Thursday, November 14, 2013

Import Material ထုတ်ပုံအဆင့်ဆင့်

Import Material ထုတ်ပုံအဆင့်ဆင့်

လွမ်း MIP ကို ရောက်ခဲ့စဉ်က ကုန်ပစ္စည်းတွေ ထုတ်တဲ့အခါ ဘယ်လိုထုတ်ရတယ်ဆိုတာ လေ့လာခဲ့ပါတယ်။

လွမ်းတို့ဆီ ရောက်လာတဲ့ Container အမျိုးအစားအလိုက် Track ကားတွေကို ငှားကြရပါတယ်။

ဆိပ်ကမ်းမှာ လိုအပ်တဲ့ ဆိပ်ကမ်းခွန် သွင်းပြီးသွားရင် Movement Order ထုတ်ရပါတယ်။

Movement Order ရတဲ့အခါ မိမိငှားထားတဲ့ကားများက မိမိ Container များကို ရှာပြီး ဆိပ်ကမ်း Lift Car များနဲ့ ကားပေါ်ကို တင်ကြရပါတယ်။





ကားပေါ်ကို Container တင်ပြီးတဲ့အခါ Custom Officer များ စစ်ဆေးနိုင်ရန် ဘောင်ထိုးပေးရပါတယ်။


Custom မှာ မိမိပစ္စည်းများကို စစ်ဆေးနိုင်ရန် မဲနှိုက်ရပါတယ်။ Green, Yellow, Red စသဖြင့်ပေါ့။


Yellow ရတဲ့သူက Container များကို X-Ray ဖြတ် စစ်ဆေးတာကို လုပ်ရလေ့ ရှိပါတယ်။


Red ရတဲ့ ပစ္စည်းကိုတော့ အသေးစိတ် ဖောက်စစ်မှာ ဖြစ်ပါတယ်။
 
 MIP မှ Container Car များကို X-Ray Scan ပြုလုပ်သော အဆောက်အဦဖြစ်ပါတယ်။
 
Custom မှ ပစ္စည်းများကို စစ်ဆေးပြီးတဲ့အခါ မိမိ Container များကို စည်းပြန်ပိတ်ပြီး Car Gate Pass ပြုလုပ်ကြရပါတယ်။

Car Gate Pass မှာ Custom မှ တာဝန်ခံအရာရှိလက်မှတ် ပါရှိရပါတယ်။

သင်္ဘောများ သယ်ဆောင်လာသော Container များကို Myanmar Industrial Port, Asia World Port Terminal, Hteedan Port Terminal များတွင် အများဆုံး ချတတ်ပါတယ်။

ယာဉ်၊ ယန္တရားများကိုတော့ သီလဝါဆိပ်ကမ်းတွင် ချလေ့ရှိပါတယ်။


လွမ်းဧကရီ
 ၁၄-၁၁-၂၀၁၃
 ညနေ ၄;၄၀ နာရီ

No comments: