Sunday, May 5, 2013

မဟာကျိန်သစ္စာရှင်ဘုရား

မဟာကျိန်သစ္စာရှင်ဘုရား


ဒီနေ့  လွမ်း...အဝေးပြေးကားဂိတ်ကို အညာမှရောက်လာသော ဧည့်သည်နဲ့ အတူ သွားရောက်ခဲ့ပါတယ်။

မြောက်ဥက္ကလာပလမ်းကနေ မောင်းလာတဲ့အတွက် မဟာကျိန်သစ္စာရှင်ဘုရားကို အဝေးကနေ ဖူးတွေ့ ရတဲ့ အခါ ဧည့်သည်က တစ်ကြိမ်မှ မဖူးဘူးသေးကြောင်းပြောတာနဲ့  ကားကို ဘုရားလမ်းအတွင်း ချိုးဝင်ပြီး ကားရပ်ရန်နေရာတွင် ရပ်လိုက်ပါတယ်။

လွမ်းကားဘေးမှာ ကားတစ်စီးရောက်လာပြီး မဟာကျိန်သစ္စာရှင်ဘုရားတည်သူ ဆရာတော်ကြွရောက်လာ ပါတယ်။

လွမ်း..မဟာကျိန်သစ္စာရှင်ဘုရားကို သုံးကြိမ်မြောက် ၀င်ရောက်ဖူးမြှော်ခြင်းဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာ လွမ်းကံကောင်းစွာနဲ့ ပဲ မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော် ဦးကုလရက္ခိတကို ကိုယ်တိုင် ဖူးတွေ့ ခွင့်ရခဲ့ပါတယ်။

ဆရာတော်က ဘုရားဝင်းအတွင်း ဆောက်လုပ်ဆဲလုပ်ငန်းတွေကို လှည့်လည်စစ်ဆေးတော်မူပါတယ်။

ဆရာတော်က လွမ်းကို ဘယ်ကလဲ၊ ဘယ်မြို့ နယ်ကလဲလို့ မိန့် တော်မူပါတယ်။

လွမ်းက ဆရာတော်ကို ဓါတ်ပုံရိုက်ခွင့်ပြုပါရန် လျှောက်ထားတဲ့အခါ ဆရာတော်က ဓါတ်ပုံရိုက်ခွင့်ပြုခဲ့ပါ တယ်။

ဒီနေ့  လွမ်းဖူးမြှော်ခဲ့ရတဲ့ ဘုရားပုံတော်များနဲ့  ဖူးတွေ့ ခဲ့ရတဲ့ ဆရာတော်ရဲ့ ပုံတော်ကို သူငယ်ချင်းများ လည်း ဖူးတွေ့ နိုင်စေရန် တင်ပေးလိုက်ပါတယ်။



 မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော် ဦးကုလရက္ခိတ


ဘုရားဝင်းအ၀င်မုခ်ဦး


 ဘုရားဝင်းအပြင်ဖက်မှ ရိုက်ထားသောပုံ



သူငယ်ချင်းများအားလုံး စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေ။



လွမ်းဧကရီ
၀၅-၀၅-၂၀၁၃
ည ၁၀း၃၄ နာရီ


1 comment:

Unknown said...

လွမ်း ကံ​ကောင်းတာ​ပေါ့ ၊
ဆရာ​တော်​ပုံကို ရခဲ့တာ။