒိတာပွားများစေရန် တင်ပေးလိုက်ပါတယ်။


သာမဏေကျော်ပရိယတ္တိစာသင်တိုက် ပင်မ တရားဟောအဆောင်



ဆွမ်းစားဆောင်



ရဟန်းတော်များအား ဆွမ်းလောင်းလှူနေစဉ်



ရဟန်းတော်များ ဆွမ်းဘုဉ်းပေးနေစဉ်



ဧည့်သည်များအတွက် ပြင်ဆင်ထားပုံ




ကြက်သားနှင့် အာလူးဟင်း၊ ငါးပေါင်း၊ သရက်ချဉ်သုတ်၊ တို့စရာ၊ ငပိကျော်နှင့် ချဉ်ရည်ဟင်းများ ဖြစ်ပါတယ်။



ဘုန်းကြီးကျောင်းအတွင်းရှိ စေတီတော်



သူငယ်ချင်းများ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြပါစေ။



လွမ်းဧကရီ
၂၈-၁၁-၂၀၁၃

နေ့လည် ၁၁:၃၅ နာရီ



No comments: