Sunday, January 22, 2012

ချစ်ခဲ့ရသူသို့ ကျေးဇူးတင်လွှာ


ချစ်ခဲ့ရသူသို့ ကျေးဇူးတင်လွှာ




၁။ သင်သည် ကျွန်ုပ်နှစ်သက်သော သီချင်းများကို Flash Song များ ပြုလုပ် ပေးခဲ့ဖူးပါသည်။

၂။ သင်သည် ကျွန်န်ုပ်ကို ချစ်သည်ဟု ပြောခဲ့ဖူးပါသည်။


၃။ သင်သည် ကျွန်ုပ်ကို ကျန်းမာရေး ဂရုစိုက်ရန် အမြဲ သတိပေးတတ်ပါသည်။

၄။ သင်သည် ကျွန်ုပ်ကို ပျော်ရွှင်စေချင်သည်ဟု မကြာခဏ ပြောတတ်ပါသည်။

၅။ သင်နှင့် ကျွန်ုပ်သည် “ချစ်သူ” ဟု ဆိုခဲ့သော်လည်း သင့်ကို ကျွန်ုပ် သေချာ မမြင်ဖူးပါ။

၆။ သင်နှင့် ကျွန်ုပ်သည် တခြားချစ်သူများကဲ့သို့ ဓာတ်ပုံဖလှယ်ခြင်း မပြုလုပ်ခဲ့ကြပါ။

၇။ သင်နှင့် ကျွန်ုပ်သည် ချစ်သူ မည်ကာမတ္တမျှပင် ဖြစ်မည်ထင်ပါသည်။

၈။ ကျွန်ုပ်တင်ခဲ့သော Blog များ၏ ရေးသားခဲ့သော နေ့ရက်များကို သင် သတိပြုမိလျှင် သင့်အား ရည်ညွှန်းရေးသားထားခြင်း မဟုတ်ကြောင်း သိနိုင်မည် ဖြစ်ပါသည်။

၉။ ယခုအချိန်တွင် သင်သည် ကျွန်ုပ်အား ပြစ်တင်ပြောဆိုခြင်းများ ပြုလုပ်လာပြီး ရှောင်တိမ်းလာသဖြင့် ချစ်သူအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ပါသည်။

၁၀။ သို့ဖြစ်ပါ၍ သင်နှင့် ကျွန်ုပ် ချစ်ခဲ့စဉ်ကာလက ချစ်သူသဘောမျိုး ကျွန်ုပ်အား ပျော်ရွှင်စေခဲ့ခြင်းအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။






လွမ်းဧကရီ
၀၅-၁၂-၂၀၁၁
နံနက် ၇:၂၀ နာရီ

No comments: