Thursday, August 30, 2012

လွမ်း…လွမ်းနေပါတယ်

လွမ်း…လွမ်းနေပါတယ်


လွမ်း…မနက်မိုးလင်းတာနဲ့ သူ့ကို သတိရနေတယ်…

လွမ်း…အလုပ်တွေနားတာနဲ့ သူ့ဆီကို စာရေးဖို့ ကြိုးစားတယ်…

လွမ်း…သူ့ဆီက စာကို မျှော်နေတတ်တယ်…

လွမ်း…ကားမောင်းနေရင်း သူပေးထားတဲ့ သီချင်းလေးတွေ နားထောင်တတ်တယ်…

လွမ်း…လွမ်းနေရင် သူပို့ထားတဲ့ သီချင်းတွေကို Flash Song လုပ်ပြီး အလွမ်းဖြေတယ်…

လွမ်း…သူ လွမ်းကို သတိရနေတယ် ဆိုတာပဲ လိုချင်တယ်…

လွမ်း…လွမ်းစိတ်တွေ သူ့ဆီရောက်နေသလို သူ့စိတ်တွေကို လွမ်းပဲ ပိုင်ဆိုင်ထားချင်တယ်…

လွမ်းလွမ်းအတွက် ဆိုပြီး ပို့ထားတဲ့ သူပေးတဲ့ သီချင်းလေးကို Flash Song လုပ်ထားတာကို သူငယ်ချင်းတို့ နားဆင်ဖို့ ထည့်ပေးလိုက်ပါတယ်…

လွမ်း…သူပေးတဲ့သီချင်းကို နားထောင်ပြီး ရင်ခုန်မိတယ်ဆိုရင် လွမ်းစိတ်က ဘယ်လိုဖြစ်နေလို့လဲ လွမ်းကိုယ်လွမ်းလည်း မသိပါဘူး…

လွမ်း…သူ့ကို လွမ်းနေတာပဲ သိတယ်…

လွမ်း… လွမ်းနေတာကို သူသိစေချင်ပါတယ်…



 
 
 
လွမ်းဧကရီ
၃၀-၀၈-၂၀၁၂
နံနက် ၁၀:၁၅ နာရီ

No comments: