Tuesday, October 18, 2011

ကျန်းမာရေးနဲ့  လွမ်းဧကရီ

ကျန်းမာရေးနဲ့  လွမ်းဧကရီ

ဘ၀မှာ အရေးအကြီးဆုံးဟာ ကျန်းမာရေးလို့  လွမ်းယူဆပါတယ်…

ကျန်းမာမှ ပညာသင်ကြားနိုင်မယ်၊ အလုပ်လုပ်နိုင်မယ်၊ ကစားနိုင်မယ်၊ တရားအလုပ်လုပ်နိုင်မယ်၊ အင်တာနက်သုံးနိုင်မယ်၊ သူငယ်ချင်းများနဲ့  ပျော်ရွှင်စွာနေနိုင်မယ်၊ မိသားစုနဲ့  ပျော်ရွှင်စွာ နေနိုင်ကြမှာပါ…

ဒီနေ့  မကျန်းမာလို့  ဆေးရုံတက်နေတဲ့ ဆရာမတစ်ယောက်ကို သတင်းမေးဖို့  ဗဟိုစည်ဆေးရုံကို သွားရောက်ခဲ့ပါတယ်…

လွမ်းတို့ သွားသတင်းမေးတဲ့နေ့ က ဆရာမက ခွဲစိတ်ပြီး ၄-ရက်မြောက်နေ့ ဆိုတော့ အစာစစားပြီး ကြည်ကြည်လင်လင်နဲ့  စကားပြောတဲ့အတွက် ၀မ်းသာရပါတယ်…

ဆရာမရဲ့ သမီးနှစ်ယောက်နဲ့  သားတို့ က လာရောက်ပြုစုပေးနေတာကို မြင်တွေ့ ခဲ့ရပါတယ်…

မိသားစုတစ်ခုမှာ မကျန်းမာသူတစ်ဦးရှိတာနဲ့  မိသားစုဝင်အားလုံး စိုးရိမ်ပူပန်မှုနဲ့  မအားလပ်အောင် ဖြစ်ရတော့တာပါပဲ…

လူနာသတင်းမေးပြီး ပြန်အလာ လွမ်းလည်း ကျန်းမာရေးဆောင်ပါးလေးတစ်ပုဒ် ရေးဦးမယ်လို့  စိတ်ကူးရခဲ့ပါတယ်…



ပြီးခဲ့တဲ့အပတ်မော်ဒန်ဂျာနယ်မှာ လူငယ်တစ်ယောက် နိုင်ငံခြားသွားဖို့  ဆေးစစ်တဲ့အခါ HIV ပိုး Positive လို့  အဖြေထွက်လာပါတယ်… လူငယ်က ကိုယ့်ကိုယ်ကို မဖြစ်နိုင်ဘူးဆိုတာ ယုံကြည်တဲ့အတွက် တခြား ဓါတ်ခွဲခန်းတစ်ခုမှာ ထပ်မံသွားစစ်တဲ့အခါ Nagative ဖြစ်တာကို အဖြေရပါတယ်… ဆောင်ပါးမှာ ပါတာက တစ်ချို့ သောဓါတ်ခွဲခန်းသုံးပစ္စည်းတွေဟာ ဟောင်းနေပြီဖြစ်တဲ့အတွက် အဖြေကို တိကျစွာ ထုတ်ပေးနိုင်မှာ မဟုတ်တော့ပါဘူး… ရောဂါတကယ်ဖြစ်လာပြီဆိုရင် မှန်မမှန် ဓါတ်ခွဲခန်းစစ်ဆေးတာကို ထပ်မံပြုလုပ်သင့်ကြောင်း အကြံဥာဏ်ပေးထားပါတယ်…

အဲဒီသတင်းလေးဖတ်ရတော့ လွမ်းရဲ့သူငယ်ချင်း အဖြစ်အပျက်လေးကို သွားသတိရမိပါတယ်…

သူငယ်ချင်းအမျိုးသမီးဟာ သွေးဆင်းတာများတဲ့အတွက် သားဖွားမီးယပ်အထူးကုနဲ့  ပြပါတယ်… Pap smear for cytology ဆိုတာကို စစ်ဆေးပါတယ်… အဖြေရလို့  ဆရာဝန်ကို ပြန်ပြတဲ့အခါ စိတ်ချရအောင် သားအိမ်ခြစ်ရမယ်လို့  ပြောပါတယ်… သူငယ်ချင်းက ကြောက်တတ်တော့ နောက်ဆရာဝန်တစ်ယောက်ကို ထပ်ပြပါတယ်… Pap smear ကိုပဲ ထပ်စစ်ပါတယ်… အဖြေက Normal smear ပါ… ဆရာဝန်က နှစ်စဉ်စစ်ဆေးဖို့ ပဲ ပြောပါတယ်…

ဒီအဖြစ်အပျက်လေးဟာ မော်ဒန်ဂျာနယ်က လူငယ်ဖြစ်ပုံနဲ့ ဆင်ပါတယ်…

ဓါတ်ခွဲခန်းအဖြေကို မသေချာဘူးလို့  စိတ်ကထင်ရင် ထပ်မံစစ်ဆေးသင့်ပါတယ်…

ဆရာဝန်ဆေးကုတယ်ဆိုတာ ဓါတ်ခွဲခန်းက အဖြေကို ကြည့်ပြီး ဆေးပေးကုသကြတာပါ…

နောက်အဖြစ်အပျက်လေးတစ်ခုကတော့ လွမ်းသူငယ်ချင်း အပျိုကြီးတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်…

အဲဒီ့အပျိုကြီးဟာ ဆရာဝန်သမီးဖြစ်တဲ့အတွက် ဆေးခန်းမှာ မိခင်ကို ကူညီရင်း ရောဂါဖြစ်လာရင် ဘာလုပ်သင့်တယ်ဆိုတာ အကုန်သိတဲ့အတွက် လွမ်း သာမန်ဖြစ်တဲ့ရောဂါဆိုရင် သူညွှန်ကြားတဲ့ ဆေးနဲ့  လွမ်းပျောက်သွားတာ များပါတယ်… Family Doctor လို ဖြစ်နေတာပါ…

အပျိုကြီးက တစ်ရက်မှာ ရေချိုးရင်း ရင်သားမှာ အကြိတ်လေး သွားစမ်းမိပါတယ်…

ဒါနဲ့  ကင်ဆာအထူးကုနဲ့  ပြကြည့်တဲ့အခါ စိတ်ချရအောင် ရင်သားကို ဖြတ်ဖို့  ဆရာဝန်က ဆုံးဖြတ်ခဲ့ပါတယ်…

အပျိုကြီးက ဆေးပညာဗဟုသုတရှိတဲ့သူဖြစ်တဲ့အတွက် သူ့ ရဲ့ ရင်သားကို mammogram သွားရိုက်ပါတယ်…

အဲဒီ့အခါ Breast Cancer လက္ခဏာကို မပြတဲ့အတွက် အဖြေကို ခွဲစိတ်မဲ့ဆရာဝန်ကို သွားပြန်ပြပါတယ်…

ဒီတော့မှ အကြိတ်ကိုပဲ ခွဲထုတ်ဖို့  ဆုံးဖြတ်ချက်ချပြီး အကြိတ်ခွဲထုတ် စစ်ဆေးတဲ့အခါ ရိုးရိုးအဆီကြိတ်ဖြစ်တယ်လို့  အဖြေရပါတယ်…

အပျိုကြီးက ဆရာဝန်ဆုံးဖြတ်တဲ့အတိုင်း လက်ခံလိုက်ရင် ရင်သားတစ်ဖက် ဆုံးရှုံးရမဲ့အဖြစ်ပါ…

ဒီအဖြစ်အပျက်လေးကို သုံးသပ်ရင် ဆရာဝန်ဆုံးဖြတ်ချက်ကိုချည်း လိုက်နာနေလို့  မဖြစ်ဘူး… မိမိကိုယ်တိုင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာကိုတော့ အနည်းနဲ့ အများ သိထားသင့်တယ်လို့  ယူဆပါတယ်…

နောက်အဖြစ်အပျက်တစ်ခုက လွမ်းလုပ်ခဲ့တဲ့ရုံးမှာ အမျိုးသမီးတစ်ဦးဟာ ကလေးမွေးပါတယ်… အသက်ကြီးမှ ကလေးမွေးတဲ့အတွက် ကလေးမွေးပြီး အားအင်ကုန်ခမ်းတဲ့အတွက် အချိုရေလို့  ခေါ်တဲ့ ဂလူးကို့ စ် သွင်းပါတယ်… ဆေးသွင်းပြီး တစ်ကိုယ်လုံးဖောယောင်ပြီး ဆုံးသွားပါတယ်… အမျိုးသမီးဟာ ဆီးချိုရောဂါရှိနေတာပါ… ဒါကို လူနာက မပြောတဲ့အတွက် အချိုရေသွင်းတဲ့အခါ သွေးထဲမှာ အချိုဓါတ်များပြီး ဆုံးသွားတာပါ… ကလေးငယ်လေးဟာ မိခင်မဲ့ ဖြစ်ခဲ့ရပါတယ်…

ဒီအဖြစ်အပျက်လေးကို သုံးသပ်ရင် လူနာရှင်ဟာ မိမိမှာရှိတဲ့ရောဂါအခြေအနေကို ကုသမဲ့ဆရာဝန်ကို ပြောပြသင့်တယ်လို့  ထင်ပါတယ်…

လွမ်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ တစ်ရက်သောနံနက်ခင်း အိပ်ရာကအထမှာ ညာဖက်မျက်လုံးထောင့်မှာ နီရဲနေတာကို တွေ့  လိုက်ရပါတယ်…

လွမ်းလုပ်ရတဲ့အလုပ်က ၈-နာရီ ရုံးကိုရောက်တာနဲ့  Computer စဖွင့်ပြီး Data တွေထည့်၊ ဇယားတွေဆွဲရတာပါ… နေ့ လည်တစ်နာရီ ထမင်းစားချိန်ပဲ နားပါတယ်… ညနေ ၅-နာရီထိ အလုပ်လုပ်ရပါတယ်… အိမ်ပြန်ရောက်တော့လည်း အခန်းထဲဝင်လိုက်တာနဲ့ Computer ကို ဖွင့်ပြီးမှ အင်္ကျီလဲတတ်ပါတယ်… တစ်နေ့ လုံး Computer သုံးတတ်တာမို့  မျက်လုံးရဲနေတာကို တွေ့ တော့ လန့်  သွားပါတယ်…

Computer နဲ့  အလုပ်လုပ်နေရတာ မျက်လုံးတစ်ခုခုဖြစ်ရင်တော့ သွားပါပြီဆိုတဲ့ စိုးရိမ်စိတ်ကလည်း ၀င်လာပါတယ်…

ရုံးနောက်ကျမယ်ဆိုတာ ဖုံးဆက်ပြီး American Vision ဆေးခန်းကို သွားပြပါတယ်…

လွမ်းမှာ Pressure ရှိတဲ့အတွက် Pressure ကြောင့် မျက်လုံးအိမ်အပေါ်မှ သွေးကြောမျှင်လေးများ ပေါက်သွားခြင်းဖြစ်တယ်လို့  ဆရာဝန်က ရှင်းပြပါတယ်… Computer သုံးတာနဲ့  မသက်ဆိုင်ကြောင်း ပြောပြပါတယ်…

ဒါနဲ့  ရုံးပိတ်ရက်မှာ အလုံနီနီဆေးကုခန်းမှာ ထိုင်တဲ့ အထူးကုဆရာဝန်နဲ့  ပြပါတယ်… ထုံးစံအတိုင်း သွေးစစ်၊ ဓါတ်မှန်ရိုက်၊ ECG ဆွဲခိုင်းပါတယ်… အဖြေရရင် ပြန်ပြခိုင်းပါတယ်… နီနီဆေးကုခန်းက ဓါတ်ခွဲခန်းသုံးပစ္စည်းတွေ အသစ်တပ်ဆင်ထားတယ်လို့  သတင်းရလို့  အဲဒီ့ဆေးခန်းကို ရွေးချယ်ရတာပါ… ECG နဲ့  ဓါတ်မှန်အဖြေများက ကောင်းပါတယ်…

သွေးအဖြေရတဲ့အခါမှာတော့ လွမ်းရဲ့သွေးမှာ အဆီဓါတ်ဟာ ရှိသင့်တာထက် များနေတာကို တွေ့  ရပါတယ်…

ဘာကိုစစ်လို့ သိတာလဲဆိုရင် Triglycerides ပါ… အင်တာနက်မှာ ရှာကြည့်တဲ့အခါ -

What are triglycerides?
Triglycerides are a type of fat found in your blood. Your body uses them for energy.
You need some triglycerides for good health. But high triglycerides can raise your risk of heart disease and may be a sign of metabolic syndrome.

Metabolic syndrome is the combination of high blood pressure, high blood sugar, too much fat around the waist, low HDL ("good") cholesterol, and high triglycerides. Metabolic syndrome increases your risk for heart disease, diabetes, and stroke.
A blood test that measures your cholesterol also measures your triglycerides. For a general idea about your triglycerides level, compare your test results to the following:
  • Normal is less than 150.
  • Borderline-high is 150 to 199.
  • High is 200 to 499.
  • Very high is 500 or higher.
What causes high triglycerides?
High triglycerides are usually caused by other conditions, such as:
  • Obesity.
  • Poorly controlled diabetes.
  • An underactive thyroid (hypothyroidism).
  • Kidney disease.
  • Regularly eating more calories than you burn.
  • Drinking a lot of alcohol.

လွမ်း… မျက်လုံးရဲလာတာကိုပဲ ကျေးဇူးတင်နေရပါတယ်… ဒါကြောင့်မို့ သာ ဆေးစစ်ဖြစ်တာပါ… လွမ်းရဲ့ Triglycerides Result က 500 ဖြစ်နေတာပါ… ဆရာဝန်တောင် အဖြေကြည့်ပြီး လန့် သွားပါတယ်… လွမ်း ဆေးကုသမှုခံယူတာ မြန်လို့  ပါ… ခုဆို Result က 116 ဖြစ်တဲ့အတွက် <150 ဖြစ်သွားပါပြီ… Triglycerides မြင့်နေရင် နှလုံးရောဂါ၊ ဆီးချိုရောဂါ ဖြစ်နိုင်ပြီး လေဖြတ်နိုင်ပါတယ်…

အရက်များစွာသောက်ရင်လည်း Triglycerides မြင့်နိုင်တယ်ဆိုတဲ့ အချက်ပါတယ်ဆိုတာ သတိထားမိမှာပါ… အရက်သောက်တတ်တဲ့ သူငယ်ချင်းတွေကို သတိပေးတာပါ…

နောက် လွမ်းကို HbA1C ဆိုတာ စစ်ပါတယ်… ဖေဖေနဲ့  မေမေက ဆီးချိုရောဂါရှိတဲ့အတွက် မျိုးရိုးဗီဇအရ လွမ်းမှာလည်း ဆီးချိုရောဂါရှိနိုင်လို့ ပါ… HbA1C ကိုစစ်ရင် လွန်ခဲ့တဲ့ နှစ်လအတွင်းက သွေးထဲက အချိုဓါတ်ကို သိနိုင်တာပါ…

(HbA1C Reference: 4.2 – 6.5%)
<6.5% indicates good diabetic control
6.5 – 8.0% indicates fair diabetic control
>8.0% indicates poor diabetics control

အင်တာနက်မှာရှာကြည့်တဲ့အခါ -


HbA1c is a test that measures the amount of glycated hemoglobin in your blood. Your doctor may order this test if you have diabetes.
You have more glycated hemoglobin if you have had high levels of glucose in your blood. In general, the higher your HbA1c, the higher the risk that you will develop problems such as:
  • Eye disease
  • Heart disease
  • Kidney disease
  • Nerve damage
  • Stroke
HbA1C မြင့်ရင် ဖြစ်နိုင်တဲ့ ရောဂါများကလည်း ကြောက်စရာကောင်းပါတယ်… လွမ်းရဲ့ Result က 6.5 ဖြစ်လို့  Good Diabetic Control ပါ… ဆရာဝန်က Reference ရဲ့ Upper Limit ဖြစ်နေလို့  မကြိုက်ပါဘူး… ဒီ့ထက် လျော့အောင် ဆေးသောက်ခိုင်းပါတယ်…

လွမ်းက Blood Glucose Test Meter ကို ၀ယ်ထားပြီး မိမိဖာသာ သွေးဖောက်စစ်ပါတယ်… အစားအသောက်ကို Control လုပ်နေရပါတယ်… လွမ်းရဲ့ မေမေက အသက် ၇၇-နှစ်ရှိပါပြီ… မေမေ့ကိုလည်း Blood Glucose Test Meter ၀ယ်ပေးထားပြီး ဘယ်လိုစစ်ရတယ်ဆိုတာ မေမေ့ကို သင်ပေးထားတဲ့အတွက် မေမေက သူကိုယ်တိုင် စစ်တတ်နေပါပြီ…



Wrist Type Digital Blood Pressure Monitor ကိုလည်း ၀ယ်ထားပြီး သွေးတိုးရှိမရှိကိုလည်း တိုင်းတာစစ်ဆေးပါတယ်… ဒီပစ္စည်းလေးတွေဟာ ကျန်းမာရေးအတွက် ဆောင်ထားသင့်တဲ့ ကိရိယာလေးတွေပါပဲ…

ကျန်းမာရေးဟာ လူတိုင်းအတွက် အရေးကြီးတဲ့အတွက် ကျန်းမာရေးကို ဂရုစိုက်ပြီး ရောဂါမဖြစ်ပွားဖို့  ကြိုတင်ကာကွယ်တဲ့အနေနဲ့  အစားအသောက်၊ အနေအထိုင်များ ဆင်ခြင်သတိပြုနေထိုင်နိုင်ကြပါစေ။

ပြည်တွင်း၊ ပြည်ပမှ သူငယ်ချင်းများအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြပါစေ။

လူသားများအားလုံး ကျန်းမာကြပါစေ။







လွမ်းဧကရီ
၁၅-၀၅-၂၀၁၁
စာရေးပြီးချိန် ၁၈း၂၀ နာရီ


No comments: