Monday, October 17, 2011

မိမိရေးသားသောစာ ဝေမျှနည်း၊ လင့်ချိတ်နည်း

မိမိရေးသားသောစာ ဝေမျှနည်း၊ လင့်ချိတ်နည်း


မိမိရေးသောစာကို သူငယ်ချင်းတွေကို ဝေမျှချင်ရင် နည်းနှစ်နည်း ရှိပါတယ်…


ပထမနည်းက စာပို့ ပြီး ဝေမျှတဲ့နည်းပါ…


ဒီနည်းမှာ မိမိသူငယ်ချင်းအားလုံးကို ပို့ မှာဖြစ်တဲ့အတွက် သူငယ်ချင်းများထံစာပို့ ရန် ကို ရွေးချယ်ပါမယ်…


Friends on this Network ကို Click လုပ်ထားပါမယ်…
သူငယ်ချင်းတွေကို ဝေမျှတဲ့အခါ အယောက်(၂၀၀)ထိပဲ ခွင့်ပြုထားပါတယ်…
သူငယ်ချင်းက အယောက် (၂၀၀)ထက် ပိုနေရင်တော့ ခွဲပို့ ရမှာ ဖြစ်ပါတယ်…


မိမိရေးသားသောစာကို သူငယ်ချင်းများက Click လုပ်ဖတ်နိုင်ရန် Link ချိတ်ပေးရင် ပိုကောင်းပါတယ်…


မိမိစာရဲ့ Link ကို ပေးလည်းရပါတယ်…


ကိုယ်ရေးတဲ့စာကို လင့်ချိတ်ပေးနည်း ကို အဆင့်ဆင့် ရေးသွားပါမယ်…


ပထမ မိမိရေးသားသောစာခေါင်းစဉ်ကို Select လုပ်ထားရပါမယ်…


Link ကို Click ပြုလုပ်ပါမယ်…



Link URL မှာ ပေါ်နေတဲ့ http:// ဆိုတာကို ဖျက်ထားလိုက်ပါမယ်…


မိမိရေးသားသောစာကို ဖွင့်လိုက်လျှင် Address Bar တွင်ပေါ်နေသည်က မိမိစာ၏ Link URL ပါပဲ…


Link ကို Select All လုပ်ပြီး Copy လုပ်ထားပါမယ်…


Link URL နေရာတွင် Paste ပြုလုပ်ပြီး OK လို့  ပြုလုပ်ပါမယ်…



ပုံတွင်ပြထားသည့်အတိုင်း ဖြစ်သွားမယ်ဆိုရင် သူငယ်ချင်း ဆိုတာကို Link ချိတ်ထားပြီး ဖြစ်နေပါလိမ့်မယ်…



Send ကို Click ပြုလုပ်တာနဲ့  သူငယ်ချင်းတွေဆီ စာရောက်သွားမှာ ဖြစ်ပါတယ်...

...................................................................................................................................

မိမိရေးသားသောစာကို ဝေမျှတဲ့ နောက်တစ်နည်းကတော့-


မိမိရေးသားထားသောစာရဲ့ အောက်ဆုံးနားမှာ ဝေမျှမယ် ဆိုတာရှိပါတယ်… Click ပြုလုပ်ပါ…






Choose from friends ဆိုတာကို Click လုပ်လိုက်ရင် မိမိသူငယ်ချင်းများ နာမည်ပေါ်လာပါလိမ့်မယ်…






Share This Page ကို Click လုပ်လိုက်တာနဲ့  သူငယ်ချင်းတွေကို ဝေမျှပြီး ဖြစ်နေပါလိမ့်မယ်…


ကွန်ပျူတာအသုံးပြုရင်း နည်းပညာများ တိုးတက်ကြပါစေ…






လွမ်းဧကရီ
၁၆-၁၀-၂၀၁၁
စာရေးပြီးချိန် - ည ၁၁း၃၀နာရီ




No comments: