Saturday, February 18, 2012

လွမ်းဧကရီ၏လက်ရာ Flash Songs များ အပိုင်း (၁)

လွမ်းဧကရီ၏လက်ရာ Flash Songs များ အပိုင်း (၁)





လွမ်းရေးသားတဲ့ “၂၀၁၁-ခုနှစ်၊ အချစ်သဝဏ်လွှာ” ကို Flash လုပ်ထားတဲ့သူကို လိုက်ရှာရင်းနဲ့ MM Flash Songs ကို ၂၀၁၁-ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့မှာ ဝင်ရောက်ခဲ့ပါတယ်…

ကိုငြိမ်းက လွမ်းဝင်တဲ့နေ့မှာပဲ အက်မင်တာဝန်ကို ပေးတဲ့အတွက် အက်မင်တာဝန်ယူရင်းနဲ့ ဆိုဒ်နဲ့ ပတ်သက်သော နည်းပညာများကို ရေးတင်ခဲ့ပါတယ်…

Flash Songs များနဲ့ နာမည်ရနေတဲ့ ဆိုဒ်တည်ထောင်သူ ကိုထွန်းထွန်းကိုလည်း ခင်မင်ခွင့် ရခဲ့ပါတယ်…

“၂၀၁၁-ခုနှစ်၊ အချစ်သဝဏ်လွှာ” ကြောင့် ကိုထွန်းထွန်းကို သိကျွမ်းခွင့်ရတဲ့အတွက် ကိုထွန်းထွန်းကို ကိုကိုလို့ ခေါ်ခဲ့ပါတယ်… ကိုကိုက လွမ်းထက် ငယ်ပါတယ်…

ကိုကို့ထံမှ Flash Songs လုပ်တဲ့ နည်းပညာများကို အွန်လိုင်းမှ တဆင့် သင်ကြားခဲ့ပါတယ်…

ယခု Flash Songs လုပ်တဲ့ နည်းပညာ သင်ကြားပြီး ၆-လတာကာလမှာ လွမ်း ပြုလုပ်ခဲ့တဲ့ Flash Songs များကို လွမ်း သူငယ်ချင်းများ ဝေဖန်အကြံပြုနိုင်ရန်အတွက် တင်ပြခြင်း ဖြစ်ပါတယ်…

သီချင်းစာသားပြုလုပ်ရာမှာ လွမ်းက ZawGyi One Font တစ်မျိုးတည်းကိုပဲ သုံးထားပါတယ်…

စာသား Effect ထည့်ရာမှာလည်း ရိုးရှင်းသော ပုံစံကိုသာ သုံးထားတာ တွေ့မှာပါ…

နောက်ခံပုံအများစုကတော့ ဂျပန်နိုင်ငံက သူငယ်ချင်းက ကူညီပံ့ပိုးပေးထားတာပါ…

လွမ်းက လွမ်းနေတတ်သူမို့ အလွမ်းသီချင်းလေးတွေကို ပိုနားထောင်တတ်ပါတယ်…

လွမ်း Flash Song လုပ်ထားတဲ့ သီချင်းတွေက အွန်လိုင်းမှာ ခင်ခဲ့၊ ချစ်ခဲ့ရတဲ့သူတွေ ပို့ပေးထားတာတွေချည်းပါ…

သီချင်းလေးတွေကို ဘယ်လိုဖန်တီးထည့်တယ်ဆိုတဲ့ ပညာလေးကို ရလိုက်တဲ့အတွက် အွန်လိုင်းကနေ သင်ကြားပေးခဲ့တဲ့ ကိုကို့ကို အထူးကျေးဇူးတင်ပါတယ်…

သီချင်းလေးတွေ လုပ်ဖြစ်တိုင်း ကိုကို့ကို သတိတရရှိနေမှာပါ…






မြတ်နိုးခြင်း



မျှော်လင့်နေမယ်




တမ်းတခြင်း..မ









လွမ်းဧကရီ
၂၅-၀၁-၂၀၁၂

ည ၉:၅၅ နာရီ

No comments: