Wednesday, November 20, 2013

ဝန်ဆောင်မှုပေးနေသော ဘဏ်လုပ်ငန်း

ဝန်ဆောင်မှုပေးနေသော ဘဏ်လုပ်ငန်း
United Amara Bank

ဒီတစ်ခါ လွမ်း ရေးချင်တဲ့အကြောင်းအရာလေးက လစဉ် လျှပ်စစ်မီတာခ ပေးဆောင်ရတဲ့ အကြောင်းလေးပါ။


လွမ်းမှာ အိမ် (၂)လုံး ရှိပါတယ်။ မြို့နယ်တစ်ခုစီမှာပေါ့။


လွမ်းက အလုပ်လုပ်နေပါတယ်။ တနင်္ဂနွေနေ့ကလွဲပြီး နေ့စဉ်နံနက် ၈-နာရီခွဲ အိမ်ကနေ အလုပ်သွားရပြီး ညနေ ၅-နာရီခွဲမှ အ်မ်ပြန်ရောက်တတ်ပါတယ်။


အလုပ်များတဲ့နေ့ဆို ညမှပဲ အိမ်ပြန်ရောက်တတ်ပါတယ်။


ပိတ်ရက် တနင်္ဂနွေမှာလည်း မိမိကိုယ်ရေးကိုယ်တာကိစ္စဖြင့် ဖြစ်စေ၊ အလုပ်ကိစ္စဖြင့် ဖြစ်စေ၊ အပြင်ထွက်ရလေ့ ရှိတတ်ပြန်ပါတယ်။


လုပ်ငန်းသဘောအရ ခရီးထွက်ရတာလည်း ရှိနေတတ်ပြန်ပါသေးတယ်။


လွမ်း ဆိုလိုချင်တဲ့သဘောက လွမ်းက အိမ်မှာ ရှိမနေတတ်တာက များတယ်ဆိုတာကို ပြောချင်တာပါ။ 


လျှပ်စစ်မီတာခတောင်းခံလွှာက လစဉ် ၁၀-ရက် ဝန်းကျင်မှာ လစဉ် လာရောက်ပေးတတ်ပါတယ်။


လူမရှိနေတဲ့အတွက် မီတာခတောင်းခံလွှာ လာထားတာကို အလုပ်က ပြန်လာမှသာ ရတတ်ပါတယ်။


လွမ်းခရီးထွက်နေရင် ခရီးက ပြန်လာမှပဲ ရတတ်ပါတယ်။


မြို့နယ်တစ်ခုမှာ နေနေရင် တစ်ခြားမြို့နယ်က အိမ်ကို သွားတဲ့အချိန်မှပဲ မီတာခတောင်းခံလွှာကို ရတတ်ပါတယ်။


မီတာခ ပေးဆောင်ရမဲ့ နောက်ဆုံးရက်က မီတာခတောင်းခံတဲ့ စာထဲမှာ ထည့်ရိုက်ထားပါတယ်။


ဒီတော့ လွမ်းက နောက်ဆုံးရက်မတိုင်ခင် လျှပ်စစ်ရုံးကို မီတာခ သွားဆောင်ရပါတယ်။


အလုပ်ကနေ မီတာခ သွားပေးဆောင်ရတာက အလုပ်တစ်ခုလို ဖြစ်နေပါတယ်။




တစ်ခါတစ်ရံ မီတာခတောင်းခံလွှာစာရွက် ပျောက်သွားတဲ့အတွက် လျှပ်စစ်ရုံးမှာ ယခင် မီတာခ ဆောင်ထား သော တောင်းခံလွှာအဟောင်းကို ပြပြီး တောင်းခံလွှာစာရွက် အသစ်တောင်းပြီး ငွေသွင်းခဲ့ ရဖူးပါသေးတယ်။


နိုင်ငံခြားသွားနေစဉ် မီတာခတောင်းခံလွှာ အချိန်မှီ မပေးဆောင်နိုင်လို့ မီတာ Fuse ကို လာဖြုတ်ထားတာ ကိုလည်း ကြုံရဖူးပါတယ်။ နောက်ကျကြေးများ ပေးဆောင်ပြီး လျှပ်စစ်မီး ပြန်ရရှိအောင် ဆောင်ရွက်ရ ပါတယ်။


ဒီလိုမျိုးကြုံတွေ့ရတော့ လွမ်း လျှပ်စစ်ရုံး သွားရောက်စဉ် ကြိုတင်ငွေ ပေးဆောင်ချင်ကြောင်း ပြောပြ ပါတယ်။


ဒီတော့ လျှပ်စစ်ရုံးက United Amara Bank ကို သွားဖို့ ပြောပါတယ်။


လွမ်းလည်း United Amara Bank မှာ သွားရောက်စုံစမ်းတဲ့အခါ Bank မှာ တစ်သိန်း Base ထားပြီး မီတာခများအတွက် ငွေကြိုတင်ပေးသွင်းထားရင် မီတာစာရွက် ငါးစောင်အထိ ဝန်ဆောင်မှုဖြင့် ဆောင်ပေး ကြောင်း ရှင်းပြပါတယ်။


ဒီတော့ လွမ်းလည်း United Amara Bank မှာ Saving Passbook Account တစ်ခု ဖွင့်ပြီး ငွေသွင်းထား လိုက်ပါတယ်။


မြို့နယ် (၂)ခုစလုံးမှာ ရှိတဲ့ မီတာစာရွက်များ ပေးဆောင်ဖို့ အပ်ထားလိုက်ပါတယ်။


ခုဆိုရင် မီတာစာရွက်မှာ United Amara Bank ရဲ့ တံဆိပ်တုံးထုထားတဲ့ မီတာခတောင်းခံလွှာများကို လက်ခံရရှိပါတယ်။ မိမိ ပေးဆောင်ရမဲ့ငွေကို အသိပေး ပေးပို့ခြင်းသဘော ဖြစ်ပါတယ်။


မီတာခများကို United Amara Bank က ပေးဆောင်ပေးပါတယ်။

လျှပ်စစ်ရုံးကို အချိန်ကုန်ခံပြီး မီတာခကို သွားပေးသွင်းစရာ မလိုတော့ပါဘူး။


အချိန်မှီ လျှပ်စစ်ရုံးကို သွားရတဲ့ဒုက္ခကနေလည်း ကင်းဝေးသွားပါတယ်။


မိမိပေးဆောင်ရတဲ့ မီတာခငွေများကို မိမိ Saving Passbook ကနေ လစဉ် နှုတ်ယူသွားမှာ ဖြစ်ပါတယ်။

လွမ်းလိုပဲ လျှပ်စစ်မီတာခ ပေးဆောင်ရန် အခက်အခဲ ရှိနေကြမဲ့သူများအတွက် အသိပေး ရေးသားလိုက်ရပါတယ်။


လွမ်းဧကရီ
၂၀-၁၁-၂၀၁၃

ညနေ ၃:၅၀ နာရီ


No comments: