Sunday, September 23, 2012

နေပြည်တော် ရေပန်းဥယျာဉ်

နေပြည်တော် ရေပန်းဥယျာဉ်



လွမ်း…ဒီတစ်ခေါက် နေပြည်တော်ကို အလုပ်ကိစ္စနဲ့  ရောက်နေတာ ရက်တော်တော်ကြာသွားတယ်…

အလုပ်ကိစ္စအတွက် သွားဖို့  လွမ်းကို ကားတစ်စီးစီစဉ်ပေးထားတော့ အတော်လေး အဆင်ပြေပါတယ်…

ကားမောင်းသူကို လမ်းပြပေးဖို့  အဖော်ခေါ်ပြီး ကိုယ်တိုင်ကားမောင်းရတာလည်း အရသာတစ်ခုပါ…

ရန်ကုန်မှာ ကုမ္ပဏီရောက်ဖို့  မီးပွိုင့်မှာ နှစ်ခါ၊ သုံးခါမိပြီး မီးပွိုင့်များစွာကို ကျော်ဖြတ်သွားနေရတဲ့ဒုက္ခက နေပြည်တော်မှာ လုံးဝမရှိခြင်းကလည်း မိမိသွားလိုတဲ့နေရာကို ရောက်မဲ့အချိန် တွက်ဆလို့ ရပါတယ်…

မနေ့ က စနေနေ့ ဆိုတော့ ဆံပင်သွားကောက်ပြီး အပြန်မှာ နေပြည်တော် ရေပန်းဥယျာဉ်ကို ၀င်ရောက် လည်ပတ်ခဲ့ပါတယ်…

ရေပန်းဥယျာဉ်က ဥယျာဉ်လေးတစ်ခုလို ပြင်ဆင်ထားတော့ လာရောက်အပန်းဖြေသူများပါတယ်…

လူဝင်ကြေး ၅၀၀-ကျပ်နဲ့  ကားဝင်ခ ၅၀၀-ကျပ်ပေးရပါတယ်…

ဓါတ်ပုံရိုက်ဖို့  ကင်မရာပါလာရင် ၁၀၀၀-ကျပ်ထပ်မံကောက်ခံပါတယ်…

ကားက Car Parking နေရာမှာ ရပ်ခဲ့ရပြီး လမ်းလျှောက်ဝင်ရတာပါ…

လွမ်းရိုက်ခဲ့တဲ့ဓါတ်ပုံများကို သူငယ်ချင်းတွေ ကြည့်ရအောင် တင်ပေးပါမယ်…

ဒါကတော့ ရေပန်းဥယျာဉ် အ၀င်ပါ…


ဒီနေရာကတော့ လူတွေအများဆုံးရှိတဲ့နေရာပါ…

သီချင်းဖွင့်ထားပြီး သီချင်းနဲ့  အလိုက် ရေပန်းများကို ကနေသလို ပြုလုပ်ပေးထားတာပါ…


ဒါကတော့ အလှဆင်ထားတဲ့ ရေပန်းနေရာလေးပါ...


ပန်းခြံအတွင်းမှာ ရှိတဲ့ ကြိုးတံတားလေးကတော့ နေပြည်တော် စည်ပင်သာယာရေးကော်မတီက ၄-၁-၂၀၀၉ ခုနှစ်က ဖွင့်လှစ်ပါတယ်လို့  ရေးထားပါတယ်... 

 ဒီနေရာလေးကတော့ ကြိုးတံတားတစ်ခုကို ဖြတ်ပြီးမှ ရောက်မှာပါ...

ရေတွေက ကျောက်တုံးများကြားမှာ ဖြတ်စီးနေပြီး ကျောက်တုံးတွေပေါ် လမ်းလျှောက်လို့ ရသလို ယောင်္ကျားလေးတွေကတော့ ရေထဲမှာ ဘောလုံးများဖြင့် ကစားနေကြတဲ့နေရာလေးပါ...

ဒီနေရာလေးကတော့ ရေတံခွန်လို လုပ်ထားတဲ့နေရာလေးပါ...

ဓါတ်ပုံရိုက်တဲ့သူများပါတယ်...


နေပြည်တော်မှာ လည်ပတ်စရာနေရာလေးတစ်ခုအဖြစ် တင်ပြပေးတာပါ...

ဥယျာဉ်ထဲမှာ ပန်းအလှပင်များကို အသည်းပုံ၊ တိရစ္ဆာန်များပုံစံများပြုလုပ်ထားတဲ့အတွက် ဓါတ်ပုံရိုက်ဖို့  လှပါတယ်...

အပန်းဖြေဖို့  ထိုင်ခုံတန်းလေးများလည်း လုပ်ထားပေးပါတယ်...

လွမ်းကင်မရာက Momory Card ကုန်သွားလို့  မှတ်တမ်းပုံလေးတွေ မရိုက်ဖြစ်ခဲ့ပါဘူး...

သူငယ်ချင်းများ စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေ...





လွမ်းဧကရီ
၂၃-၀၉-၂၀၁၂
နံနက် ၈း၄၀ နာရီ

No comments: