Monday, October 17, 2011

Celebrity Favourite

Celebrity Favourite



အခုအချိန်ကစပြီး အစီအစဉ်သစ်လေးကို တင်ဆက်ပါတော့မယ်…


အဲဒါကတော့ Celebrity Favourite အစီအစဉ်လေးပဲ ဖြစ်ပါတယ်…


ပထမဆုံး တင်ဆက်မဲ့ Celebrity Favourite အစီအစဉ်လေးမှာ Ning Network လောကမှာ အချစ်ကံခေလို့  အမြဲလွမ်းနေရတဲ့ Celebrity လွမ်းဧကရီက ဘာကို Favourite ဆိုတာကို အရူးလွယ်အိတ် ပရိသတ်များ သိရှိနိုင်စေရန် တင်ဆက်သွားပါမယ်…


(ကိုယ့်ဖာသာ Celebrity လို့ ပြောတာ မနာလိုဖြစ်ရဘူးနော်… ဟိဟိ)
………………………………………………………………………………………………..
ခုလို Celebrity Favourite အစီအစဉ်လေးမှာ လွမ်း ဘာတွေနှစ်သက်လဲလို့  ပြောခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်… ဘာပြောရမလဲ စဉ်းစားလိုက်အုန်းမယ်နော်…



MRTV-4 က တင်ဆက်သွားတဲ့ Celebrity Favourite အစီအစဉ်မှာတော့ အနုပညာရှင်တွေဟာ သူတို့ ရဲ့ အ၀တ်အစားဘီရိုကြီးကို ဖွင့်ပြပြီး Favourite ဖြစ်တဲ့ အ၀တ်တွေကို ပြပါတယ်…


လွမ်းရဲ့ ဘီရိုကို ဖွင့်ပြလို့  မဖြစ်ပါဘူး… မီးပူမတိုက်ရသေးတဲ့ အ၀တ်တွေ လုံးထည့်ထားလို့ ပါ… ဒီတော့ Favorite ဖြစ်တဲ့အ၀တ် ပြလို့  မဖြစ်ဘူး…


မိန်းခလေးအနုပညာရှင်တွေက သူတို့  ကိုင်တဲ့ Slim Bag လှလှလေးတွေကို ထုတ်ပြပါတယ်…


လွမ်းကိုင်တဲ့ အိတ်ကတော့ ထီး၊ မှတ်စုစာအုပ်တွေ၊ ဖုံးတွေ၊ ပိုက်ဆံတွေ ထည့်ဖို့  အိတ်ကြီးကြီးပဲ ကိုင်တတ်တာမို့  Favourite မဖြစ်ပါဘူး… Slim Bag မဟုတ်ဘူး… Big Bag ဖြစ်နေတာ… :P


အနုပညာရှင်တွေက သူတို့ နှစ်သက်တဲ့ ဇာတ်ကားတွေကို Flat TV ကြီးနဲ့  ကြည့်ဖို့  Video ခွေတွေ ၀ယ်ထားတာကို ထုတ်ပြကြပါတယ်…


လွမ်းရဲ့ TV က ၂၀-ရာစုခေတ်က ၀ယ်ထားတာ ခုထိကောင်းနေသေးတယ်… TV ဟောင်းလေးနဲ့ ပဲ 5-Movies, 5-Series တွေကို ကြည့်နေတော့ ပြလို့  မဖြစ်ပါဘူး…


ခြံဝင်းထဲမှာ တိုက်လှလှလေးရှိတဲ့ အနုပညာရှင်တွေက သူတို့ တိုက်ပေါ်လွင်အောင် Veranda ပေါ်မှာ ထိုင်ပြကြတယ်…


လွမ်းက Contract Building မှာ နေတာလေ… ဒီတော့ နေတဲ့တိုက်ကိုလည်း Favourite လို့  ပြောလို့  မဖြစ်ဘူး…


အနုပညာရှင်တွေက သူတို့  မှန်တင်ခုံကြီးကို ပြပြီး ဆိုင်ကနေ ယူတင်ထားလား အောင်းမေ့ရအောင် အလှပြင်ပစ္စည်းတွေ၊ ရေမွှေးတွေ၊ Style Accessories တွေကို ထုတ်ပြကြတယ်…


လွမ်းက အလှပြင်ပစ္စည်းတွေကို တစ်ခုကုန်မှ တစ်ခုထပ်ဝယ်တာဆိုတော့ အလှပြင်ပစ္စည်းကိုလည်း Favourite ဖြစ်တယ်လို့  ပြောလို့  မဖြစ်ဘူး…


ဒါဆို လွမ်းဧကရီက ဘာကို Favourite ဖြစ်တာလဲဆိုတာ သိချင်နေမှာပဲနော်…


လွမ်းက မိန်းခလေးဖြစ်ပေမဲ့ မီးဖိုချောင်ဝင်ပြီး ထမင်း၊ ဟင်းချက်ရမှာ အပျင်းဆုံးပါပဲ…


ကိုယ့်ဖာသာစားဖို့ တောင် ချက်ဖို့  ပျင်းနေတာ… သူများကျွေးဖို့ ဆို ပိုဝေးရော… သိအောင်ပြောထားတာ…


သူငယ်ချင်းတွေက လွမ်းသွားလည်လို့  ထမင်းစားချိန်ဖြစ်နေရင် သူတို့ ချက်ထားတာတွေ ကျွေးကြတယ်…
(တမင် ထမင်းစားချိန်သွားတာ မဟုတ်ဘူးနော်…ခစ်…ခစ်)


ကိုယ့်ဆီကို သူငယ်ချင်းတွေ လာလည်ရင် အိမ်မှာ ကျွေးစရာမရှိတော့ ဘာစားချင်လဲ ဆိုပြီး သူတို့  စားချင်တာ လိုက်ဝယ်ကျွေးလိုက်တယ်…


ကိုယ်ကတော့ အမြဲအပြင်မှာ ထွက်စားဖို့  မဖြစ်နိုင်တော့ မီးဖိုချောင်ထဲမှာ ထမင်း၊ဟင်းချက်ရင် အထောက်အကူဖြစ်မဲ့ လျှပ်စစ်ပစ္စည်းတွေကို ၀ယ်ထားရတာကို လွမ်း Favourite ဖြစ်ပါတယ်…

ဒါတွေကတော့ လွမ်းဝယ်ထားတဲ့ မီးဖိုချောင်သုံးလျှပ်စစ်ပစ္စည်းလေးတွေပါ...



ပထမဆုံးစက်က Rice Cooker ပါ... Rice Cooker ကတော့ ရှိမှ ဖြစ်မှာပေါ့နော်… ဆန်လေး ရေဆေးပြီး ရေထည့် ခလုတ်နှိပ်ရုံနဲ့  ထမင်းဖြစ်သွားတာကိုး…



ဒုတိယစက်က Speed Chef ပါ… အသားကြိတ်တာ၊ ကြက်သွန်ကြေအောင်လုပ်တာ၊ အသီးတွေလှီးတာနဲ့  အာလူးအချပ်လေးတွေ လုပ်လို့  ရတဲ့စက်ပါ…



တတိယစက်က Super Blender ပါ… ရေခဲကိုပါ ရေခဲမှုန်ဖြစ်အောင် Crush လုပ်နိုင်သလို သစ်သီးများနဲ့  Mix လုပ်ပြီး ဖျော်တဲ့စက်လေးပါ… လွမ်းက Ice Blended Juice ကို ကြိုက်လို့ ပါ…





စတုတ္ထစက်က Toaster Oven ပါ… ကြက်အူချောင်း၊ အမဲခြောက်တွေကို ကင်လို့  ရတဲ့စက်ပါ…




ပဉ္စမစက်ကတော့ Electric Kettle ပါ… လွမ်းက ကော်ဖီပူပူ၊ လ္ဘက်ရည်ပူပူကိုပဲ သောက်တတ်ပါတယ်… ဒီတော့ လ္ဘက်ရည်သောက်တော့မယ်ဆိုရင် ဓါတ်ဗူးထဲက ရေနွေးကို Electric Kettle ထဲ ပြန်ထည့်ပြီး ဆူတဲ့ ရေနွေးကို သုံပြီး လ္ဘက်ရည်ဖျော်လေ့ ရှိပါတယ်… လွမ်း Favourite အဖြစ်ဆုံးစက်လေးပါ…


ဆဌမစက်ကတော့ ပေါင်မုန့် ကင်တဲ့ စက်လေးပါ… တစ်ခါတစ်ရံ မနက်စာ ပေါင်မုန့် စားရင် ကင်ပြီး ထောပတ်သုတ်စားပါတယ်…


သတ္တမစက်ကတော့ လွမ်းအတွက် အလွန်အသုံးဝင်တဲ့စက်လေးလို့  ပြောလို့ ရပါတယ်… Grill Microwave Oven ပါ… အသားတွေကင်လို့  ရသလို ဟင်းရွက်ကျော်လို့ ရတယ်… Soup တွေလုပ်လို့ ရပါတယ်… ထမင်းကို ပူပူလေးစားချင်ရင် ပြန်နွှေးလို့ လည်း ရပါတယ်...
……………………………………………………………………………..
လွမ်းဧကရီက သူနှစ်သက်တဲ့ မီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်းလေးတွေကို ပြပြီးတဲ့နောက်မှာ သူဘာအစားအစာတွေ နှစ်သက်လဲဆိုတာ ဆက်လက် ရှုစားပါအုန်းနော်…
……………………………………………………………………………….
အနုပညာရှင်တွေကတော့ သူတို့  စားလေ့ရှိတယ်ဆိုတဲ့ စားသောက်ဆိုင်တွေမှာ ရှယ်မှာစားနေတာတွေကို ပြသကြပါတယ်…


လွမ်းကတော့ ပိုက်ဆံအကုန်ခံပြီး မပြချင်ပါဘူး… :P


လွမ်းက မနက်စာကို ထမင်းကျော်စားရတာကို သဘောကျပါတယ်…


ပဲပြုတ်လေးပါရင် ပိုကောင်းတာပေါ့နော်… လွမ်းက ထမင်းကို နနွင်းလေးထည့်၊ ကြက်သွန်ဖြူလေး နဲနဲကြေအောင်ထောင်းထည့်၊ ဆီ၊ ဆား၊ အချိုမှုန့်  နဲနဲလေးကို ထည့်ပြီး မွှေပါတယ်…


Microwave Oven ထဲ ၃-မိနစ်ထားတာနဲ့  မနက်စာ ထမင်းကျော်လေး ရတာပါပဲ…



လွမ်း နှစ်သက်တဲ့ အစားအစာက ကန်စွန်းရွက်ကျော်ပါ… ကန်စွန်းရွက်ကို ပထမ ခြွေရပါတယ်… ခြွေရတာလဲ ပျင်းတယ်… အရိုးနုလေးတွေကို ဓါးနဲ့  နှစ်ခြမ်းခွဲပါတယ်… နောက် ကြက်သွန်ဖြူလေး နဲနဲကျေအောင် ထောင်းထည့်ပါတယ်... ကြက်သားမှုန့် ၊ ဆားနဲ့  ဆီ၊ ရေအနည်းငယ်ထည့်လိုက်ပါတယ်…


နောက် Microwave Oven ထဲမှာ ၃-မိနစ်ထားပါတယ်…

နောက်ပြန်ထုတ်ပြီး ခက်ရင်းလေးနဲ့  အရွက်တွေကို အထက်အောက် လှန်ပေးပါတယ်… နောက် Microwave Oven ထဲ ပြန်ထည့်ပြီး ၃-မိနစ် ထပ်ထားပါတယ်… ဒီအခါ စားချင်စဖွယ် ကန်စွန်းရွက်ကျော်လေး ရလာပါတယ်…


နောက် Favourite ဖြစ်တဲ့အစားအစာက Ready Made Tom Yam Noodle ပါ… Packing လိုက် ၀ယ်ထားတတ်ပါတယ်… ထမင်းမစားဖြစ်တဲ့အခါ စားတာပါ… လုပ်ရတာလဲ လွယ်တယ်လေ… ဆူနေတဲ့ ရေနွေးထဲ အထုတ်ထဲပါလာတာတွေ ဖောက်ထည့်ပြီး ပုဇွန်၊ ဂဏန်းသားလေးတွေကို ထည့်လိုက်တာပါပဲ…
အိမ်ထောင်ရှင်မကောင်း ဘယ်တော့မှ ဖြစ်မလာမဲ့ လွမ်းဧကရီ ဘာကို Favourite ဖြစ်တယ်ဆိုတာ ခုသိသွားပြီပေါ့နော်…
……………………………………………………………………………..
Celebrity လွမ်းဧကရီရဲ့ Favourite အစီအစဉ်လေးကို ဒီလောက်နဲ့ ပဲ ကျေနပ်နှစ်သိမ့်ကြမယ်လို့  ယူဆပါတယ်…


နောင်လာမဲ့ Celebrity Favourite အစီအစဉ်မှာ ဘယ်သူကများ တင်ဆက်သွားမယ်ဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါအုန်းလို့  ပြောပါရစေရှင်…


သည်းခံအားပေးကြတဲ့ စာဖတ်သူမောင်နှမများ ကိုယ်၊ စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာကြပါစေ…





လွမ်းဧကရီ
၁၁-၀၇-၂၀၁၁
စာရေးပြီးချိန်-နံနက် ၇း၁၂ နာရီ


No comments: