Thursday, September 15, 2011

၂၀၁၁-ခုနှစ် အချစ်သဝဏ်လွှာ


၂၀၁၁-ခုနှစ် အချစ်သဝဏ်လွှာ


ကိုကိုရေ

ကိုကို့ကို လွမ်းလို့ စာရေးလိုက်တာ… ကိုကို့ကို ပြောစရာတွေ အများကြီးရှိတယ် ကိုကို…

ကိုကိုနဲ့ ချစ်လေးတို့ရဲ့ ရှေ့ရေးအတွက် ကိုကို ဘယ်လိုစဉ်းစားထားလဲ ဟင်…

ချစ်အကြောင်းကို ကိုကို သိအောင် ပြောပြမယ်နော်…

ချစ်က  တစ်ဦးတည်းသောသမီးဆိုတော့ မေမေတို့က ချစ်ကို အရမ်းချစ်တာလေ…

ချစ်ကို မေမေတို့ထားတဲ့ ပုံစံလေးကို ကိုကို့ကို ဓာတ်ပုံနဲ့ ပြမယ်…



ဒါက ချစ်ရဲ့ အိပ်ခန်းလေး

ဒါက ချစ် TV ကြည့်တဲ့ နားနေခန်း

သွားချင်တဲ့အချိန် သွားလို့ရအောင်ချစ်စီးရအောင် ပေးထားတဲ့ကားလေး

ချစ်အသုံးပြုဖို့ အိမ်မှာ အင်တာနက်ဆက်သွယ်ထားတဲ့ Computer အခန်းလေး


အင်တာနက်သုံးလို့ ကိုကိုနဲ့ ချစ်သူဖြစ်ခဲ့ကြတာလေ… အင်တာနက်ဖူးစာ လို့ ပြောလို့ ရတာပေါ့နော်…

ကိုကိုက နိုင်ငံခြားမှာ အလုပ်လုပ်နေတော့ ချစ်နဲ့ ကိုကို အတူနေဖို့ ကြိုးစားရမယ်…

ကိုကိုက ချစ်မေမေထားတာထက် သာအောင် ချစ်ကို ထားရမယ်…

ဒါမှ ချစ်ပိုင်ဆိုင်တာတွေ အကုန်စွန့်လွှတ်ပြီး ကိုကို့နောက်ကို လိုက်ခဲ့မှာ…

ရှေးဟောင်းဓာတ်ပြားထဲကလို တူနှစ်ကိုယ်တဲအိုပျက်မှာ နေရနေရ လို့ ချစ်က ပြောမှာမဟုတ်ဘူးနော်…

ချစ်က IT ခေတ်မှာ မွေးလာတာဆိုတော့ Computer Brain ပါလာတာလေ…

ချစ်လေးတို့ လက်ထပ်ရင် သတို့သမီးဝတ်စုံကို အိန္ဒြာကျော်ဇင်ထက် သာအောင် ကိုကို မှာပေးရမယ်နော်…



ချစ်သတို့သမီးဝတ်စုံကို အိန္ဒြာကျော်ဇင်ထက် သာအောင် ဒီလိုလေး မှာမလားလို့…. :P


ချစ်နဲ့ ကိုကို နေမဲ့တိုက်ကိုလည်း ဒီလိုလေး ဆောက်ချင်တာ… 

ကိုကို့ကို သနားလို့… ဒီလိုလေးပဲ နေနိုင်အောင် ကြိုးစားကြတာပေါ့။

ပျားရည်ဆမ်းခရီးကိုလည်း နိုင်ငံစုံ လျှောက်လည်ကြတာပေါ့နော်…

ချစ်လေးစာကို ဖတ်ပြီး သေပြီဆရာ လို့တော့ မအော်လိုက်ပါနဲ့နော်…

ကိုကို့ပြန်စာကို စောင့်နေပါ့မယ်…


ကိုကို့ရဲ့
ချစ်လေး






လွမ်းဧကရီ
၁၂-၀၃-၂၀၁၁

နံနက် ၁၂:၄၀ နာရီ

မှတ်ချက်။ အင်တာနက်ပုံများ အသုံးပြုပြီး ရီစရာဟာသအနေဖြင့် ရေးတင်ခြင်း ဖြစ်ပါသည်။
Credit: Photos from Internet

No comments: