Wednesday, July 29, 2009

လွမ်းပုံပြင်

လွမ်းပုံပြင်


တစ်ခါက တိုင်းပြည်တစ်ပြည်မှာ အလွန်တရာ ချောမောလှပတဲ့ မင်းသမီးလေးတစ်ပါး ရှိတယ်…

မင်းသမီးလေးဟာ ဘယ်သူနဲ့မှ မတူအောင် အစစအရာရာ လိုလေသေးမရှိ ပြီးပြည့်စုံတယ်…

ဒါကြောင့် မင်းသမီးလေးကို လိုချင်တဲ့ ပုရိသလူငယ် မင်းသားလေးတွေဟာ အင်မတန်မှ များပြားစွာ လာရောက်ချဉ်းကပ်ကြတယ်…

အဲ့ဒီ မင်းသားလေးတွေထဲမှာ အလွန်ယောင်္ကျားပီသပြီး ရုပ်ရည်ခန့်ညားတဲ့သူတွေလည်း မရေမတွက်နိုင်အောင် အများကြီးပေါ့…

ဒါပေမဲ့လည်း မင်းသမီးလေးဟာ ဘယ်သူ့ကိုမှ မေတ္တာမမျှနိုင်ဘဲ ဖြစ်နေတယ်…



ဒူးထောင်ထားတဲ့…သူ့ပေါင်က
မြွေပွေးတစ်သိန်း…အဆိပ်ထက်ပြင်းတယ်။


နှုတ်ခမ်းဆီ…ရဲရဲနီ..ဖို့
နေ့စဉ်..
လက်မောင်းသွေးတစ်ထောင်..ဖောက်တယ်။


မျက်တောင်တွေ..ကော့စင်းစေဖို့
အဏုမြူဗုံး..နှစ်လုံးပေါက်တယ်။



လူးလိုက်တဲ့..နို့ရည်
အခုဆို..
တိုက်ကြီး..ခုနစ်တိုက်လုံး..နွားထီးချည်းကျန်ရပြီ။

 

လည်မှာ..အမြဲ
ရင်မှာ..ဆွဲဖို့
ပင်လယ်မှာ..ပုလဲဆိုတာလည်း..မရှိတော့ဘူး။



တစ်ကိုယ်လုံးကို..ပတ္တမြားစီဖို့
ကမ္ဘာကြီးတစ်ခြမ်း..ဆွဲလှန်ကြတယ်။



နား..မှာ..စိန်
ခြေထောက်မှာ..စိန်
သူ့နားကပ်က..သူ့ဖိနပ်ထက်ကြီးတယ်။

 


စံပယ်တင်..အပြုံးမှာ
အတုန်းအရုံး..ကျဆုံးကုန်တာ
ဒုတိယကမ္ဘာစစ်ထက်..များတယ်။



ရင်သားနဲ့..တင်ပါးအတွက်
ခုနစ်ပြည်ထောင်..အချင်းများရတယ်။



..မျက်လုံးမှာ..
…နေတစ်ခြမ်းစီ…

 
…လခြမ်း…
…မျက်ခုံးနဲ့…

 
…တစ်လောကလုံး…

မှောင်လိုက…မှောင်
လင်းလိုက…ထင်းစေ

အဲဒီလို အလွန်ပင် ချောမောလှပတဲ့ မင်းသမီးလေးဟာ မြို့တွင်းလှည့်လည်ရင်းနဲ့ တစ်နေ့မှာ မင်းသားလေးတစ်ပါးနဲ့ တွေ့တယ်။ 

အဲ့ဒီမင်းသားလေးကလည်း မင်းသမီးလေးကို တွေ့ပြီး နောက်ပိုင်း မင်းသမီးလေးကို အကြောင်းအမျိုးမျိုးနဲ့ ချဉ်းကပ်ရင်း နှစ်ဦးသား သံယောဇဉ် ငြိတွယ်လာခဲ့ကြတယ်…

နတ်သမီးစီး ကျောက်စိမ်းဝေါယာဉ်ဦး


နှလုံးသားခန်းလှည့်လည် ရပ်တန့်စဉ်


ရွှေကန့်လန်ကာ…အဟ


မျက်ဝန်းအစုံ မူးမိုက်ခေါင်းခြင်းတိုက်


စကားလုံးသံမဲ့ အချိန်တွေ နွားကျောင်းရင်း


သံယောဇဉ်ပန်းရောင် မြက်ခင်းနုနုတွေပေါ်


ခြေသံချိုချို ပုလွေတငိုငို ပူးလူးပွေ့ဖက်လို့

သူတို့နှစ်ဦးရဲ့ သံယောဇဉ်ငြိတွယ်တာကို တိုင်းသူပြည်သားတွေက ရိပ်မိနေကြတယ်…

ဒါပေမယ့် မင်းသမီးလေးက မင်းသားလေးမှာ ချစ်သူရှိပြီးသားဆိုတာကို သိထားတယ်လေ…

မင်းသမီးလေးက မင်းသားလေးကို ချစ်တာမဟုတ်ဘူးဆိုတာတော့ ဘယ်သူမှ ရိပ်မိ မသိရှိကြဘူး…

ဒါပေမဲ့ မင်းသမီးလေးက မင်းသားလေးကို ဘာကြောင့် သံယောဇဉ်ဖြစ်သွားမှန်း သူ့ကိုယ်သူတောင် နားမလည်နိုင်ဘူး ဖြစ်နေရှာတယ်…

တိုင်းသူပြည်သားတွေကတော့ မင်းသမီးလေးက မင်းသားလေးအပေါ် ချစ်နေပြီလို့ ထင်မြင် ယုံကြည်နေကြတယ်…

မင်းသားလေးကလည်း မင်းသမီးလေးအပေါ် သံယောဇဉ်ရှိပေမဲ့ ချစ်တာမဟုတ်ဘူး…

မျက်စိကမြင် နားတွေကကြား


တစ်ဆင့်ခြင်းစ တစ်ဆင့်ခြင်းကား


စကတည်းက…ကား


စ….ကား


မင်းသမီးနဲ့ မင်းသား


…သိပ်ချစ်နေကြပါလား…




တံဆိပ်ခတ်ကာ ချိတ်ပိတ်ပြီးသား


…ဒီစာ…


ဖွင့်မဖတ်ခင်ကတည်းက သိပြီးသားပေမယ့်


ဝါသနာရေစက်စိုသမို့…မခြောက်ရတယ်


…တိုင်းသူပြည်သားတွေရယ်…


ဒါကို…ချစ်မိရှာသတဲ့လား?

တစ်ရက်မှာ မင်းသားလေးက သူ့မှာ မင်းသမီးလေးမဟုတ်တဲ့ တခြားသော ချစ်သူရှိတယ်လို့ တိုင်းသူပြည်သားတွေကို ကြေငြာလိုက်တော့ တိုင်းသူပြည်သားတွေက အလွန် အံ့ဩသွားကြ တယ်…


မင်းသမီးလေးက ဒီအချိန်မှာ တိုင်းသူပြည်သားတွေရဲ့ ဝေဖန်ပြောဆိုမှုတွေကို အရမ်းသိချင် နေရှာတယ်…

အချစ်က အားတွေရှိစေတယ်


အချစ်ဆိုတာ…ချစ်မိရင် ကြောက်ဖို့ကောင်းလောက်အောင် စွဲလမ်းစေတယ်


ဒီလိုတွေပြောရင်း…ချစ်သူရှိတယ် ကြော်ငြာမောင်းခတ်


လုပ်ရက်လေသလား မောင်တော်ရယ်လို့


လွမ်းမယ်ထင်လား?


ဟား…ဟား…ဟား


မိန်းမသားမို့ နုနုရွရွ ရီပေမယ့်



လွမ်းဧကရီမင်းသမီးဆိုတဲ့…ကျွန်မက


အလွမ်းမသင့်တဲ့ ဇာတ်လမ်းကို


စကတည်းကကို ဘယ်တော့မှ မလွမ်းခဲ့ဘူး။






လွမ်း + အနတ္တ အနော်မာ
၂၄-၀၇-၀၉

နံနက် ၀၁:၄၆ နာရီ

No comments: