Thursday, November 21, 2013

ဝန်ဆောင်မှုပေးနေသော ဘဏ်လုပ်ငန်း(၂)

ဝန်ဆောင်မှုပေးနေသော ဘဏ်လုပ်ငန်း(၂)
Asia Green Development Bank Limited

လွမ်းတို့  GSM ဖုံးတွေကို ကဒ်နဲ့  ဆက်လုပ်မှာလားလို့  မေးတဲ့အချိန်မှာ လွမ်း ဖုံး(၂)ခုလုံးကို မလုပ်ဘူးလို့  ဖြေလိုက်ပါတယ်။

ကဒ်နဲ့  မလုပ်တဲ့အကြောင်းက-
(၁) လွမ်း အလုပ်က ဖုံးနဲ့  Management လုပ်ရတာက များပါတယ်။

(၂) Company များနဲ့  ဆက်သွယ်ပြောကြားရသည်လည်း များပါတယ်။

(၃) နယ်မှာရှိတဲ့ ရုံးခွဲတွေကိုလည်း ဖုံးဆက်ရတာ များပါတယ်။

(၄) လွမ်းဖုံးကို အင်တာနက်ချိတ်ဆက်ထားပါတယ်။ အလုပ်ကိစ္စများကို Mobile Phone Message ဖြင့်လည်းကောင်း၊ Internet E-Mail ဖြင့်လည်းကောင်း ဆက်သွယ်ရသည်လည်း ရှိပါတယ်။

သို့ အတွက်ကြောင့် ဖုံးကဒ်ကုန်တိုင်း ဖုံးကဒ်ဝယ်ရတဲ့ဒုက္ခ၊ ဖုံးထဲကို Code Number ထည့်ရတဲ့ဒုက္ခများကို မခံချင်ပါဘူး။

ဒါကြောင့် ဖုံးကဒ်နဲ့  မသုံးပါဘူး။


ဆက်သွယ်ရေးက နောက်ပိုင်း Phone Bill များကို ဘဏ်မှတစ်ဆင့်သာ ငွေသွင်းခိုင်းပါတယ်။

ဒါကြောင့် လွမ်းလည်း AGD Bank ကို သွားပြီး Mobile Phone Bill အတွက် သွားရောက်အပ်နှံပါတယ်။ 

ဘဏ်ကနေ လွမ်းကို Online Phone Billing System စာအုပ်နဲ့  စာရင်းဖွင့်ပေးပါတယ်။

Saving မဟုတ်ပါ။ Mobile Phone Bill ဆောင်ရန်အတွက်သာ ဖြစ်ပါတယ်။

စာအုပ်တစ်အုပ်ကို Mobile Phone (၁၀) လုံးအထိ အပ်နှံနိုင်ပြီး တစ်လလျှင် Mobile Phone Bill တစ်စောင်စီအတွက် ၀န်ဆောင်ခ ၅၀၀-ကျပ်ယူပါတယ်။

စာအုပ်ထဲမှာ လွမ်းက ငွေထည့်ထားပြီး ထည့်ထားတဲ့ငွေထဲကနေ Mobile Phone Bill နဲ့  Service Charges ကို နှုတ်ယူသွားမှာ ဖြစ်ပါတယ်။

Online Phone Billing System ဆိုတဲ့အတိုင်း လွမ်းရဲ့ Phone Bill နဲ့  Balance ကို Online မှတစ်ဆင့် စစ်ဆေးနိုင်ပါတယ်။

မိမိထည့်ထားသောငွေက စာအုပ်မှာ အနည်းဆုံးတစ်သောင်းကျပ် ကျန်နေရပါမယ်။

Phone Bill အတွက် ငွေကို ထပ်မံထည့်ပေးထားရန် လိုအပ်ပါမယ်။

ငွေပေးဆောင်ရန် လက်ကျန်ငွေနည်းလျှင် ဘဏ်မှ အကြောင်းကြားပေးပါတယ်။

ဒီတော့ လွမ်းကိုင်တဲ့ Mobile Phone အတွက် ငွေပေးဆောင်ခြင်းမရှိလို့  
"လူကြီးမင်းခေါ်ဆိုသောဖုံးအား ဌာနမှ ယာယီပိတ်ထားပါသည်" ဆိုတဲ့ အသံကို ကြားရမှာ မဟုတ်တော့ပါဘူး။

ငွေပေးဆောင်ပြီးမှ ဖုံးပြန်ဖွင့်တာကို စောင့်ရတဲ့ဒုက္ခကလည်း ကင်းဝေးနိုင်မည်ဖြစ်ပါတယ်။

အလုပ်များတဲ့ကြားက Mobile Phone Bill ဆောင်ရတဲ့ဒုက္ခကလည်း ကင်းဝေးသွားပါတယ်။

လွမ်းဧကရီ
၂၁-၁၁-၂၀၁၃
ညနေ ၄း၄၀ နာရီ




No comments: