ဒီနေ့ တော့ MM Flash Songs မိသားစုဝင်များအတွက် ကိုယ်ရံတော်ကို အင်တာဗျူးလုပ်ထားတာလေးကို တင်ပြချင်ပါတယ်…
ကိုယ်ရံတော် လို့  ပြောလိုက်ရင် MM Flash Songs မိသားစုဝင်များအားလုံး သိကြမှာပါ…
ကိုယ်ရံတော်ဟာ MM Flash Songs မိသားစုဝင်များ ရေးတင်သောစာများကို အတည်ပြုပြီး ပြန်လည် ဝေမျှပေးနေတဲ့ Administrator တစ်ယောက်ဖြစ်ပါတယ်…
လွမ်းတို့  Admin. တွေက Site နဲ့  ပတ်သက်တာလေးတွေ ဆွေးနွေးတိုင်ပင်ဖို့  တွေ့ ဆုံဖြစ်တာ များပါတယ်…
လွမ်းဧကရီရဲ့ အင်တာဗျူးကို လာဖတ်ပြီးကြောင်း ကိုယ်ရံတော်က လာပြောတာနဲ့  လွမ်းလည်း ကိုယ်ရံတော်ကို အင်တာဗျူးချင်ကြောင်း ပြောကြားတဲ့အခါ ချက်ခြင်းပဲ လက်ခံဖြေဆိုမယ်လို့  ပြောပါတယ်… (ဘယ်အချိန်ကတည်းက ဒီလိုအင်တာဗျူးမှာကို စောင့်နေတာလည်း မသိဘူး… :P)
ဒီတော့ လွမ်းရဲ့ အင်တာဗျူးမေးခွန်းလေးတွေကို ကိုယ်ရံတော်က ဘယ်လိုဖြေဆိုတယ်ဆိုတာ ဖတ်ကြည့်ကြပါအုန်းနော်…







ဝင်ရောက်ခဲ့ပုံကတော့ mm flashsongs မှာ အက်မင်လိုတယ်ဆိုလို့ ၀င်လျှောက်ရင်းနဲ့  ၀င်ဖြစ်သွားတာပါ...
အဲဒီလိုမျိုးတွေကို ကျွန်တော်ကစိတ်ဝင်စားတယ်လေ...
ဝါသနာလဲပါတယ်...
ကိုယ်ကသာ ဘာမှမလုပ်တတ်တာ...


တခြားဆိုဒ်တွေမှာ နာမည်တွေပေးတာစုံနေပြီလေ ပြီးတော့ ပြောရင်တော့ရီမှာပဲသိလား... ကျွန်တော်က ကျွန်တော့်အတဲရေးအတွက် ကိုယ်ရံတော်ဖြစ်ချင်လို့ အဲဒီနာမည်ပေးလိုက်တာပါ...


ကောင်မလေးတွေအများစုကတော့ ကို လို့ခေါ်ပါတယ်
အတဲရေးကတော့ မောင်တဲ့
ဘကြီးဘုန်းကြီးပေးတဲ့နာမည်က ဖိုးချစ်တဲ့
:P


ဘယ်အိမ်မှာလဲဆိုရင်တော့ ယောက္ခမ အိမ်မှာလို့တော့မထင်ပါနဲ့ အမေ့အိမ်မှာ...
အမေ့အိမ်လိပ်စာကတော့
လမ်းထဲမှာပါ...


TTMY ပါ
မလုပ်ရင်လည်းမလုပ်ပါဘူး လုပ်ရင်လည်း ဂယောင် ၆၀ ပါပဲ




သူကလေးလုံးဖြစ်သွားပြီလေ
မှတ်ချက်။ AIDS မဟုတ်ပါ... TTMY ကိုသာဆိုလိုပါသည်...


ကိုယ်တိုင်တော့မလုပ်တတ်ပါဘူး...
လုပ်ဖို့လဲစိတ်မရှည်ပါဘူး...


ဒါပေမယ့် အက်မင်တစ်ယောက်အနေနဲ့ရော မန်ဘာတစ်ယောက်အနေနဲ့ပါ ကြည့်မယ်စဉ်းစားမယ်ဆိုရင် အလွမ်းစာစုလေးတွေချည်းရေးတင်လို့မဖြစ်နိုင်ပါဘူး...
ဒါကြောင့် မန်ဘာတွေအတွက် ဗဟုသုတ၊ ရသ ရစေမယ့်စာတွေရေးတင်ပါတယ်...
တကယ်တမ်းဝါသနာပါတာတော့ အလွမ်းကဗျာလေးတွေပေါ့...


အဲဒါကလဲ ဘယ်လိုပြောမလဲ ခံစားတာများလွန်းလို့ပေါ့နော်...
ခံစားချက်တွေများလာတဲ့အခါ ကဗျာဖြစ်သွားတာပါပဲ...


အဆင်ပြေတာတွေလဲရှိသလို တစ်ခါတစ်လေအဆင်မပြေတာတွေလဲရှိပါတယ်... :P
တားကတော့ လျှော့ပေးရတာပေါ့နော်... :)


အချစ်နဲ့ပတ်သက်ကြသူတိုင်းဟာ ပျော်ရွှင်စွာပေါင်းကြလေသတည်းဆိုတဲ့ ရလဒ်ကိုပဲ ပိုင်ဆိုင်ချင်ကြတာလေ...
ဒါပေမယ့်အကြောင်းကြောင်းကြောင့်ဝေးရတာတွေလည်းရှိပါတယ်...
တကယ်တမ်းအချစ်မှာ အချစ်ပဲရှိတယ်၊ ကိုယ့်ချစ်သူစိတ်ပျော်နေတာမြင်ချင်တယ်၊ ကိုယ့်ချစ်သူ သာယာနေတာမြင်ချင်တယ်၊ ကိုယ့်ချစ်သူ နိမ့်မကျတာကို မြင်ချင်တယ်၊ ကိုယ်ကတော့ဘယ်လောက်ပေးဆပ်ရပေးဆပ်ရပေါ့...
အဲဒါကိုအချစ်လို့  ကျွန်တော်ခံယူထားပါတယ်...


အွန်လိုင်းအချစ်ဆိုပြီး ကြူကြူတွေများတယ်လေ...
ဒါပေမယ့် အွန်လိုင်းပေါ်ကနေပြီး တကယ်တမ်းချစ်ကြိုက် ဘ၀နှစ်ခုပေါင်းစပ်သွားရတာတွေလည်း ရှိပါတယ်...
အဲဒီတော့ အွန်လိုင်းအချစ်ပဲဖြစ်ဖြစ် တကယ့်အချစ်ပဲဖြစ်ဖြစ် ရေစက်နဲ့ဖူးစာပါရင်တော့ ဆုံဆည်းမှာပါပဲ...


ကျွန်တော့်အသိုင်းအ၀ိုင်း၊ သူ့အသိုင်းအ၀ိုင်းမှာ မျက်နှာမငယ်စေရဘူးလို့ပေါ့...


အခုလက်ရှိသံယောဇဉ်ဖြစ်နေတဲ့ဆိုဒ်လေးကိုတော့ ရေရှည်တည်တံ့အောင်ကြိုးစားသွားမှာပါ...
Ning Network တွေကနေ ထွက်လာတဲ့ ning ဆိုဒ်တွေကလဲ ကောင်းပါတယ်... ဗဟုသုတရစရာတွေများပါတယ်...


ရံပုံငွေဆိုပြီး ဘဏ်အကောင့်နဲ့သီးခြားလုပ်သွားမှာပါ...
ဘဏ်အကောင့်ကနေ ငွေသွင်းမယ့်သူဆီကို ကျွန်တော် ပြန်လွှဲပေးနေမှာပါ...
နောက်နောင် mm flashsongs ဆိုဒ် မဖျက်ရအောင် ကျွန်တော်ရော အက်မင်တွေရော ကြိုးစားသွားမှာပါ...
မန်ဘာတွေရဲ့ ပံ့ပိုးကူညီအားပေးမှုတွေနဲ့ပေါ့...

MM Flash Songs မှ မိသားစုဝင်များကို ကိုယ်ရံတော် ပြောချင်တာများရှိရင် ပြောပြစေလိုပါတယ်...

ဆိုဒ်တစ်ခု ရေရှည်ရပ်တည်ဖို့ဆိုတာ အက်မင်တွေနဲ့တင်မပြီးပါဘူး...
မန်ဘာတွေရဲ့ပူးပေါင်းမှုတွေ၊ နွေးထွေးမှုတွေနဲ့မှ ဖြစ်တာပါ...
အဲဒီတော့ ဆိုဒ်လေးရေရှည်တည်တံ့ဖို့အတွက် အက်မင်တွေဘက်ကလည်း ကြိုးစားသွားမှာဖြစ်သလို မန်ဘာတွေအနေနဲ့လည်း ဆိုဒ်ကောင်းဖို့အတွက် အကြံပြုချင်တာများရှိရင် အကြံပြုပေးနိုင်ပါတယ် လို့ပြောချင်ပါတယ်...



ဒီလောက်ဆိုရင် လွမ်းဧကရီနဲ့  ကိုယ်ရံတော်တို့ ရဲ့ အင်တာဗျူးအစီအစဉ်လေးကို ကျေနပ်နှစ်သိမ့်ကြလိမ့်မယ်လို့  ယူဆပါတယ်…
ကိုယ်ရံတော်ရဲ့ အိမ်ကို သွားလည်မယ်ဆိုရင်တော့ ဒီနေရာမှာကလစ်ပြုလုပ်ပါ...
နောင်လာမဲ့ အင်တာဗျူးအစီအစဉ်မှာ ဘယ်သူ့ ကို မေးမယ်ဆိုတာ စောင့်မျှော်ကြပါလို့  ပြောချင်ပါတယ်…
MM Flash Songs မိသားစုဝင်များ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး ပျော်ရွှင်ကြပါစေ…
လွမ်းဧကရီ
၎-၁၂-၂၀၁၁
ညနေ ၁း၁၅ နာရီ
No comments:
Post a Comment