Monday, October 17, 2011

သူငယ်ချင်းဖွဲ့ မယ်၊ စာပို့ မယ်

သူငယ်ချင်းဖွဲ့ မယ်၊ စာပို့ မယ်

ဒီနေ့ တော့ သူငယ်ချင်း မိတ်ဆွေဖွဲ့ တဲ့အကြောင်းလေးကို ရေးသားပါမယ်…


MM Flash Song ကို ၀င်လို့  မိသားစုဝင်ဖြစ်သွားတာနဲ့  မိမိ ခင်တဲ့ သူငယ်ချင်းမိတ်ဆွေများကို လိုက်လံ ရှာဖွေပြီး သူငယ်ချင်း လုပ်လို့ ရပါတယ်…


ဘာလို့  သူငယ်ချင်းလုပ်ရလဲလို့  ပြောရရင် တစ်ခါတစ်ရံ မိမိရေးသားထားတဲ့ စာလေးတွေကို ဖတ်စေချင်တဲ့အခါ၊ မိမိအကူအညီတောင်းချင်တဲ့အခါ၊ မိမိက မိမိတတ်သိနားလည်တာကို ဝေမျှချင်တဲ့အခါ မိတ်ဆွေသူငယ်ချင်းဆိုတာ လိုအပ်လာမှာပါ...


MM Flash Song ကို ၀င်ပြီး သီချင်းနားထောင်ရင်းနဲ့  ကိုယ့်သူငယ်ချင်း အွန်လိုင်းမှာ ရှိနေတဲ့အခါ ပြောချင်တာလေးတွေ၊ လက်ဆောင်ပေးချင်တာလေးတွေ ပေးလို့ ရတာပေါ့နော်…

 
(၁) သူငယ်ချင်းမိတ်ဆွေဖွဲ့ မယ်

သူငယ်ချင်းဖွဲ့ မယ်ဆိုရင် ပင်မစာမျက်နှာမှာရှိတဲ့ Members ဆိုတာကို ကလစ်လုပ်ပြီး ဖွင့်ကြည့်ပါ…


အဖွဲ့ ဝင်တွေကို တွေ့ ရမှာပါ… မိမိသူငယ်ချင်း ပြုလုပ်မဲ့ စာမျက်နှာကို အရင် သွားရပါမယ်…


Profile Photo အောက်ဖက်မှာ ရှိတဲ့ သူငယ်ချင်းဖြစ်ချင်တယ် ဆိုတာကို ကလစ်လုပ်ရပါမယ်…


သူနဲ့  သူငယ်ချင်းဖြစ်ချင်လား ဆိုတဲ့ Dialog Box လေး ပွင့်လာပါလိမ့်မယ်…


အဲဒီ Box ထဲမှာ ကိုယ်ရေးကိုယ်တာ စာထည့်ရန် ဆိုတာကို ကလစ်လုပ်ပြီး ကိုယ်သူငယ်ချင်းဖွဲ့ မဲ့သူကို ပြောချင်တာကို ရေးလို့ ရပါတယ်…
မရေးဘဲနဲ့ လည်း ပေးပို့ ရန်ကို ကလစ်လုပ်လိုက်လို့ ရပါတယ်…


ဒါဆိုရင် မိမိသူငယ်ချင်းအဖွဲ့ ခံရသူက စာမျက်နှာဖွင့်တာနဲ့  စာမျက်နှာညာဖက်အပေါ် သူငယ်ချင်းများဆိုတဲ့နေရာမှာ (1 request) ဆိုပြီး ပေါ်နေတာကို တွေ့ ရမှာပါ…
1 request ဆိုတာကို Click လုပ်ပြီး မိမိ သူငယ်ချင်းဖွဲ့ သူကို လက်ခံမယ် ဆိုတာကို Click လုပ်တာနဲ့  သူငယ်ချင်းတွေ ဖြစ်သွားကြမှာပါ…


(၂) သူငယ်ချင်းထံ စာပို့ မယ်

ဒီတစ်ခါ သူငယ်ချင်းတွေကို စာပို့ တဲ့နည်းကို ဆက်ပြောပါမယ်…
မိမိစာပို့ လိုတဲ့ သူငယ်ချင်းစာမျက်နှာရဲ့ Profile Photo အောက်ဖက်မှာ စာပို့ မယ်ဆိုတာ ရှိပါတယ်…
စာပို့ မယ်ဆိုတာကို Click လုပ်လိုက်ရင် အောက်ဖော်ပြပါပုံအတိုင်း ပေါ်လာမှာပါ…

Comment Box နဲ့  အတူတူပဲမို့  စာတွေ၊ ပုံတွေ၊ Video File တွေအစ ပို့ လို့  ရပါတယ်…
ကိုယ်ထည့်ချင်တဲ့ အကြောင်းအရာထည့်ပြီးပြီဆိုရင်တော့ Send ဆိုတာကို Click လုပ်လိုက်ရုံပါပဲ…


(၃) သူငယ်ချင်းအားလုံးထံ စာပို့ မယ်
တစ်ခါတစ်ရံ သူငယ်ချင်းအိမ်တွေကို သွားမလည်နိုင်တဲ့အခါဖြစ်စေ၊ သူငယ်ချင်းတွေကို မိမိရေးသားတဲ့စာကို ဖတ်စေလိုတဲ့အခါဖြစ်စေ တစ်ကြိမ်တည်းနဲ့  သူငယ်ချင်းတွေဆီ စာပို့ တဲ့နည်းလေး ပြောပါမယ်…


ညာဖက်အထက်နားမှာ ရှိတဲ့ သူငယ်ချင်းများဆိုတာကို Click လုပ်လိုက်ပါ…



မိမိသူငယ်ချင်းများ ဆိုတာကို တွေ့ ပါလိမ့်မယ်…
ပုံပါပြထားတဲ့အတိုင်း သူငယ်ချင်းများထံ စာပို့ ရန်ဆိုတာကို Click လုပ်ပါ…


မိမိသူငယ်ချင်းများ စာရင်းနဲ့ တကွ စာရေးမဲ့ အကြောင်းအရာနဲ့  ရေးရမဲ့ နေရာ ပေါ်လာပါလိမ့်မယ်…


Friends on this Network ဆိုတာကို Click လုပ်ရင် မိမိသူငယ်ချင်းအားလုံးကို ရွေးချယ်တာပါ…


None ဆိုတာကို Click လုပ်ရင် ရွေးထားတာ ဘာမှမရှိအောင် လုပ်တာပါ…


ပုံမှာပြထားတဲ့အတိုင်း ကိုယ်ပို့ ချင်တဲ့ သူငယ်ချင်းကို ရွေးချယ်ပို့ မယ်ဆိုရင်တော့ မိမိပို့ လိုတဲ့ သူငယ်ချင်းရှေ့ မှာရှိတဲ့ Check Box မှာ Tick လုပ်ပေးရပါမယ်… ပုံမှာပြထားတဲ့အတိုင်း သူငယ်ချင်း (၃)ယောက်ကို ရွေးထားရင် 3 Friends Selected လို့  ပေါ်နေမှာပါ…


သူငယ်ချင်းများကို ရွေးချယ်ပြီးလို့  ကိုယ်ပို့ ချင်တာ ရေးပြီး၊ ထည့်ပြီးပြီဆိုရင် Send လို့  Click လုပ်လိုက်တာနဲ့  သူငယ်ချင်းများထံ စာရောက်သွားမှာ ဖြစ်ပါတယ်...

(၄) သူငယ်ချင်းထံ စာပြန်မယ်

ဒီတစ်ခါ လာတဲ့စာကို ပြန်တဲ့နည်း ပြောပါမယ်…
စာပြန်ရန် ဆိုတာကို Click လုပ်ရင် ကိုယ့်ဆီစာရေးတဲ့သူကို စာပြန်တာပါ…




မိမိဆီကို ပို့ တဲ့စာကို တခြားသူတစ်ဦးဆီ Forward လုပ်ချင်ရင် ပြန်ကူးခြင်း ဆိုတာကို Click လုပ်ရမှာပါ…




ဒီလောက်ဆိုရင် သူငယ်ချင်းတွေနဲ့  ပတ်သက်တာကို အတော်အသင့် နားလည်မယ်လို့  ယူဆပါတယ်…

ကွန်ပျူတာအသုံးပြုရင်း နည်းပညာများကို ကျွမ်းကျင်ကြပါစေ…





လွမ်းဧကရီ
၁၆-၁၀-၂၀၁၁
စာရေးပြီးချိန် - ည ၈း၃၀ နာရီ




No comments: