Sunday, September 30, 2012

ကလုန်းရဲ့ သက်ရောက်မှု Promotion ပွဲ

ကလုန်းရဲ့ သက်ရောက်မှု Promotion ပွဲ

လွမ်း…သောကြာနေ့က ရန်ကုန်ပြန်ရောက်တော့ ကလုန်းဆီကို ဖုန်းဆက်လိုက်ပါတယ်…

ကလုန်းက ပုဇွန်တောင် Ocean SuperCenter မှာ Promotion ပွဲလေးလုပ်မယ်လို့ ပြောတာနဲ့ လွမ်းလည်း မအားတဲ့ကြားက ပွဲလုပ်မဲ့နေရာကို အချိန်မှီအောင် သွားဖြစ်ခဲ့ပါတယ်…

ကားရပ်လိုက်တာနဲ့ လှမ်းမြင်ရတဲ့ ကလုန်းရဲ့ ကြော်ငြာကို လှမ်းရိုက်ဖြစ်ပါတယ်…





ဒါကတော့ Ocean SuperCenter အဝင်က ဆိုင်းဘုတ်ပါ…





Promotion ပွဲက သုံးထပ်မှာလုပ်တယ်ဆိုတာနဲ့ လွမ်းလည်း စက်လှေကားနဲ့ တက်ခဲ့ပါတယ်…

လှေကားအတက်မှာ တပ်ထားတဲ့ ဆိုင်းဘုတ်ကို လှမ်းရိုက်ထားတာပါ…

 


လွမ်းရောက်သွားတဲ့အချိန်မှာ ကလုန်းကို MRTV-4 က Interview လုပ်နေတာကို တွေ့ရပါတယ်။



နောက်လွမ်းလည်း ကလုန်းရဲ့ သက်ရောက်မှုအခွေကို သွားဝယ်ပါတယ်…

ကလုန်းရဲ့ ကြော်ငြာစာရွက် လက်ဆောင်ရပါတယ်…

လွမ်းလည်း ကလုန်းကို ကြော်ငြာစာရွက်မှာ အမှတ်တရလက်မှတ်ရေးထိုးခိုင်းပါတယ်…


ကလုန်းကို လွမ်းဧကရီပါလို့  ပြောပြခဲ့ပါတယ်…
 
အဆိုတော်တွေ သီဆိုမဲ့ အစီအစဉ်ထိ နေဖို့  လွမ်းအချိန်မပေးနိုင်တာနဲ့  ပြန်ခဲ့ပါတယ်…

ကလုန်းရဲ့ သက်ရောက်မှု အခွေမထွက်ခင်က အမှတ်တရ Flash Song လုပ်ပေးဖူးတဲ့အတွက် အပြင်မှာ သွားရောက်အားပေးခဲ့တာပါ…

(၃၀-၀၉-၂၀၁၂) နေ့  ကလုန်းအတွက် အမှတ်တရနေ့ ရက်လေးအဖြစ် မှတ်တမ်းတင်ပေးတာပါ…


သူငယ်ချင်းများ စိတ်ချမ်းမြေ့ ပျော်ရွှင်ကြပါစေ…






လွမ်းဧကရီ
၃၀-၀၉-၂၀၁၂
ည ၁၀း၂၅ နာရီ

No comments: