Friday, September 16, 2011

Double Tun အား ကျေးဇူးတင်ရှိခြင်း

Double Tun အား ကျေးဇူးတင်ရှိခြင်း



ဦးစွာ လွမ်း MM Flash Song ကို ရောက်လာခဲ့ပုံလေးကို ပြောပြချင်ပါတယ်…


လွမ်းက Ning Network တွေ စတင်ပေါ်ပေါက်လာကတည်းက ခံစားချက် အလွမ်းစာလေးတွေကို ရေးနေတဲ့ Online Writer တစ်ဦးပါ…


တစ်ရက်မှာ လွမ်းရေးသားထားတဲ့ ၂၀၁၁-ခုနှစ်၊ အချစ်သ၀ဏ်လွှာကို Flash File လုပ်ထားတာကို တွေ့  လိုက်ရပါတယ်…


Online Friends တွေဆီ လိုက်လံစုံစမ်းရာမှ MM Flash Song ကို တွေ့ ရှိပြီး ၂၀၁၁-ခုနှစ်။ ဇူလိုင်လ (၂၆)ရက်နေ့ မှာ ၀င်ရောက်ခဲ့ပါတယ်…


ရောက်စမှာပဲ Double Tun ကို သူငယ်ချင်းအဖြစ် Add တဲ့အခါ လက်ခံခဲ့ပါတယ်…


၂၀၁၁-ခုနှစ်၊ အချစ်သ၀ဏ်လွှာကို Double Tun က Forward Mail မှ ရခဲ့ကြောင်း၊ နှစ်သက်တဲ့အတွက် ပျော်ရွှင်စရာအဖြစ် Flash File ကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြပါတယ်…


ရေးသူမှာ လွမ်းဧကရီမှန်း Double Tun မသိပါ…



MM Flash Song ကို ၀င်တဲ့အခါ မိသားစုဝင်များအတွက် Ning Network နည်းပညာလေးတွေကို လွမ်း ရေးတင်ပေးခဲ့ပါတယ်…


ဝင်ရောက်ကတည်းက Flash File လုပ်တာကို စိတ်ဝင်စားခဲ့ပါတယ်…


MM Flash Song မှာ တင်ထားသမျှတွေ Download လုပ်၊ စာဖတ်၊ မသိတာတွေကို Double Tun ကို မေးမြန်းခဲ့ပါတယ်…


လွမ်းရေးတဲ့စာကို Flash File လုပ်ထားတဲ့ Double Tun ကို စာထဲကအတိုင်း ကိုကို လို့  ခေါ်ပေမဲ့ လွမ်းရဲ့ Online Teacher တစ်ယောက်ပါ…


Double Tun က လွမ်းမေးသမျှကို စိတ်ရှည်လက်ရှည် ရှင်းပြပါတယ်…


လွမ်း မှ မဟုတ်ပါဘူး… Flash Song နဲ့  ပတ်သက်ပြီး လာမေးသူတိုင်း ပြန်လည်ဖြေကြားပေးနေသူ တစ်ဦးပါ…


ပထမဆုံးခြေလှမ်းအဖြစ် အလွမ်းမှတ်တမ်း ဆိုသော Flash File လေးကို လွမ်း… စတင်ပြုလုပ်ခဲ့ပါတယ်…


ဒုတိယခြေလှမ်းအဖြစ် လွမ်း နှစ်သက်တဲ့ အိပ်မက်မဖြစ်နိုင်ဘူး ဆိုတဲ့ သီချင်းလေးကို Flash Song လေးအဖြစ် ဖန်တီးခဲ့ပါတယ်…


အိပ်မက်မဖြစ်နိုင်ဘူး သီချင်းလေးကို နားထောင်ရင်း အိပ်မက်မဖြစ်ချင်ဘူး ဆိုတဲ့ ကဗျာလေးကို လွမ်း… ရေးဖြစ်ခဲ့တာပါ…


လွမ်းစက်ထဲမှာ Zawgyi One Font တစ်မျိုးတည်းရှိတာကြောင့် Zawgyi One Font နဲ့ ပဲ ရိုးရိုးရှင်းရှင်းလေး လုပ်ထားတာကို သူငယ်ချင်းတို့  ဝေမျှခံစားစေရန် တင်ပြခြင်းဖြစ်ပါတယ်…


Flash Song သီချင်းလေး လုပ်တတ်အောင် သင်ကြားပေးသော ဆရာ Double Tun အား ကျေးဇူးတင်ရှိပါကြောင်း ဒီစာလေးဖြင့် ဂါဝရပြုပြောကြားလိုပါတယ်…


Flash Song လုပ်နည်းပညာကို မျှဝေပေးသော ဆရာ Double Tun တစ်ယောက် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့  လောကီ၊ လောကုတ္တရာအကျိုးသယ်ပိုးရင်း လိုအင်ဆန္ဒများ ပြည့်ဝပါစေလို့  ဆုတောင်းပေးပါတယ်…


လွမ်းရဲ့ ဒုတိယခြေလှမ်း Flash Song လေးကို နားဆင်ခံစားကြည့်ပါနော်…













လွမ်းဧကရီ
၀၇-၀၉-၂၀၁၁
စာရေးပြီးချိန်-ည ၁၁း၅၅ နာရီ

No comments: