Wednesday, January 21, 2009

ရင်တွင်းခံစားချက် - ၄


ရင်တွင်းခံစားချက် - ၄



ပထမအွန်လိုင်းချစ်သူရဲ့ လွမ်းကို ပြောတဲ့စကားလေးကို ပြောပြချင်လို့ပါ… 
လွမ်းက အွန်လိုင်းချစ်သူအသစ်ရသွားပြီ လို့ပြောတော့… 
“မြန်လှပါလား… ဒါကြောင့် ကျနော့်ကို မေ့နေတာပေါ့… လွမ်းက အပြောကောင်းတယ်ဆိုတော့ Boyfriend တစ်ယောက် ထပ်ရတာ မအံ့ဩပါဘူး… အဲဒီလိုအပြောလေးတွေနဲ့ပဲ ကျနော်တောင် လွမ်းကို ချစ်ခဲ့ရတာလေ… ကျနော် စကားပုံတစ်ခု ကြားဖူးတယ်… အဲဒါ သိပ်မှန်တာပဲဗျာ… မိန်းမတွေဟာ ချစ်သူက အနားမှာ မရှိတဲ့အခါ အနားမှာရှိတဲ့သူကိုပဲ ချစ်မိသွားတယ်…ဆိုတာလေ… ကြားဖူးတယ် မဟုတ်လား… လွမ်းလည်း အဲဒီလိုပါပဲ… လွမ်းဘက်က ချစ်သူတစ်ယောက် ထပ်ရတယ်ဆိုပေမဲ့ ကျနော့်ဘက်ကတော့ ဒီတိုင်းပဲ… အရာအားလုံးဟာ ပုံမှန်အတိုင်းပါပဲ… ကျနော် လွမ်းနဲ့ ပတ်သက်ပြီး နားလည်ထားပါတယ်… Sometime မှာ Everything is nothing ပဲလေ… အရာရာတိုင်းကို တစ်ချိန်ချိန်မှာ ဆုံးရှုံးမှာပဲလေ… အဲ့ဒီအတွက် Prepare လုပ်ထားပါတယ်” 
အဲဒီလို လွမ်းကို ပြောသွားတယ်… 
လွမ်း သူပြောတာကို အမှတ်တရ Print ထုတ်ထားခဲ့တာလေ… 
လွမ်း ကိုယ်ချစ်ကို ရွေးခဲ့တဲ့အတွက် တေဇာ့ရဲ့ အစားထိုးချစ်သူတစ်ယောက်လိုပဲ ဖြစ်ခဲ့ရတာပါ
 လွမ်းအပေါ် အနိုင်ယူတယ်လေ… 
သူ တစ်ခြားမိန်းခလေးတစ်ယောက်နဲ့ စကားပြောရင် သဝန်တိုတတ်တဲ့ ကိုယ့်စိတ်ကို ချိုးနှိမ်ထားခဲ့ရတယ်… 
အရာအားလုံးကို ခွင့်လွှတ်စိတ်နဲ့ ချစ်နေရတာလေ… 
ပထမအွန်လိုင်းချစ်သူက ရှိခဲ့ဖူးတဲ့ သံယောဇဉ်နဲ့ သူငယ်ချင်းကောင်းအဖြစ် ယနေ့တိုင် ရပ်တည်ပေးခဲ့ပါတယ်… 
ဒီနေရာမှာ ယောင်္ကျားလေးတွေရဲ့ စိတ်ဟာ ဆုံးဖြတ်ချက်ချထားပြီးရင် ဘယ်တော့မှ မပြင်တော့ဘူးဆိုတာ သိလာရတယ်… 
လွမ်းတို့ မိန်းခလေးတွေက ပြောသမျှ ယုံလွယ်တတ်တယ်လေ… 
လွမ်းလည်း တစ်ချိန်ချိန်မှာ ဆုံးရှုံးလာမဲ့ အချစ်အတွက် ပြင်ဆင်ထားနေပါတယ်… 
တေဇာက တာဝန်နဲ့ဆိုတော့ လွမ်းနဲ့ အဝေးမှာပဲ နေရတယ်… 
ခုတော့ လွမ်း အဝေးကြီးက လွမ်းနေရတုန်းပါပဲ…



လွမ်း
 

1 comment:

ကိုစွမ်း said...

ခံစားချက်လေးကို ကိုယ်ချင်းစာမိပါတယ်ခင်ဗျာ