Tuesday, April 16, 2013

မွန်ပြည်နယ်သို့  အလည်တစ်ခေါက် အပိုင်း(၃)

မွန်ပြည်နယ်သို့  အလည်တစ်ခေါက် အပိုင်း(၃)



လွမ်းတို့  ကျိုက္ခမီရေလယ်ဘုရားကနေ ပြန်ထွက်ခဲ့ပြီး လမ်းဆုံနေရာကနေ စက်စဲကမ်းခြေကို ဆက်သွားခဲ့ပါတယ်။

လွမ်းတို့ တည်းဖို့ စီစဉ်ထားတဲ့ 21 PARADISE အဆင့်မြင့်တည်းခိုရိပ်သာက ဖွင့်တာ မကြာသေးဘူးလို့  သိရပါတယ်။



လွမ်းအတွက် နှစ်ယောက်အိပ် အခန်းစီစဉ်ပေးထားပါတယ်။



လွမ်းလည်း ခဏနား၊ ရေချိုးပြီး စက်စဲကမ်းခြေကို လမ်းလျှောက်ထွက်ခဲ့ပါတယ်။

လွမ်းတို့  တည်းခိုရိပ်သာနေရာကနေ ကမ်းစပ်ကို သွားတော့ လူရှင်းနေပါတယ်။


လွမ်းလည်း ညနေဆည်းဆာ စက်စဲကမ်းခြေအလှကို ဓါတ်ပုံရိုက် မှတ်တမ်းယူပါသည်။


 ပင်လယ်ကမ်းခြေမှ တည်းခိုရိပ်သာသို့  လှမ်းမြင်ရပုံ


 ပင်လယ်ကမ်းခြေမှ စက်စဲရွာသို့  လှမ်းမြင်ရပုံ


ပင်လယ်ကမ်းခြေမှာ ပိုက်ကွန်နဲ့  ငါးဖမ်းနေသူနှစ်ဦး


ညနေ နဲနဲမှောင်တော့ တည်းခိုရိပ်သာရဲ့ ၀ါးအိပ်စင်မှာ လှဲအိပ်ပြီး ပင်လယ်လေကို ခံယူပါတယ်။ ပင်လယ်ရေလှိုင်းသံကို မျက်စိပိတ်ပြီး နားဆင်နေမိပါတယ်။

ရန်ကုန်မြို့ မှာ အလုပ်တွေမနားမနေလုပ်ပြီး စိတ်ပင်ပန်း၊ လူပင်ပန်းခဲ့ရသမျှတွေကို မေ့ထားပြီး အနားယူလိုက်ရတာဟာ စိတ်ကို လန်းဆန်းသွားစေတာတော့ အမှန်ပါ။

ညပိုင်းကို စက်စဲရွာရဲ့ ပွဲဈေးတန်းကို လမ်းလျှောက်ပြီး ညစာစားခဲ့ပါတယ်။

တည်းခိုရိပ်သာပြန်ရောက်တော့ မျက်နှာသစ်၊ ခြေလက်သန့် စင်ပြီး မောမောနဲ့  အိပ်ပျော်သွားပါတယ်။

မနက်ပိုင်းကို ဖုံးနှိုးစက်သံကြောင့် လန့် နိုးပြီး ရေချိုး၊ အလှပြင်ပြီး တည်းခိုခန်းရဲ့ မနက်စာ ခေါက်ဆွဲနဲ့  ကြက်ဥကို သုံးဆောင်ပြီး ကော်ဖီသောက်ပါတယ်။



မနက်ခင်း လတ်ဆတ်တဲ့ ပင်လယ်လေနဲ့  လှပတဲ့ရှုခင်းကို နှုတ်ဆက်ပြီး သံဖြူဇရပ်မြို့ ကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။

တည်းခိုရိပ်သာမှ ပင်လယ်ပြင်သို့  လှမ်းမြင်ရပုံ 
 တည်းခိုရိပ်သာ
 လွမ်း တည်းခဲ့တဲ့ တည်းခိုဆောင်
 
ရာဘာတောကိုလည်း အနီးကပ်လေ့လာခွင့်ရခဲ့ပါတယ်။ 


ရာဘာပင်ကြောင့် အရိပ်ရနေတာကို ဓါတ်ပုံရိုက်ထားတာ...




ရာဘာစေးထုတ်ထားပြီးသော ရာဘာပင်
 

 
 

သံဖြူဇရပ်မှာ ကုမ္ပဏီကလှူဒါန်းငွေကို ပေးအပ်ပြီး ပြန်လာခဲ့ပါတယ်။



လွမ်းဧကရီ
၁၆-၀၄-၂၀၁၃
ည ၁၁း၄၀ နာရီ



1 comment:

Unknown said...

မြင်ရုံနဲ့တင်လွတ်လပ်မှုကိုခံစားလိုက်ရတယ်။
လွမ်းရဲ့စိတ်ဖိစီးမှုတွေပြေပျောက်သွားလောက်ပါပြီ။